My Saving Style

Hey Friends ...
Have a nice day!

img_0.4301908580194916.jpg

I am working as medicine seller at my pharmacy in a rural village for professional job.
I do not have a lot of capital, so I can not do a big job yet.
But just because I do not have a lot of capital does not mean that I do not have big dream.
I have a dream to start my own business.
So I save money.

I make a living by trading medicines.
I have to manage that daily income.
Without a little money management, you will not be able to manage a lot of money.
It is not easy to get rich without financial management.

Therefore, my income is managed as three types of

  1. Money to buy medicine as investment;
  2. Expenses and
  3. Saving Money .

img_0.22691138144430578.jpg

What I will share today is about Saving Money.
I used a traditional Money Savings Pot made of clay.
Every week I put some of my earnings into that savings pot.
Now, this savings are one year old, let's break it down.

img_0.9788401011363485.jpg

I put 10,000 MMK a week into that savings pot, and a year later, I was able to save almost MMK 500,000 Kyats.
Near MMK 500000 is equivalent to almost USD $ 375.

img_0.8484947077406135.jpg

I plan to buy Gold with the money I have earned after dismantling this savings pot.
If I collect Gold and make a profit, I will sell it. I will save Money to get enough capital to build a Business.

This is just the initial Saving Style of money for the common man's dream of the future.

What do you do?

Thank you for everything.

Tin Aung Soe

img_0.7744424251080082.jpg

ကျွန်တော်သည် ကျေးလက်တောရွာတစ်ရွာ၌ ဆေးဆိုင် ဖွင့်ကာ ဆေးဝါးရောင်းချခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုနေပါတယ်။
ငွေအရင်းအနှီး အမြောက်အများ ပိုင်ဆိုင်ထားခြင်း မရှိသောကြောင့် အလုပ်ကြီးအကိုင်ကြီး မလုပ်ကိုင်နိုင်သေးပါ။
သို့သော် အရင်းအနှီးများစွာ မရှိဟုဆိုကာ အိပ်မက်ကြီးကြီးမားမား မရှိသူတော့ မဟုတ်ပေ။
ကျွန်တော့်မှာ ကိုယ်ပိုင်လုပ်ငန်းကြီးတစ်ခု တည်ထောင်ရန် အိပ်မက်တစ်ခု ရှိပါတယ်။
ထို့ကြောင့် ကျွန်တော် ငွေစုနေပါတယ်။

ကျွန်တော်သည် ဆေးဝါး အရောင်းအဝယ် လုပ်ကိုင်နေသဖြင့် နေ့စဉ် ဝင်ငွေ ရှိပါတယ်။
ထိုနေ့စဉ်ဝင်ငွေကို စီမံခန့်ခွဲမှု လုပ်ဆောင်ရပါတယ်။
ငွေအနည်းငယ် ဆိုပြီး ငွေကြေးစီမံခန့်ခွဲမှု မလုပ်ဆောင်ထားပါက ငွေကြေးများစွာကိုလည်း စီမံခန့်ခွဲမှု လုပ်နိုင်မည် မဟုတ်ပေ။
ငွေကြေးစီမံခန့်ခွဲမှု မလုပ်ဆောင်ပါက ချမ်းသာကြွယ်ဝရန် မလွယ်ကူပေ။

ထို့ကြောင့် ကျွန်တော်၏ ဝင်ငွေကို
၁. အရင်းအနှီး အဖြစ် ဆေးဝါးဝယ်ယူရန် ငွေ၊
၂. အသုံးစရိတ် နှင့်
၃. စုဆောင်းငွေ ဟူ၍ သုံးမျိုး ခွဲခြားထားပါတယ်။

ယနေ့ ကျွန်တော် မျှဝေပေးမှာကတော့ စုဆောင်းငွေ ဖြစ်ပါတယ်။
ကျွန်တော်သည် ရှေးရိုးရာ ငွေစုသည့် ပုံစံ မြေဖြင့် ပြုလုပ်ထားသော ငွေစုအိုး ကို အသုံးပြုခဲ့ပါတယ်။
ထိုငွေစုအိုး ထဲသို့ ကျွန်တော်၏ ဝင်ငွေထဲမှ ငွေအချို့ကို စုဆောင်းငွေ အဖြစ် အပတ်စဉ် ထည့်ခဲ့ပါတယ်။
ယခုအခါ ၎င်းစုဆောင်းခြင်း တစ်နှစ်ပြည့်ပြီ ဖြစ်သောကြောင့် ထိုငွေစုအိုးကို ခွဲလိုက်ပါတော့သည်။

ကျွန်တော်သည် ထိုငွေစုအိုးထဲသို့ တစ်ပတ်လျှင် မြန်မာငွေ ၁၀၀၀၀ ကျပ်နှုန်း ထည့်ခဲ့သည် ဖြစ်သောကြောင့် တစ်နှစ်အကြာ၌ MMK 500000 နီးပါး စုဆောင်းနိုင်ခဲ့ပါတယ်။
MMK 500000 နီးပါသည် USD $ 375 နီးပါး နှင့် ညီမျှပါတယ်။

ကျွန်တော်သည် ယခုကဲ့သို ငွေစုအိုးကို ခွဲပြီးသောအခါ ရရှိလာသော စုဆောင်းငွေများဖြင့် ရွှေ ဝယ်ယူရန် စီစဉ်ထားပါတယ်။
ရွှေ စုဆောင်းပြီး အမြတ်ရလျှင် ပြန်ရောင်းချမည် ဖြစ်သလို၊ ကိုယ်ပိုင်လုပ်ငန်းကြီး တစ်ခု တည်ထောင်ရန် လုံလောက်သော အရင်းအနှီး ပမာဏ ရသည်ထိ စုဆောင်းရပါမည်။

ဤသည်မှာ သာမန်လူတန်းစားတစ်ဦး၏ အနာဂတ်အိပ်မက်ကြီး အတွက် အစဦး ငွေစုဆောင်းခြင်း ပုံစံမျှသာ ဖြစ်ပါတယ်။

သင်တို့ရော အဘယ်သို့ လုပ်ဆောင်ကြပါသလဲ။

အရာအားလုံး အတွက် ကျေးဇူးတင်ပါတယ်။

တင်အောင်စိုး

H2
H3
H4
3 columns
2 columns
1 column
8 Comments
Ecency