ပန်းရံဆရာချင်း တူရင် ကွာစေရမယ်

မင်္ဂလာပါ မိတ်‌ဆွေတို့ရေ။
ကျွန်တော့်မှာ ဝင်ငွေလမ်းကြောင်းဆိုလို့ Hive Blockchain က ရတာပဲ ရှိပါတယ်။
ယခင်ကတော့ ကျွန်တော်က ကျေးလက်တောရွာတစ်ခုမှာ တောဆေးခန်းလေး ဖွင့်ပြီး ကုသိုလ်လည်းရ ဝမ်းလည်းဝ လုပ်ငန်းလေး လုပ်ကိုင်ပြီး ဝင်ငွေရရှိခဲ့ပါတယ်။
ကျွန်တော်၏ ဇနီးကတော့ ‌အထွေထွေအုပ်ချုပ်ရေးဘက်က စာရေးဝန်ထမ်းတစ်ယောက် အဖြစ် လစာ ရရှိခဲ့ပါတယ်။
ခုတော့ သူမလည်း CDM လုပ်ထားတော့ ‌မနှစ်က ဖေဖော်ဝါရီလ ကတည်းက လစာ မရဘဲ အကြမ်းဖက်စစ်တပ်၏ အလုပ်ထုတ်ပယ်ခြင်းကို ခံခဲ့ရပါတယ်။
ထိုအတောအတွင်းမှာတော့ ကျွန်တော်လည်း ဆေးခန်းလေး ဖွင့်လိုက်၊ ဇနီးနှင့်သား ရှိရာ ဒေသ ပြန်သွားလိုက်နဲ့ပါ။
ခု ဆေးခန်း မဖွင့်ဖြစ်တာ တစ်လခွဲလောက်ရှိပါပြီ။
သားသား ကျန်းမာရေးအခြေအနေအရ မိသားစုနဲ့သာ အတူနေနေပါတယ်။
ဒေသစစ်ရေး အခြေအနေကြောင့်လည်း ပါတာပေါ့ဗျာ။
ယခုအခါ ဇနီးသည်၏ မိသားစုမှာ လူစုံရှိနေကြပါတယ်။
ဒီတော့အခါ ‌လူများ ရေချိုးဖို့ရန် ချိုးရေကန် လိုအပ်လာပါတယ်။

img_0.7914483034394608.jpg

ကျွန်တော်တို့သည် ရေတွင်း ထဲမှ ရေကို မော်တာဖြင့် စုပ်တင်ကာ ရေအင်တုံ၊ ရေအိုးတုတ် ထဲသို့ ထည့်ကာ ရေချိုးကြလေ့ရှိပါသည်။
ယခုအခါ လူစုံနေသည်ကတကြောင်း၊ လျှပ်စစ်မီး ခဏခဏ ပြတ်လေ့ရှိသည်ကတကြောင်း ချိုးရေလိုအပ်ချက် ဖြစ်တတ်ပါသည်။
သို့ဖြစ်၍ မီးလာတုန်း ရေတင်ထားရန် အုတ်ရေကန်တစ်လုံးလောက် တည်ဆောက်ထားဖို့ ကြံစည်လုပ်ဆောင်ခဲ့ပါသည်။

ကျွန်တော်သည် ကျန်းမာရေးဆေးဆရာတ တစ်ယောက်သာ ဖြစ်၍ ပန်းရံ မလုပ်ဖူးပါ။
သို့သော်လည်း အားလပ်နေသည် ဖြစ်သောကြောင့် အုတ်ရေကန်ကို ကိုယ်တိုင် တည်ဆောက်ခဲ့ပါသည်။

img_0.6409403592476547.jpg

ဒီအုတ်ရေကန်ကို ဘိလပ်အုတ်၊ သဲ နှင့် ဘိလပ်မြေ တို့ဖြင့်သာ တည်ဆောက်ခဲ့ပါသည်။
သဲ နှင့် ဘိလပ်မြေ ကို ၃:၁ နှုန်းဖြင့် ဖျော်စပ်ကာ ရေကန်ကို အုတ်စီခဲ့ပါသည်။

img_0.7712646278523442.jpg

ကိုယ်တိုင် သဲချ၊ ကိုယ်တိုင် ပလာစတာဖျော်၊ ကိုယ်တိုင် အုတ်စီ၊ ကိုယ်တိုင် ‌အချောကိုင်ပါပဲ။
ပန်းရံတတ်ကျွမ်းသူ မဟုတ်လေတော့ အချိန်ယူကာ တဖြည်းဖြည်းနဲ့ပဲ လုပ်ဆောင်ခဲ့ပါတယ်။

img_0.6953140998532106.jpg

မနေ့ကတော့ ကျွန်တော် တည်ဆောက်ထားတဲ့ အုတ်ရေကန် အသစ်လေးထဲ ရေများ ထည့်ကာ စတင် အသုံးပြုနေပါပြီ။

ပန်းရံဆရာ မဟုတ်လေတော့ ခိုင်ခံ့မှုကိုတော့ မပြောနိုင်ပါ။
သို့သော်လည်း ရေကန် နှင့် တူအောင်တော့ လုပ်ဆောင်နိုင်ခဲ့ပါသည်။

img_0.21874771973756035.jpg

ကဲ အားနေတော့လည်း ငွေအကုန်အကျ သက်သာအောင် ပန်းရံသမား မငှားတော့ဘဲ ကိုယ်တိုင် တည်ဆောက်ခဲ့တဲ့ အုတ်ရေကန်လေးကို အမှတ်တရ တင်ပြလိုက်ရပါတယ်။

ပန်းရံဆရာချင်း တူရင် ကွာစေရမယ် လို့ အာမခံပါတယ်နော်။
ဘယ်သူ ငှားကြဦးမလဲဗျ။

တင်အောင်စိုး

H2
H3
H4
3 columns
2 columns
1 column
40 Comments
Ecency