Updated About "XTM" Token from Torum Platform...!

Hive platform ပေါ်ရှိ ညီအစ်ကို မောင်နှမများအားလုံး မဂ်လာအပေါင်းနဲ့ ပြည့်စုံကြပါစေ...
screenshot_2021_09_16_15_25_42.png

လွန်ခဲ့သော 12.9.2021 ရက်နေ့တွင် ကျွန်တော်တင်ပေးခဲ့သော How do you think "XTM"token from Torum platform?...Post မှ XTM token အကြောင်းအား update အနေနဲ့ ရေးသားပေးခဲ့ချင်ပါသည်။
@uthantzin/how-do-you-think-xtm
ထို post တွင်လည်း မကြာမှီကာလတွင် XTM token သည် ဈေးကွက်အတွင်းသို့ ရောက်ရှိလာမည်ဟု ပြောခဲ့ပြီး ဖြစ်ပါသည်။
Torum platform ၏ XTM token လေးသည် ယနေ့မှစ၍ Ethereum network တွင် avaiable ဖြစ်သွားပြီဆိုတဲ့အကြောင်း Gmail message ဝင်လာပါတော့သည်။
ထိုသို့ဖြင့် သူတို့ပေးထားသော message အား ဝင်ရောက်ဖတ်ရှု့ပြီး contract address ဖြင့် ether scan လုပ်ကြည့်ခြင်းများ စမ်းသပ်လုပ်ဆောင်ခဲ့ပါသည်။
screenshot_2021_09_16_15_39_12.png

ထို့နောက် မိမိ Torum account သို့ login ဝင်ပြီး XTM token ၏ ထူးခြားမှုများနှင့် wallet ၏အခြေအနေများကို သွားရောက်လေ့လာခဲ့ပါသည်။
Account Wallet တွင်လည်း မိမိရရှိထားသော token amount ၏ တန်ဖိုးအား ဒေါ်လာနှင့်ပြနေပြီဖြစ်ပါသည်။
လက်ရှိအခြေအနေတွင် XTM token အား UNISWAP တွင် trade ၍ ရနေပြီ ဖြစ်ပါသည်။
လောလောဆယ် UNISWAP တွင် 1XTM ကို 0.1215 USDTဈေးနှုန်း နှင့် trade နိုင်နေပြီ ဖြစ်ပါသည်။
Exchange အနေနဲ့ကတော့ Hobit exchange market တွင်ရောက်ရှိနေပြီဟု သိရပါသည်။
ထို UNISWAP တွင် desposit တင်၍ trade နိုင်ခြင်း နှင့်အတူ Torum  account wallet တွင် deposit တင်ပြီး စတင်စုဆောင်းနိုင်ပြီ ဖြစ်ပါကြောင်း...
လက်ရှိ Updated ထူးခြားနေသော Torum platform ရှိ XTM token အခြေအနေလေးများအား ဝင်ရောက် လေ့လာနိုင်ရန် အသိပေး ရေးသားမျှဝေ လိုက်ရပါတော့သည်။
screenshot_2021_09_16_17_32_34.png

သူငယ်ချင်းများအားလုံး ကျန်းမာပျော်ရွှင်ပြီး အေးချမ်းသောနိုင်ငံ အမြန်ဆုံးရရှိနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။
@uthantzin
16.9.2021(18:00)pm

H2
H3
H4
3 columns
2 columns
1 column
17 Comments
Ecency