Introducing About My Fund Account /Burmese

Hello!
Nice to see you on HIVE Blockchain!

This post can be read by English in this post.

မင်္ဂလာပါ။
ဒီ @pdf-nug ဆိုသော Account ဖြစ်ပေါ်လာပုံကို မိတ်ဆက်ခြင်း မပြုလုပ်ခင် ကျွန်တော်တို့ မြန်မာနိုင်ငံ၏ အခြေအနေ အကြောင်းအရာ အနည်းငယ်ကို အကျဉ်းချုံးမျှ ဖော်ပြပါရစေ။

မြန်မာနိုင်ငံသည် Division and State စုစုပေါင်း ၁၄ ခုဖြင့် ဖွဲ့စည်းထားပါတယ်။
မြန်မာနိုင်ငံအတွင်း၌ အခြေခံအားဖြင့် ရှမ်း၊ ချင်း၊ ကချင်၊ ကရင်၊ ကယား၊ မွန်၊ ရခိုင် နှင့် ဗမာ ဟူ၍ လူမျိုးစုပေါင်း ၈ စု၊ လူမျိုးခွဲပေါင်း ၁၃၅ မျိုးကျော် နှင့် လူဦးရေ သန်း ၅၀ ကျော် နေထိုင်ကြပါတယ်။

၁၉၄၈ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်မှုဖြင့် ဗြိတိသျှကိုလိုနီ လက်အောက်မှ လွတ်လပ်ရေး ရရှိခဲ့ပါတယ်။
လွတ်လပ်ရေး ရယူဖို့ မတိုင်ခင်မှာ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်၍ တောင်းတန်းနှင့်ပြည်မ ပူးပေါင်းနေထိုင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် အသွင် အဖြစ် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပင်လုံညီလာခံ ကျင်းပကာ ပင်လုံစာချုပ် ချုပ်ဆိုခဲ့ကြပါတယ်။

သို့သော် မြန်မာနိုင်ငံ လွတ်လပ်ရေး မရခင် ၁၉၄၇ မှာ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရပြီး ပင်လုံစာချုပ်အတိုင်း ဖြစ်မလာခဲ့ပါ။
သို့ဖြစ်၍ မြန်မာနိုင်ငံသည် ဗြိတိသျှကိုလိုနီ လက်အောက်မှ လွတ်လပ်ရေး ရပြီးနောက်ပိုင်း ပြည်မစစ်တပ် နှင့် တိုင်းရင်းသားလူမျိုးစုတပ်များသည် ပြည်တွင်းစစ်ပွဲ ဖြစ်ပွားနေခဲ့သည်မှာ ယခုတိုင် ဖြစ်ပါသည်။

၁၉၆၂ ခုနှစ်မှ အစပြု၍ မြန်မာနိုင်ငံကို စစ်အာဏာရှင် အုပ်စိုးခဲ့ပါသည်။
ပြည်တွင်းစစ် နှင့်အတူ ၁၉၈၈ ခုနှစ် မှာတော့ ပြည်မမှ နိုင်ငံရေးတတ်ကြွသူ ကျောင်းသားလူငယ်များ အစပြုကာ စစ်အာဏာရှင်တော်လှန်ရေးများ ပြုလုပ်ခဲ့ကြသည်။
၁၉၈၈ မှ ၂၀၂၁ ခုနှစ် အတွင်း မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေ အကျဉ်းချုပ်ကို ဤ Post
၌ ဖတ်ရှုနိုင်ပါသည်။

img_0.3447267074813951.jpg
You can see the Memorial Photos of the Uprising at 1988 year in this image source link.

ယခု မြန်မာနိုင်ငံ၏ သဘာဝအလှတရား ဓာတ်ပုံအချို့ကို ရှုစားကြည့်ပါဦး။
img_0.9392895735741598.jpg
Bagan region image source

img_0.5984768522692901.jpg
Innlay region image source

You can learn the beautiful places of Myanmar in The Myanmar Travel Group Link .

မြန်မာနိုင်ငံ၏ သဘာဝအလှပုံလေးများကို ကြည့်ရှုပြီးသောအခါ ယနေ့ခေတ် အခြေအနေသို့ ဆက်သွားကြပါစို့။

img_0.48909743697096153.jpg
8888 Memorial Creative Photo with Bamboo source

You can view About Spring Revolution of Myanmar in this Khit Thit Media Page

မနေ့က 8888 ၃၃ နှစ်မြောက် အထိမ်းအမှတ် အဖြစ် မြန်မာနိုင်ငံသားတို့သည် စစ်အာဏာရှင် အကြမ်းဖက်အဖွဲ့ကို ဆက်လက် ဆန္ဒပြ သပိတ်မှောက်ခဲ့ကြပါတယ်။

@pdf-nug ဟု အမည်ပေးထားသော Account ကိုလည်း ၈ လေးလုံး အမှတ်တရ အဖြစ် မနေ့က ဖွင့်ခဲ့တာပါ။
pdf သည် People Defense Force ဖြစ်ပြီး၊ nug သည် National Unity Government ဖြစ်ပါသည်။

ဤ Account ဖွင့်ရခြင်း ရည်ရွယ်ချက်မှာ

  • 1: National Unity Government ၏ People Defense Force ကို ထောက်ပံ့ကူညီရန်
  • 2: စစ်ဘေးရှောင်ပြည်သူများ အတွက် စားနပ်ရိက္ခာ ထောက်ပံ့နိုင်ရန်
    တို့ ဖြစ်သည်။

HIVE Blockchain မှ ရရှိသော Fund သည် နည်းပါးလျှင်သော်မှ အနည်းငယ်သော အကူအညီသည်လည်း ကျွန်တော်တို့ မြန်မာနိုင်ငံသားများအတွက် အထောက်အပံ့ကောင်း ဖြစ်နိုင်ပါသည်။

ဤ Account ကို ကိုင်ဆောင်သူမှာ @tin.aung.soe ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ မိတ်ဆွေတို့ အနေဖြင့် စစ်အကြမ်းဖက်အောက် ဒုက္ခရောက်နေကြရသူများကို အထောက်အပံ့ ပြုနိုင်ရန် ဤ Account မှတဆင့် ကူညီကြပါရန် မေတ္တာရပ်ခံပါသည်။

မိတ်ဆွေတို့ အနေဖြင့် ဤ Account ၏ Posts များကို Upvote ပေးခြင်းဖြင့် သော်လည်းကောင်း၊ Gift အဖြစ် Tip ပေးခြင်းဖြင့် သော်လည်းကောင်း၊ အလှူငွေ ထည့်ဝင်ခြင်းဖြင့် သော်လည်းကောင်း ကူညီနိုင်ကြောင်း မိတ်‌ဆက်လိုက်ရပါတယ်။

အခြားသူများကို ကူညီခြင်းဖြင့် သင့်တို့ဆီ ကောင်းချီးအဖြာဖြာ ရကြပါစေ။

အခြားသူများကို ထောက်ပံ့ခြင်းဖြင့် သင်တို့ ပိုမို ကြီးမြတ်နိုင်ကြပါစေ။

ကျေးဇူးတင်ပါသည်။

@pdf-nug
တင်အောင်စိုး

H2
H3
H4
3 columns
2 columns
1 column
3 Comments
Ecency