သားသား ကျေးဇူးနဲ့ လျှပ်စစ်ကား စီးဖူးပြီ

မင်္ဂလာပါ။
ကန်တော်ကြီး ထဲ ရောက်တော့ ကလေးကစားကွင်း ရှိရာဘက် သွားဖြစ်ခဲ့ပါတယ်။
သားငယ် တစ်ယောက် ရှိထားတော့ ကစားကွင်း ဘက် လိုက်မပို့လို့ မဖြစ်ဘူးလေ။

ကလေးကစားကွင်း ဘက်မှာ လူတော့ သိပ်မရှိပါဘူး။
ခေတ်ကာလအရ ခရီးသွားနည်းကြသလို ကလေးတွေ ကစားကွင်း ပို့နိုင်ဖို့ကလည်း စဉ်းစားဆင်ခြင်ကြရမယ် မဟုတ်လား။
ကျွန်တော်တို့က အလုပ်ကိစ္စ သွားရင်း မရောက်ဖူးသေးတဲ့ သားငယ် ကို လမ်းကြုံ ဝင်ပို့တာပါ။

ကလေးကစားကွင်းမှာ ကျွန်တော် နှင့် သားငယ်လေး နှစ်ယောက် ကားမောင်းကြပါတယ်။
ဒီ လျှပ်စစ်ကားငယ်တွေကို ကျွန်တော် အရင်က တစ်ခါမှ မစီးဖူးပါဘူး။
ကိုယ်တွေ ငယ်ရွယ်စဉ် က စီးပွားရေး မပြေလည်သလို မိဘတွေကလည်း လိုက်ပို့ပေးတာ မရှိခဲ့ပါဘူး။
ခု ကိုယ့်သား အလှည့်မှာတော့ ကိုယ် မလုပ်ဖူးတာတွေ၊ မကစားဖူးတာတွေကို လုပ်စေ၊ ကစားစေပါတယ်။

ခုတော့ ကျွန်တော်လည်း သားသား ကျေးဇူးနဲ့ လျှပ်စစ်ကား စီးဖူးပြီလေ။

@walarhein

H2
H3
H4
3 columns
2 columns
1 column
9 Comments