Two Brothers Behaviour

မင်္ဂလာပါ။
ဒီနေ့တော့ အတူနေညီအကိုတွေ ချစ်ချစ်ခင်ခင်နေနေကြတာကို အမှတ်တရ ဓာတ်ပုံ ရိုက်တင်လိုက်ပါတယ်။

img_0.3953606390076784

အတူနေညီအကိုတွေ ဆိုတာက သားသား ဝဠာဟိန်း နှင့် ကိုကိုထူးခန့်ဝေ တို့ပါ။
ထူးခန့်ဝေ ဆိုတဲ့ ကလေးက အိမ်ပိုင်ရှင်၏ မြေး ပါ။
သားသား ထက် အသက် နှစ်နှစ် ကြီးပါတယ်။

img_0.6221623074369238

နှစ်နှစ်ကြီးနှစ်နှစ်ငယ် ဆိုပေမယ့် သားးသား က ထွားပြီး ကိုကို က မထွားတော့ ရွယ်တူလိုပါပဲ။
ခု ချစ်ချစ်ခင်ခင်နေနေကြတဲ့ ပုံလေးတွေ တင်ပြလိုက်ပေမယ့် တကယ်တမ်းတော့ ကစားစရာတွေ လုကြရင်း ခဏခဏ တပြဲပြဲအော်နေတတ်ကြတာပါ။

img_0.6124991338283999

ကလေး သဘာဝ ဆိုတော့လည်း တစ်ယောက်ဆော့တာ တစ်ယောက်လိုက်ဆော့ချင်ကြတာပါ။
ရန်ဖြစ်လိုက် ပြန်ချစ်လိုက် လို့ပဲ ပြောရမလား။
ကစားစရာ လုလိုက်ကြ၊ အတူတူ ကစားလိုက်ကြပါပဲ။
အထိအခိုက်ကြီးကြီးမားမား မရှိအောင်တော့ စောင့်ကြည့်ရတတ်တာပေါ့။

img_0.9549920364268709

ဆော့ကစားတတ်တဲ့ အရွယ်တွေဆိုတော့လည်း ကလေးထိန်းရတာ မလွယ်ပါဘူး။
အော်လိုက်ရ၊ ခြောက်လိုက်ရ၊ ချော့လိုက်ရပါပဲ။
ကဲ ကလေးတို့ကို ကြည့်ရင်း ဘဝအမောတွေ ပြေကြပါစေဗျာ။

ဝဠာာဟိန်း

H2
H3
H4
3 columns
2 columns
1 column
18 Comments
Ecency