Finance And Internet

The Covid-19 epidemic has caused a global recession.
When we, in addition to Covid, were in a military coup in Burma, not only did the economy go down, but so did our jobs.

img_0.23968302585637588.jpg

At the beginning of the military coup, I took part in protests and was not interested in earning a living.
As a result, I did not spend much time on LeoFinance and HIVE Blockchain.
Later, the Internet connection was bad. I can't make money online because I am often hacked.

It has been five days since the terrorist army cut off the Internet.
However, those who have WiFi internet can access the Internet.
So I went to a place where I could use WiFi internet to get information using the Internet.

But I can not use Hive-engine, Leodex and HIVE wallets.
Is this due to an Internet connection?
When hive-engine and Leodex are not available, I can not trade and stake Tribe Tokens.

Also, when I do not have access to the Internet on my own phone, I do not have much time to read Crypto Knowledge.
Due to the need to protect Covid, public areas with WiFi access may not be available for long periods of time.

At that time, I could not discuss crypto and finance by commenting on each other on LeoFinance.
Then my LEO Reward Income decreased.

The year 2021 is starting to be a lucky year for people in LeoFinance and HIVE Blockchain.
This is because the prices of LEO and HIVE are soaring.
But for me, I can not use the Internet well ...

What do you think?

Thank you for everything.

Tin Aung Soe

Covid-19 ကပ်ရောဂါကြောင့် ကမ္ဘာတဝန်း စီးပွားရေး ကျဆင်းမှု တွေ့ကြုံကြရပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Covid အပြင် စစ်အာဏာသိမ်းမှု ခံကြရသောအခါ စီးပွားရေး ကျဆင်းရုံသာမက အလုပ်အကိုင်များပါ ရပ်တန့်သွားသလို ဖြစ်နေပါပြီ။

စစ်အာဏာသိမ်းမှု အစမှာတော့ ကျွန်တော်သည် ဆန္ဒပြပွဲများ၌ ပါဝင်ရင်း အလုပ်အကိုင် ဝင်ငွေရလမ်းကို စိတ်မပါဘဲ ရှိနေခဲ့ပါတယ်။
သို့ဖြစ်၍ LeoFinance and HIVE Blockchain ပေါ်မှာ အချိန် များစွာ မပေးနိုင်ခဲ့ပါဘူး။
နောက်ပိုင်းတွင် Internet လိုင်း မကောင်းခြင်း၊ မကြာခဏ ဖြတ်တောက်ခံရခြင်းကြောင့် Online ပေါ်မှာ ဝင်ငွေ မရှာနိုင်ပါ။

ယခုအခါမှာလည်း အကြမ်းဖက်စစ်တပ်သည် Internet ဖြတ်တောက်ထားသည်မှာ ၅ ရက်လောက် ရှိနေပါပြီ။
သို့သော် WiFi internet ယူထားသူများအဖို့ Internet အသုံးပြုနိုင်ကြပါတယ်။
သို့ဖြစ်၍ ကျွန်တော်သည် WiFi internet အသုံးပြုနိုင်သော နေရာသို့ သွားရောက်ကာ Internet အသုံးပြု သတင်းရယူနေရပါတယ်။

သို့သော် Hive-engine , Leodex and HIVE wallet များကို ကျွန်တော် အသုံးပြု၍ မရ ဖြစ်နေပါတယ်။
ဤသည်မှာ Internet Connection ကြောင့် ဖြစ်မလား။
Hive-engine and Leodex ကို အသုံးပြုမရသောအခါ Tribe Tokens များကို Trading and Staking ကျွန်တော် မလုပ်နိုင်ပါ။

ထို့အတူ ကိုယ်ပိုင်ဖုန်းဖြင့် Internet အသုံးပြုမရသောအခါ Crypto Knowledge များလည်း ဖတ်ရှုရန် အချိန်များစွာ မပေးနိုင်သေးပါ။
Covid ကာကွယ်ရန် ဆင်ခြင်စွာ နေရသောကြောင့် WiFi ရနိုင်သော Public Area မှာ အချိန်ကြားမြင့်စွာ မနေနိုင်ပေ။

ထိုအခါ LeoFinance မှာ Crypto and Finance အကြောင်းများ အချင်းချင်း Comment ပေးခြင်းဖြင့် မဆွေးနွေးနိုင် ဖြစ်နေပါတယ်။
ထိုအခါ ကျွန်တော်မှာ LEO Reward Income များ လျော့နည်းသွားပါတော့သည်။

2021 နှစ်စသည် LeoFinance and HIVE Blockchain မှ လူများ အဖို့ ကံကောင်းသော နှစ် ဖြစ်ရန် အစပျိုးနေပါတယ်။
အဘယ်ကြောင့်ဆိုသော် LEO and HIVE ဈေးနှုန်းများ တအိအိ မြင့်တက်နေသောကြောင့် ဖြစ်ပါတယ်။
သို့သော် Internet ကောင်းစွာ အသုံးမပြုနိုင်သော ကျွန်တော့်အဖို့မှာမူကား ...

မိတ်ဆွေတို့ အဘယ်သို့ ထင်မြင်ပါသလဲ။

အရာအားလုံး အတွက် ကျေးဇူးတင်ပါတယ်။

တင်အောင်စိုး

H2
H3
H4
3 columns
2 columns
1 column
4 Comments
Ecency