My Situations in Myanmar and HIVE Blockchain

Hello.
At the end of one month, the next month has begun.
Should we reconsider what we have gained at the end of each month?

img_0.1681100936605335.jpg

I spend most of my time on HIVE Blockchain and Facebook.

Spending time on Facebook is getting political news.
Because we are going through a military coup and a bad political situation in Burma.
I had to stay in home because the third wave of Covid-19 pandemic was hitting our people badly.
Isn't it wonderful to spend time on social media?

Spending time on HIVE Blockchain is very rewarding.
Because it is a platform that collects cryptocurrencies for my future financial goals.

So, I opened HiveStats
and looked at my 30 Day Rewards.
HiveStats lists both HIVE and LEO in Reward status.

My 30 days HIVE rewards are
Curation HP 14.50, Author HP 32.02 and HBD 7.31.

My 30 day LEO
rewards are 141.69 LEO.

My 30 days HIVE and LEO rewards are $ 25.47 and $ 35.71 in USD $, so the total value is $ 61.18.

So, my average daily income on HIVE Blockchain is $ 2.039.
$ 2.039 is enough for one of my basic meals.

Therefore, it is good to have a daily allowance for food in Burma, which is now suffered by civil war, pandemic, and economic collapse.

Thank you for everything.

Tin Aung Soe

[Burmese]
မင်္ဂလာပါ။
တစ်လကုန်ဆုံးတော့ နောက်တစ်လ အစ ရောက်ခဲ့ပြန်ပါပြီ။
တစ်လတစ်လ ကုန်ဆုံးခဲ့တဲ့ အချိန်တွေမှာ ဘာတွေ အကျိုးအမြတ် ရရှိခဲ့လဲ ဆိုတာ ပြန်လည် ဆန်းစစ်သင့်တယ် ဟုတ်တယ်မလား။

ကျွန်တော်ကတော့ HIVE Blockchain and Facebook မှာပဲ အချိန်တွေ ကုန်ဆုံးနေရတာ များပါတယ်။

Facebook ‌မှာ အချိန် အကုန်ခံနေရတာက နိုင်ငံရေးသတင်း သိရဖို့ပါ။
ကျွန်တော်တို့ မြန်မာနိုင်ငံက စစ်အာဏာသိမ်းခံရပြီး ဆိုးဝါးတဲ့ နိုင်ငံရေးအခြေအနေကို ဖြတ်သန်းနေကြရတာကြောင့်ပါ။
Covid-19 pandemic တတိယလှိုင်းက ကျွန်တော်တို့ပြည်သူတွေကို ဆိုးဝါးစွာ ရိုက်ခတ်နေသောကြောင့် ကျွန်တော်လည်း အိမ်ထဲမှာပဲ အောင်းနေရပါတယ်။
ဒီတော့လည်း Social Media တွေပေါ်မှာ အချိန်ကုန်နေရတာ မဆန်းဘူး မဟုတ်လား။

HIVE Blockchain မှာ အချိန် အသုံးပြုနေရတာကတော့ အကျိုးအမြတ် ရှိလှပါတယ်။
ကျွန်တော်၏ အနာဂတ် ငွေရေးကြေးရေး ပန်းတိုင် အတွက် Cryptocurrencies စုဆောင်းနေဖြစ်တဲ့ Platform တစ်ခု ဖြစ်လို့ပါပဲ။

ဒါနဲ့ပဲ HiveStats ကို ဖွင့်ကြည့်ကာ ကျွန်တော်၏ ရက် ၃၀ Rewards များကို လေ့လာကြည့်ဖြစ်ခဲ့ပါတယ်။
HiveStats ထဲမှာ Reward အခြေအနေမှာ HIVE and LEO နှစ်မျိုးကို ဖော်ပြပေးထားပါတယ်။

ကျွန်တော်၏ ရက် ၃၀ HIVE rewards မှာ
Curation HP 14.50 , Author HP 32.02 and HBD 7.31 တို့ဖြစ်ကြသည်။

ကျွန်တော်၏ ရက် ၃၀ LEO rewards မှာ
141.69 LEO ဖြစ်သည်။

ကျွန်တော်၏ ရက် ၃၀ HIVE and LEO rewards မှာ USD$ အားဖြင့် 25.47$ and 35.71$ ဖြစ်သောကြောင့် စုစုပေါင်းတန်ဖိုးမှာ 61.18$ ဖြစ်သည်။

သို့ဖြစ်၍ HIVE Blockchain မှာ ကျွန်တော်၏ Average Daily Income မှာ 2.039$ ဖြစ်သည်။
2.039$ သည် ကျွန်တော် တစ်ယောက်၏ အခြေခံစားသောက်စရိတ်ကိုတော့ လုံလောက်ပါသည်။

ထို့ကြောင့် ယခုအချိန်ကဲ့သို့ စစ်ဘေး၊ရောဂါဘေး၊စီးပွားပျက်ဘေး ကြုံနေရသော မြန်မာနိုင်ငံအတွင်း၌ နေ့စဉ် စားသောက်စရိတ် ရရှိနိုင်သည်မှာ ကောင်းခြင်းတစ်ခုဟုသာ ပြောလိုက်ရပါတယ်။

အရာအားလုံး အတွက် ကျေးဇူးတင်ပါတယ်။

တင်အောင်စိုး

H2
H3
H4
3 columns
2 columns
1 column
14 Comments
Ecency