Hive Blockchain မှာ HIVE ဝယ်ယူခြင်းနည်းတစ်ခု

မင်္ဂလာပါ မိတ်‌ဆွေတို့ရေ။

Hive Blockchain သည် Crypto Based Decentralized Social Media Blockchain တစ်ခု ဖြစ်သည်။
Hive Decentralized Blockchain သည် CEO or Chairman မရှိသော Web3 Social Media Blockchain Platform တစ်ခု ဖြစ်သည်။
Hive Blockchain သည် အခြားသော Blockchains ထက် Decentralized ဖြစ်ခြင်းမှာ democracy နည်းကျလှသည်။
Hive Blockchain ကို Users ၏ Votes ဖြင့် ရွေးချယ်ထားသော Witnesses နှင့် Community Leaders က ဦးဆောင်နေပါသည်။
Communities တွင် နိုင်ငံအလိုက် Community Leaders, Blockchain Gaming Community founders, DeFi Finance Community founders and Technology Developers စသည်ဖြင့် Ecosystems ကျယ်ပြန့်များပြားစွာဖြင့် Hive Blockchain ကို Run နေကြပါသည်။

သို့ဖြစ်၍ ကျွန်တော်သည် Hive Decentralized Blockchain ကို ယုံကြည်စွာဖြင့် အသုံးပြု လျှောက်လှမ်းနေပါသည်။
ကျွန်တော်သည် Hive Blockchain ပေါ်မှာ အဓိကအားဖြင့် အချိန် နှင့် လုပ်ဆောင်ချက်များ ကို ရင်းနှီးမြှုပ်နှံထားပါသည်။

Hive Blockchain ၌ ရင်းနှီးမြှုပ်နှံရာမှာ ကာလတိုရင်းနှီးမြှုပ်နှံမှုဖြင့် အကျိုးဖြစ်ထွန်းမှုကောင်း ရရှိမည် မဟုတ်ပါ။
သို့ဖြစ်၍ ကျွန်တော်သည် Hive Blockchain မှာ ကာလရှည်ရင်းနှီးမြှုပ်နှံမှု အဖြစ် အချိန်ကာလ ၁၀ နှစ် ခန့်မှန်းသတ်မှတ်ထားပါသည်။

ကျွန်တော်သည် Hive Blockchain ၌ Blogging, Curating, Gaming, Staking, Pool Mining and Trading စသည်ဖြင့် မျိုးစုံ ပြုလုပ်နေပါသည်။

အထူးသဖြင့် ကျွန်တော် Hive Blockchain ၌ Hive Power စုဆောင်းခြင်း အဖြစ် ရင်းနှီးမြှုပ်နှံပါသည်။
ကျွန်တော်တို့သည် Hive Blockchain ၌ Blogging လုပ်ခြင်းအားဖြင့် HP and HBD ရရှိကြပါသည်။

HBD သည် $1 ဝန်းကျင် တန်ဖိုးရှိသော Hive Blockchain ၏ Stable Token ဖြစ်သည်။
ကျွန်တော်သည် Author Reward HBD ဖြင့် Hive ဝယ်ယူလေ့ရှိသည်။
ကျွန်တော်သည် $HBD ဖြင့် HIVE ဝယ်ယူခြင်းမှာ Panic Buying မလုပ်ပါ။
ကျွန်တော် Hive ဝယ်ယူသည့် စနစ်မှာ Dollar Cost Averaging Style ဖြစ်သည်။

ကျွန်တော်တို့သည် Trading လုပ်ရာ၌ အကျိုးအမြတ်ရဖို့သည် ယေဘုယျအားဖြင့် အနိမ့်ဈေးဖြင့် ဝယ်ယူပြီး အမြင့်ဈေးဖြင့် ပြန်လည် ရောင်းချနိုင်ဖို့ ဖြစ်သည်။
Product တစ်ခုကို အကျိုးအမြတ်ရရန် Trading လုပ်ရာ၌ Buying သည် အဓိက အရေးကြီးသည်။
အနိမ့်ဆုံးဈေးဖြင့် ဝယ်ယူရနိုင်ဖို့ စောင့်ဆိုင်းနေခြင်းသည် အဆင်သင့်ဖို့ အားနည်းသလို အမြင့်ဆုံးဈေးဖြင့် ရောင်းချနိုင်ဖို့မှာလည်း ခက်ခဲပါသည်။

သို့ဖြစ်၍ ကျွန်တော်က Buy the dip လုပ်ရာ၌ တစ်ချီတည်း အများအပြား ဝယ်ယူခြင်း ထက် အနည်းငယ်စီ အကြိမ်ပေါင်းများစွာ ခွဲ၍ ဝယ်ယူခြင်းကို နှစ်သက်ခြင်း ဖြစ်သည်။

ကျွန်တော် $HBD ဖြင့် HIVE ဝယ်ယူ စုဆောင်းပုံကို အောက်ပါ ဇယား၌ ကြည့်ပါ။

TimingHive PriceAmount HBDAmount HIVE
Day 1$0.4011024.938
Day 2$0.3821026.179
Day 3$0.3521028.41
Day 4$0.3251030.77
Day 5$0.3441029.07
Day 6$0.3631027.543
Day 7$0.3561028.09
-Average PriceTotal InvestmentReceived Saving
-$0.35896HBD 70HIVE 195.006

ထို့ကြောင့် ကျွန်တော်သည် တစ်ပတ်အတွင်းမှာ HIVE 195.006 ကို HBD0.35896 ဈေးနှုန်းဖြင့် ဝယ်ယူနိုင်ခဲ့သည်။
ကျွန်တော်သည် Hive price $0.6 အထက်၌သာ ပြန်လည် ရောင်းချသည့် အလေ့ရှိသည်။
သို့သော် ကျွန်တော်သည် HIVE မှာ ရင်းနှီးမြှုပ်နှံမှုကာလကို နှစ်ရှည် သတ်မှတ်ထားသောကြောင့် HIVE ရောင်းချခြင်း များစွာ မရှိပါ။

ဤသည်မှာ ကျွန်တော်၏ HIVE Blockchain မှာ ရင်းနှီးမြှုပ်နှံမှု HIVE ဝယ်ယူခြင်း Dollar Cost Averaging method အကြောင်း ဖြစ်ပါသည်။

သင်တို့ရော အဘယ်သို့ လုပ်ဆောင်ကြပါသနည်း။

တင်အောင်စိုး

H2
H3
H4
3 columns
2 columns
1 column
18 Comments
Ecency