ကြွိ ကြွိ ညန်လို့

အိမ်မှာ ကြွက်တွေ သောင်းကြမ်းနေကြသည်။
စားစရာတွေကို သေသေချာချာ သိမ်းဆည်းထားရသည်။
သို့ပေမယ့် ဆန်၊ စားစရာ စသည် ထည့်ထားသော ပလပ်စတစ်ဗူး၊ ပုံး စသည်တို့ကို ကြွက်တွေ ကိုက်ဖြတ်သည်။
ဒီတော့ ကြွက် နှိမ်နှင်းရန် ကြံစည်ရသည်။

တနေ့က မိတ်ဆွေတစ်ဦး ဆီမှ ကြွက်ထောင်ချောက် ငှားလာခဲ့သည်။
အိမ်ရောက်တော့ ညမှာ ငါးအရေခွံ အခြောက်ကြော်ကို တပ်ဆင်ကာ ကြွက်ထောင်ခဲ့သည်။
သို့သော် ထောင်ခြောက် ခလုပ် မပြုတ်ဘဲ အစာ ကို ကြွက် စားသွားခဲ့သည်။
နောက်တစ်ရက် ကြွက်ထောင်ချောက် ထဲမှာ ငါးပေါက်စကြော် တပ်ကာ ထပ်မံ ထောင်ခဲ့သည်။
ထိုတကြိမ်တော့ အမောင်ကြွက် ကို မိခဲ့ပါပြီ။

အိမ်ထဲက ထောင်ချောက် ထဲမှာ ကြွက်မိတာနဲ့ ထောင်ချောက် ကို အိမ်ပြင်ထုတ်ထားလိုက်သည်။
သို့မဟုတ်ရင် ကြွက် ဆော့ ဆူနေတာနဲ့ အိပ်မရမှာ စိုးသည်။
မနက်ကြတော့ အမောင်ကြွက်သည် အောက်ခံထားသော စက္ကူဂျပ်ဖာ ကို ကိုက်ဖြတ်ထားသည်။
ထိုပုံကို ဓာတ်ပုံရိုက်ပြီး လူနေအိမ်နဲ့ ဝေးရာ တောထဲသို့ ကြွက်ကို လွှတ်ပစ်ခဲ့သည်။

မနေ့က ကြွက် ကို ထပ်မံ ထောင်ခဲ့ပေမယ့် ထောင်ချောက် ထဲ ကြွက် မလာ မဝင်ခဲ့ပါ။
အိမ်မှာ ကြွက်တစ်ကောင် မက ရှိမည်ဟု ထင်ပါသည်။
မိတ်ဆွေတို့ရော ဘယ်လို ကြွက် နှိမ်နှင်းကြပါသလဲ။

H2
H3
H4
3 columns
2 columns
1 column
12 Comments
Ecency