Lunar eclipse

တန်ဆောင်တိုင် လပြည့်

လွန်ခဲ့သည့် နှစ်ရက်က တန်ဆောင်တိုင် လပြည့်ည ဖြစ်သည်။
ထို လပြည့်ညသည် မြန်မာ ပြက္ခဒိန် အရ လပြည့်ည ဖြစ်သည်။
လပြည့် အစစ်သည် ပြီးခဲ့သည့် တစ်ရက် ဟုလည်း ဆိုကြသည်။
နိုင်ငံရေး အရ ဗေဒင်ဟူးရားတွေက တစ်ရက်စော ပြက္ခဒိန် ဖန်တီးထားသည် ဟု ဆိုကြသည်။
ကျွန်တော်က နက္ခတ်ဗေဒသမား မဟုတ်တော့ ဘယ်ဟာ အစစ်အမှန် မသိပါ။
လွန်ခဲ့သော တစ်ရက်ကျော် ညက လပြည့် မှာ လကြတ်ခြင်း ဖြစ်ပေါ်ခဲ့သည်။

လ အပြည့်အဝကြတ်ခြင်းတော့ မဟုတ်။
လကြတ်သည် ကို လငပုပ်ဖမ်းသည် ဟုလည်း ပြောတတ်ကြသည်။
လပြည့်ည သို့မဟုတ် လပြည့်ပြီးည လကြတ်လျှင် ဘာဖြစ်မည်နည်း။
ဗေဒ ဝေဒ ဗြဟ္မဏ အယူရှိသူတို့က ဟောကိန်းတွေ အယုံအကြည် ရှိကြမည်။
နက္ခတ်ပညာရှင်တွေ ကလည်း သူတို့ အတွေ့အကြုံ ဟောကြားနိုင်သည်။
ကျွန်တော် တော့ ဘာမှ မသိပါ။

သင်တို့ရော လကြတ်သည်ကို အဘယ်သို့ အယူအဆ ရှိပါသလဲ။
ကျွန်တော် ကတော့ လကြတ်သည့် ပုံ အမှတ်တရ ဖော်ပြလိုက်ပါသည်။

H2
H3
H4
3 columns
2 columns
1 column
15 Comments
Ecency