အဖေ့ အတွက် လွမ်းတရားနာနေ့ အမှတ်တရ စစ်ခွေးရှောင်ရ

မင်္ဂလာပါ မိတ်ဆွေတို့ရေ။

လွန်ခဲ့သော သုံးရက်က ‌မိဘအိမ်သို့ သွားရောက်ခဲ့ပါတယ်။
အဖေ သေဆုံးခဲ့တာ သုံးနှစ်ပြည့်ခဲ့ပြီ ဖြစ်သောကြောင့် လွမ်းတရားနာရန် သွားရောက်ခဲ့ခြင်း ဖြစ်သည်။

img_0.05552125178164112.jpg

အဖေ့ အတွက် သံဃာ သုံးပါး ပင့်ဖိတ်ကာ လှုဖွယ်အစုစုဖြင့် ကုသိုလ်ပြု အမျှဝေပေးခဲ့ပါတယ်။

ထို့နောက်တော့ ခဏ နားခိုရာ မိန်းမရွာသို့ ပြန်ရန် စီစဉ်ချိန်မှာ မိန်းမရွာဘက်သို့ စစ်ခွေးတသိုက် ရဟတ်ယာဉ် ဖြင့် လုံခြုံရေးယူကာ စစ်ကြောင်းထိုးလာသည်ဟု သတင်းရသောကြောင့် မပြန်ဖြစ်ခဲ့ပါ။

img_0.2363512327576075.jpg

၎င်းစစ်ခွေးများသည် နေ့လည်ပိုင်းတစ်ခုလုံး တောထဲ ပုန်းရှောင်ကာဖြင့် ည မှောင်ရီပျိုးချိန်မှာတော့ ကျွန်တော်တို့ရှိရာ ရွာဘက်သို့ ရောက်ရှိလာခဲ့ကြသည်။

img_0.5697420313238425.jpg

ဒါနဲ့ ကျွန်တော်တို့ ရွာသူရွာသားတွေလည်း တောထဲသို့ ထွက်ပြေးကြရတော့သည်။
ကျွန်တော်တို့ မိသားစုလည်း တောထဲမှ အခြားရွာသားတို့၏ အကူအညီဖြင့် တခြားရွာမှာ ညအိပ်ခဲ့ရသည်။

ကံကောင်းထောက်မစွာပဲ ကျွန်တော်တို့လည်း ဘေးအန္တရာယ် ကင်းရှင်းခဲ့သလို ရွာသူရွာသားတွေလည်း ဘေးကင်းခဲ့ကြပါသည်။
နောက်ရက်မှာတော့ စစ်ခွေးတွေလည်း အခြားရွာများဘက်သို့ ဆက်လက် ချီတတ်သွားကြပါသည်။

မနေ့ကတော့ ကျွန်တော်တို့မိသားစုလည်း မိန်းမရွာသို့ ခဏ ရောက်ရှိနေပါသည်။
ညမှောင်ချိန် စစ်ဘေးရှောင် ပြေးလွှားခဲ့ရပုံများတော့ အမှတ်တရ မရိုက်ယူနိုင်ခဲ့ပါ။

ဒီနေ့ ပုံလေးတွေကတော့ အဖေ့ အတွက် လွမ်းတရာနာကုသိုလ်ပြုခဲ့တဲ့ အမှတ်တရ ဓာတ်ပုံလေးများကို တင်လိုက်ရပါတော့သည်။

အကြမ်းဖက်စခများ ကျဆုံး၍ ဓမ္မဘက်တော်သား ပြည်သူများ ဘေးရန်ကင်းကွာကြပါစေ။

မိတ်ဆွေများလည်း ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေ။

တင်အောင်စိုး

H2
H3
H4
3 columns
2 columns
1 column
22 Comments
Ecency