​ပျောက်ကွယ်သွားတဲ့ အင်ဒိုသတင်း

Hive Myanmar မိသားစုအားလုံး မင်္ဂလာပါ။ ဒီ​နေ့မှာ​တော့ ကျွန်မက World Cup​ သတင်း​တွေ ကြားမှာ တိမ်မြှပ်သွားတဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ ​မြေငလျှင် သတင်းကို ​ပြောပြ​ပေးသွားမှာ ဖြစ်ပါတယ်။

နိုဝင်ဘာလ ၂၂ရက်​ အင်္ဂါ​နေ့မှာ အင်ဒိုင်နီးရှားနိုင်ငံ အ​နောက်ဂျာဗားမြို့​တော် ​မြေငလျှင်လှုပ်ခတ်မှု​ကြောင့် လူ​​ပေါင်း ၁၆၅ဦးထက် မနည်း ​​သေဆုံးသွားခဲ့ရပြီး​တော့ ဒီ​သေဆုံးမှုမှာ က​လေးငယ်​တွေ အများစု ပါဝင်တယ်လို့ သတင်း​တွေမှာ ဖတ်ရှုရပါတယ်။ ဒါ​ပေမဲ့ ဒီ သတင်းဟာ နာရီပိုင်းအတွင်း ​ပျောက်ကွယ်သွားခဲ့ပြီး​တော့ World Cup သတင်း​တွေသာ ​တွေ့ရပါ​တော့တယ်။

ဒီသတင်းဟာ ​တောင်ကိုးရီးယားနိုင်ငံ ဆိုလ်းမြို့ မှာ ဖြစ်ပွားခဲ့တဲ့ ​ဟောလိုးဝင်းပွဲ​တော် လူပိ​သေဆုံးမှုနဲ့ ​သေဆုံးမှုနှုန်းသိပ်မကွာခြား​ပေမဲ့ ကမ္ဘာ့ ဖလား ​ဘောလုံးပွဲ​ကြောင့် ဝမ်းနည်းမှု မှတ်တမ်း​တွေကိုလည်း သိပ်မ​တွေ့ခဲ့ရပါဘူး။

အဲ့ဒီ ရက်ပိုင်းမှာ​တော့ လူ​တွေရဲ့ အာရုံစူးစိုက်မှုက ကမ္ဘာ့ဖလားမှာသာ​ရောက်ရှိ​နေတာ​ကြောင့်လည်း အင်ဒို​မြေငလျှင် သတင်းဟာ ​ပျောက်ကွယ်ခဲ့ရပါတယ်။


Image Source

H2
H3
H4
3 columns
2 columns
1 column
19 Comments
Ecency