လူပီသ​စေဖို့ ( To be human )

ယိုယွင်းတယ်ဆိုတဲ့ စကားက တဖြည်းဖြည်းနဲ့ ပျက်စီးလာခြင်းလို့ အဓိပ္ပါယ်​ဖော်နိုင်ပါတယ်။ အချို့အရာ​တွေက တဖြည်းဖြည်းနဲ့ မသိမသာ ယိုယွင်းလာခြင်းဖြစ်ပြီး တချို့အရာ​တွေက သိသိသာသာ ယိုယွင်း ပျက်စီးလာပါတယ်။ မသိမသာ ပျက်စီးယိုယွင်းလာတဲ့ အရာကို ဥပမာပြရရင် ရာသီဥတုဖြစ်ပါတယ်။

သိသိသာသာ ယိုယွင်းပျက်စီးမှုကို ဥပမာပြရရင် ယခုလက်ရှိ အ​ခြေအ​နေနဲ့ ခိုင်းနှိုင်းပြရမယ်ထင်ပါတယ်။ အားလုံးလည်း သိရှိပြီး ဖြစ်တဲ့အတွက် အ​ထွေအ​ထူး​တော့ မ​ပြော​တော့ပါဘူး။ သိသိသာသာကို ပျက်စီးလာတဲ့ ​နောက်ဥပမာ တစ်ခုက​တော့ လူ​တွေရဲ့ စိတ်ဓါတ်ပိုင်း​လို့ ပြောရမလိုပါဘဲ။ကိုယ်ကျင့်တရား အ​ခြေခံလူ့ယဥ်​ကျေးမှု ဘာသာတရား အဆုံးအမ​တွေက လူ​တွေရဲ့ စိတ်နှလုံးကို ယဥ်​ကျေးလိမ်မာလာဖို့ မစွမ်းသာ​တော့တာလား။

ယ​နေ့​ခေတ်အချိန်မှာ က​လေးသူငယ်​​​တွေ လူလတ်ပိုင်းမှသည် သက်ကြီးရွယ်အိုအထိ နည်းမျိုးစုံနဲ့ သတ်ဖြတ်ခံ​နေကျရပါတယ်။ စစ်​ဘေး ​ရောဂါ​ဘေးစသည့် အင်မတန်​ကြောက်စရာ ​ကောင်းတဲ့ ကပ်​ဘေးဆိုးကြီးမှာ ကျမတို့ ရှင်သန်​နေထိုင်ရတဲ့အခါ ကိုယ်ကျင့်တရား ​အ​ခြေခံ​ကောင်း​တွေကို ပစ်ပယ်မထားဖို့ဘဲ ကျမက​တော့ တိုက်တွန်းချင်ပါတယ်။ ဒါမှ လူလို့ ​ခေါ်ထိုက်ပြီး အ​သေလှ အ​နေလှနိုင်မှာပါ။ ဒါ​ကြောင့် ​ခေတ်ကြီး ဘယ်​လောက်ပျက်စီး​နေပါ​စေ လူ့အသိုင်းအဝိုင်းမှာ ​နေထိုင်​နေ​သေးသ​ရွေ့ လူပီသ​အောင် ​နေထိုင်နိုင်ကြပါ​စေ။

H2
H3
H4
3 columns
2 columns
1 column
10 Comments
Ecency