Hive Myanmar မိသားစုအားလုံး မင်္ဂလာ ညနေခင်းပါ။ အားလုံး ကျန်းမာပါရဲ့လား။ ကျွန်မကတော့ နေကောင်း ကျန်းမာလျှက်ရှိပါတယ်။ ဒီအချိန်က အအေးဓါတ် ပိုလာပြီမို့ ရာသီဥတုနဲ့ လိုက်လျောညီထွေ နွေးနွေးထွေးထွေး ဝတ်ဆင်ကြဖို့ကိုကိုလည်း တိုက်တွန်းချင်ပါတယ်။
ကျွန်မ ဒီကနေ့ ပြောပြချင်တဲ့ အကြောင်းအရာတွေရှိပါတယ်။ ပထမအချက်က ကျွန်မ Steem ကနေ Hiveကို လွန်ခဲ့တဲ့ ၁၀လနေ ပြောင်းလာခဲ့ပါတယ်။ ပြောင်းရွှေ့လာတဲ့အချိန် ကျွန်မမှာ Steemကနေ Hiveကို ပြန်ချိန်းဖို့ Steem 309.126 Steem ပါလာခဲ့ပါတယ်။ Steem ကနေ Hive ကို ပြန်ချိန်းတော့ Hive Power (ဘယ်လောက်ဆိုတာ အတိအကျမမှတ်မိတော့ပါ) ၂၀၀ကျော်လောက်နဲ့ စတင်ခဲ့ပါတယ်။
အခု ၁၀လကျော် အတွင်းမှာ ကျွန်မ HP 1000ကျော်သွားခဲ့ပါပြီ။ လစဥ် wifi အသုံးပြုဖို့အတွက် Hive နည်းနည်းစီ ရောင်းချခဲ့တာအပြင် Hiveတွေကို power upခဲ့ပါတယ် ။ဒုတိယတစ်ချက်ကတော့ Game post တွေ Tokenတွေ Starbitsတွေ ကနေ ရရှိလဲလှယ်ခဲ့တဲ့ Hive တွေကိုလည်း HPအဖြစ် ပြောင်းလဲ စုဆောင်းထားခဲ့ပါတယ်။ တတိယအချက်ကတော့ ecencyကို power delegate လုပ်ရာကနေလည်း နေ့စဥ် HPတွေ တိုးတက်စေပါတယ်။
Hive Platformဟာ ရည်ရှည် plan ဖြစ်တာကြောင့် နည်းနည်းချင်းစီ ရှာဖွေစုဆောင်းသွားဖို့ ရည်ရွယ်ထားပါတယ်။ ငွေကြေးရင်းနှီးမြှပ်မှု မပြုလုပ်နိုင်သူတွေအတွက် ဖြည်းဖြည်းချင်းနဲ့ ပန်းတိုင်ရောက်အောင် ကြိုးစားသွားရမှာပဲ မဟုတ်ပါလား။ မြန်မာတွေ Hive Platformမှာ အောင်မြင်ဖြစ်ထွန်းပါစေ။