Hive Power Up Day

လွန်ခဲ့တဲ့ နှစ်​တွေက​ စာ​ရေးရင်း စု​ဆောင်းထားတဲ့ Steem​တွေ ကျမ Steem အကောင့်ထဲမှာ လေးရာ​ကျော်ရှိပါတယ်။ Steem က​နေ Hiveကို ​ပြောင်းကျ​တော့ ကျမလည်း ဒီ အချိန်အတွင်း စာမ​ရေးဖြစ်တာ​ကြောင့် Hiveနဲ့ အဆက်အသွယ်ပျက်ခဲ့ပါ။

img_0.8205300060034852.jpg

ကိုဟင် (@kachinhenry)ပြောပြမှ Steemက​နေ Hiveကို ​ပြောင်းရ​ကြောင်းနဲ့ Hive Myanmar မိသားစုဝင်​တွေရဲ့ လမ်းညွှန်မှု​ကြောင့် လွန်ခဲ့တဲ့ တပတ်မှ စ၍ Steemအ​ကောင့်ထဲ ကျန်​နေတဲ့ Steem power ၄၀၀​ကျော်ကို power downရပါတယ်။ ချက်ချင်း​တော့ ရတာမဟုတ်ဘဲ Steemတစ်ရာ​ကျော်ကို တပတ် ၇ ရက်ကြာပါတယ်။ အားလုံးရဖို့ဆိုရင် တလ​ကျော်ကြာမှာ ဖြစ်ပါတယ်။ ယခုတပတ်မှာ ရလာတဲ့ Steemတစ်ရာ​ကျော်ကို @kyiရဲ့ ​ကျေးဇူးနဲ့ Hive အ​ကောင့်ထဲ ထည့်ခဲ့ရပါတယ်။ Steem ၁၀၀​ကျော်ကို 31 hive ရပါတယ်။ Steemက​နေ hive ​ပြောင်းတာကို​တော့ @kyiက ကူညီ​ပေးပါတယ်။

img_0.674333544335866.jpg

ရလာတဲ့ Hive​လေး​တွေကို ဒီ​နေ့ပဲ power upလိုက်ပါပြီ။ ကိုယ့် Hive အ​ကောင့်​လေး Power များလာ​တော့ ဝမ်းသာတာ​ပေါ့ရှင်။ သူများ​တွေကို Vote ​ပေးရင် အရင်ကထက် များလာမှာဆို​တော့ ​ကျေနပ်မိပါတယ်။ Hive Myanmar မိသားစု​တွေ အားလုံး ရွှင်လန်းချမ်း​မြေ့ပါ​စေ။

H2
H3
H4
3 columns
2 columns
1 column
26 Comments
Ecency