Splinterlands Season End Rewards for Bronze II

မင်္ဂလာပါ မိတ်ဆွေတို့ရေ။

img_0.49748933295653663.jpg

မနေ့ညက Splinterlands သည် ရာသီဟောင်း ကုန်ဆုံးလို့ ရာသီသစ်ကို ကူးပြောင်းခဲ့ပါပြီ။

ရာသီကုန်ခါနီးမှာ ကျွန်တော်သည် Snipe Quest for Daily ကို ကစားနေခဲ့ပါသည်။
သို့သော် ရာသီမကုန်ခင်မှာ Snipe Quest Complete မဖြစ်ခဲ့ပါ။
ရာသီကုန်ခါနီး ၁၅ မိနစ် အလိုမှာ Rating 420 မျှသာ ရှိတော့သောကြောင့် ဆက်မကစားဘဲ ရာသီကုန် ရလဒ် ကို စောင့်ခဲ့ရပါသည်။
ဆက်ကစားလို့ ရှုံးခဲ့သည်ရှိသော် Bronze II level ကနေ လျော့ကျသွားမှာ စိုးလို့ပါ။

ပြီးခဲ့သည့်ရာသီမှာ Bronze II level ဖြင့် အဆုံးသတ်ခဲ့တော့ SEASON END REWARDS 7 Loot Chests ဖွင့်ဖောက်ခွင့် ရခဲ့ပါတယ်။

၎င်း 7 Loot Chests မှ Credits 19, PELACOR DECEIVER, PELACOR CONJURER and VENARI HEATSMITH တို့ကို ရရှိခဲ့ပါတယ်။

img_0.4269347224499667.jpg

ကျွန်တော် ရရှိခဲ့သော Splinter cards သုံးခုမှာ Level 1 Common Cards များသာ ဖြစ်ပါသည်။
ကျွန်တော် တိုက်သော Battle များ၌ ထည့်၍ ကစားခြင်း သိပ်မရှိသော ကဒ်များသာ ဖြစ်ပါသည်။
သို့သော် ရတာ အမြတ်ပဲ မဟုတ်ပါလား။

အဓိက က Card and DEC များများ ရဖို့သာ ဖြစ်သည်။
Card တွေ ရလေ Power တိုးလေ ဖြစ်သောကြောင့် မည်သို့သော ကဒ်ဖြစ်ပါစေ ရလျှင် ကျေနပ်မိပါတော့သည်။

မိတ်ဆွေတို့ရော ပြီးခဲ့သည့် ရာသီအတွက် Season End Rewards ဘာတွေ ရရှိလိုက်ကြပါသလဲ။

အရာအားလုံး အတွက် ကျေးဇူးတင်ပါသည်။

တင်အောင်စိုး

H2
H3
H4
3 columns
2 columns
1 column
15 Comments
Ecency