မီးပျက်ခြင်းနှင့် STEM tokenလဲလှယ်ခြင်း...!

Hive platform ပေါ်ရှိ ညီအစ်ကို မောင်နှမများအားလုံး မဂ်လာအပေါင်းနဲ့ ပြည့်စုံကြပါစေ...
screenshot_2021_09_26_21_51_57.png

ဒီနေ့တော့ မီးက တစ်နေကုန်ပျက်နေပြီး ဖုန်းအားမရှိတော့သဖြင့် မရေးတော့ဘူး စဥ်းစားနေတာ မနေနိုင်၍ အတိုလေးတစ်ပုဒ်တေါ့ ဖုန်းအားရှိသလောက် ရေးသားလိုက်ရပါသည်။
EPC လျပ်စစ်မီးအား မနက် (10:00)နာရီ မှ နေ့လည် (15:00)နာရီအထိ မီးဖြတ်မည်ဟု facebook ပေါ်တွင် အမိန့်ကြော်ငြာစာအား မနေ့ကတည်းက post တင်ထားသည်ကို တွေ့ရှိရပါသည်။
ထိုသို့ဖြင့် ယနေ့မနက် (10:00)နာရီတွင် မီးဖြတ်သွားပါသည်။
မိမိစိတ်အထင် နေ့လည် (15:00)နာရီတွင် ပြန်လည်ရရှိမည်ဟု ထင်ထားသော်လည်း ယခု ကျွန်တော်စာရေးနေသော ည (21:00)နာရီကျော်အထိ မီးမရပါကြောင်း..
facebook ပေါ်တွင် သူတို့ပြောထားသည်မှာ ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းခြင်း..လဲလှယ်ခြင်းများ လိုအပ်သည်များ ပြုလုပ်နိုင်ရန်ဟုရေးထားပါသည်။
ယခင်ပုံမှန်အရ မိမိတို့သည် မြို့နယ်EPCရုံးနှင့် ချိတ်ဆက်၍ မိမိတို့ခွဲရုံအတွက် နှင့် power လိုင်းများအတွက် လိုအပ်သည်များ လုပ်ဆောင်လျှက် အခြေအနေများအား အမြဲတမ်း ပြောဆိုလေ့ရှိသော်လည်း ယခုအခါ မိမိကိုယ်တိုင်ပင် ဘာမျှမမေးပဲ ယခု မီးမရသောအချက်မှာ ဘာကြောင့်မှန်းမသိပါ။
ယနေ့လက်ရှိလုပ်ဆောင်နေသောအရာများအား မိမိကိုယ်တိုင် စိတ်မဝင်စားသောကြောင့် ဖြစ်ပါသည်။
မည်သို့ပင်ဖြစ်စေ Hive platform ပေါ်ရှိ Hive engine token များထဲမှ မိမိအသုံးမဝင်တော့သော STEM token အား Unstake လုပ်ထားခဲ့ရာ Token ပမာဏ အားလုံး ပြီးမြောက်သွားပြီဖြစ်ပါသည်။ထို့ကြောင့် ရရှိလာသော 100 STEM အား Hive နှင့်လဲလယ်လိုက်ပါကြောင်း...
အခြားသောHive engine Token များ၏ စျေးနှုန်းအတက်အကျများ ကြည့်ရှု့ရင်း ရရှိလာသော 10 hive နှင့် မည်သည့် token ဝယ်ရင်ကောင်းမလဲ စဥ်းစားနေပါကြောင်း...ဖုန်းအားကုန်တော့မည် ဖြစ်ပါ၍ ဒီလေါက်နဲ့ပတ် အဆုံးသတ်လိုက်ရပါတော့သည်။
သူငယ်ချင်းများအားလုံး ကျန်းမာပျော်ရွှင်ပြီး အေးချမ်းသောနိုင်ငံ အမြန်ဆုံးရရှိနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။
@uthantzin
26.9.2021(21:00)pm

H2
H3
H4
3 columns
2 columns
1 column
15 Comments
Ecency