အမှတ်တရ အကျင့်စွဲ...!

Hive platform ပေါ်ရှိ ညီအစ်ကိုမောင်နှမများအားလုံး မဂ်လာအပေါင်းနဲ့ပြည့်စုံကြပါစေ...
ကျွန်တော်၏ Hive account တွင်အကျင့်ဖြစ်နေသော အကြောင်းအရာလေးတစ်ခုအား မျှဝေပေးခဲ့ချင်ပါသည်။

Screenshot_2021-08-02-12-32-46.png

ဟိုအရင် ကျွန်တော်တို့ steeemit account ဖြင့် အသုံးပြုစဥ်က MSC လက်အောက်ရှိ မိမိတို့ groupအတွင်း အလှူပြုလုပ်ခြင်းများအထိ တက်ညီလက်ညီ ကြိုးစားဆောင်ရွက်ခဲ့ကြပါသည်။
ထိုသို့ steemit accountအား ပျော်ရွှင်စွာ သုံးစွဲခဲ့ရင်း မသိမသာ စွဲကပ်နေသော အကျင့်စွဲတစ်ခု ရရှိခဲ့ပါသည်။
ထိုအကျင့်စွဲမှာ မိမိအသုံးပြုသော steemit account wallet တွင် steem နှင့် SBD များအား အကုန်လုံး Power Up မလုပ်ပဲ အနည်းငယ်ချန်ထားခြင်း ဖြစ်ပါသည်။
ထို့ကြောင့် ကျွန်တော်၏ wallet တွင် steem နှင့် SBD ပမာဏအနည်းငယ်အား အမြဲတမ်းအဆင်သင့် ထားရှိခဲ့ခြင်း ဖြစ်ပါသည်။
ထိုအဆင်သင့်ထားရှိသော steem နှင့် SBD များသည် လိုအပ်တဲ့အခါ လိုသလို မိမိတတ်နိုင်သလောက် အကူအညီပေးခြင်း... လှူဒါန်းခြင်းများ ပြုလုပ်နိုင်ရန် ရည်ရွယ်ထားရှိခြင်း ဖြစ်ပါသည်။
ထိုအကျင့်စွဲသည် ယခု Hive platform ပေါ်ရောက်ရှိလာသောအခါ ကပ်ပါလာပြီး လက်ရှိအချိန်အထိ ကျင့်သုံးနေမိပါသည်။
မိမိ account အား ကြည့်လိုက်တာနဲ့ မည်သည့်အချိန်မဆို လိုအပ်သလို လွဲပြောင်းလုပ်ဆောင်နိုင်ရန် Hive နှင့် HBD များ အဆင်သင့်ထားရှိနေခြင်းပဲ ဖြစ်ပါသည်။
ပုံမှာမြင်ရသည့်အတိုင်း လက်ရှိအချိန်တွင် 21 Hive နှင် 7.7 HBD (Hive Dollars) အဆင်သင့်ရှိနေပါသည်။
ထိုဖျောက်မရသော steemitမှ အကျင့်စွဲလေးအား အမှတ်တရအဖြစ် ပြန်လည်ရေးသား မျှဝေလိုက်ရပါတော့သည်။
သူငယ်ချင်းတို့ရော ဘာလေးတွေ အကျင့်ဖြစ်နေလဲ ပြောပြကြအုံး...

Screenshot_2021-08-02-12-31-16.png

သူငယ်ချင်များအားလုံး ကျန်းမာပျော်ရွှင်ပြီး အေးချမ်းသောနိုင်ငံ အမြန်ဆုံးရရှိနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။
@uthantzin
2.8.2021 (12:30)pm

H2
H3
H4
3 columns
2 columns
1 column
8 Comments