ရွှေ မှ မြေ / ကျွန်တော်၏ အိပ်မက်ခရီး အစ

မင်္ဂလာပါ မိတ်‌ဆွေတို့ရေ။
ဖြစ်ပုံက ဒီလိုပါ။
လွန်ခဲ့သော တစ်ပတ်ကျော်လောက်က ရွှေဈေး ၂၈ သိန်း လောက်မှာ ရှိတဲ့ ရွှေလေး ရောင်းခဲ့မိပါတယ်။
ဈေးပြန်ကျရင် ဝယ်မယ် ဆိုတဲ့ စိတ်ကူးနဲ့ပေါ့။
ရွှေဈေးက ကျရိပ် မမြင်ဘဲ ၃၀ ကျော်လာသောအခါ နေမထိ ထိုင်မသာ ဖြစ်လာပါတော့တယ်။
‌မြန်မာငွေ ကိုင်ထားရင် အရှုံး ပိုများမယ် မဟုတ်လား။
ဒီတော့ ရွှေ လည်း ပြန်မဝယ်နိုင် တူတူ၊ မြေ ဝယ်မယ် ဆိုပြီး ကြံစည်ရပါတယ်။
ဒါနဲ့ မိမိ နေထိုင်ချင်သော ပြင်ဦးလွင် နယ်ဘက် မြေကွက် စုံစမ်းရပါတယ်။

ကံအားလျော်စွာပဲ။
မိတ်ဆွေရင်း တစ်ယောက်၏ သူငယ်ချင်းက ပြင်ဦးလွင်မြို့ အစွန် ရွာလေးနားက မြေကွက် ရောင်းမယ် ဆိုတာ သိခဲ့ရပါတယ်။
မြေကွက် ဆိုဈေးက ၇၅ သိန်း ရယ်ပါ။

သို့ဖြစ်၍ ကျွန်တော်တို့လည်း ထိုမြေကွက် ကို သွားရောက် ကြည့်ရှုခဲ့ပါတယ်။
ကျွန်တော်တို့သည် ပြင်ဦးလွင်မြို့ ပြည်ချစ်ဘုရား မှ ၅ မိနစ်ခန့် ဆိုင်ကယ် စီးလျှင် ရောက်သော လားရှိုးလမ်းဘေးရှိ နောင်လုံးရွာ ၏ အရှေ့ဘက် ရွာမြေ ၅၀/၇၀ အကွက်ကို ၇၃ သိန်း ဖြင့် ဝယ်ယူနိုင်ခဲ့ပါတယ်။

ကျွန်တော် နေထိုင်ချင်ရာ ဒေသ ကို ယခုကာလ မမျှော်လင့်မိပါဘဲ ရွှေ ကို လက်လွှတ်မိရာမှ မြေ ကို ကိုင်မိခြင်း ဖြစ်ပါတယ်။

သို့ကြောင့်သာပဲ ကျွန်တော်၏ ဖြစ်ပုံလေးကို ဤမှာ အမှတ်တရ သိမ်းဆည်းလိုက်ရပါတယ်။
ဓာတ်ပုံတွေကတော့ အရောင်းအဝယ် လက်မှတ်ရေးထိုးခြင်း နှင့် ဝယ်ယူခဲ့သော မြေကွက်ပုံ ဖြစ်ပါတယ်။

အရာအားလုံး အတွက် ကျေးဇူးတင်ပါတယ်။

တင်အောင်စိုး

H2
H3
H4
3 columns
2 columns
1 column
22 Comments
Ecency