The Lotus Flowers and Baby

Have a nice day!

မိုးအကုန် ဆောင်းအကူးမှာ ကျန်းမာရေး အထူး ဂရုစိုက်ကြဖို့ ပထမဦးစွာသတိပေးလိုပါတယ်။
မနေ့က တောထဲက ရေအိုင်တစ်ခုမှာ ကြာပန်းငယ်တွေ အစီအရီ ငွါးငွါးစွင့်စွင့် လှပစွာ ပွင့်နေတာ မြင်ရတော့ မျက်စိပသာဒ သာယာလှပါတယ်။

img_0.13364998983526857.jpg

ဒါနဲ့ပဲ အိမ်က ဘုရားမှာ ပန်းကပ်လှူရန် ကြားပန်းတွေ ခူးယူဖြစ်ခဲ့တယ် ဆိုပါတော့။

img_0.0353544474126324.jpg

ဒီကြာပန်းတွေက မိုးရာသီမှာ လှိုင်လှိုင်ပွင့်ကြတာပါ။
ခု မိုးကုန်ခါနီးထိ ပွင့်လှနေကြရှာဆဲပါပဲ။

ကြာပန်းတွေ မြင်ရတော့ ဆိုခဲ့ဖူးတဲ့ သီချင်းလေး သတိတရ ဆိုညည်းမိပါရဲ့။

💮မိုးရေ တက်ရေ တဖွေးဖွေး 🎶ကွင်းကျယ် အဝေးဝေး⭐
🎶လယ်စောင့်တဲလေး ခြေတံရှည် 🎶မိုးကုပ်အောက်မှာနေ
🌺ကြာဖြုတစ်ပွင့် အနီတစ်ပွင့် 🌷တဲနဲ့ပဏာတင့်တယ်လို့
🎶ကျောင်းစာတွေ အော်ကျက်ရင်းနဲ့ မိအေးနဲ့ တို့အဖော်တွေ💕
💮ကျောင်း အပြန် လယ်ကွက်ထဲ မိုးထဲရေထဲ 🎶ပျော်လည်း ပျော်ကြတယ်။

img_0.8611291314885747.jpg

ကြာတတ်တာတွေ မကြာစေဖို့ ဘုရားမှာ ကြာပန်းတွေ ကပ်လှူရင်း ဆုတောင်းလိုက်ရပါတယ်။

မြန်မာနိုင်ငံသား ဒီမိုကရေစီမြတ်နိုးသူများ ဘေးရန်ကင်းကွာ ငြိမ်းချမ်းသာယာနိုင်ကြပါစေ။

@walarhein

H2
H3
H4
3 columns
2 columns
1 column
13 Comments
Ecency