Strength arrows

8_lines.png

မွေးနေ့၊ မွေးလ၊ မွေးနှစ်တွင် ပါရှိသော ဂဏန်းများအရ Planning , Willpower , Activity , Practicality , Emotions , Intellect , Determination , Compassion ဟုခေါ်သော မြား ၈ စင်း ရှိနေပါသည်။

လူတဦး၏ မွေးနေ့အရ ဇာတာငယ် (Birthchart) တွင် ဂဏန်းသုံးလုံးတွဲများကို လေ့လာဆန်းစစ်၍ အဓိပ္ပါယ် ဖော်ထုတ်နိုင်ပါသည်။ ဂဏန်းသုံးလုံးတွဲရလျှင် မြားတစင်းရသည်ဟု တင်စားလိုပါသည်။

ယနေ့တွင် Determination , Compassion ဟူသော မြား ၂ စင်းအကြောင်းအပြင် ရေးသားပြီးသည်များကို စုစည်း၍ ပြည့်ပြည့်စုံစုံ ဖော်ပြပေးလိုက်ပါသည်။ မိတ်ဆွေများအနေဖြင့် Reblog လုပ်၍၎င်း၊ ဖုန်း သို့မဟုတ် ကွန်ပြူတာတွင်၎င်း၊ ဆန္ဒရှိပါက သိမ်းဆည်းထားနိုင်ပါသည်။

မြားအပြည့်အစုံ (ဂဏန်းသုံးလုံးတွဲ ရရှိခြင်း) သည် သင်၏ အပြုသဘောဆောင်သော စရိုက်လက္ခဏာများနှင့် အားသာချက်များကို ကိုယ်စားပြုသည်။ ၎င်းတို့ကို သင့်ဘဝ တိုးတက်စေရန်အတွက် အသုံးချနိုင်သော ပင်ကိုယ် စွမ်းရည်များအဖြစ် တွေးကြည့်နိုင်ပါသည်။

မြားအလွတ်တခု (ဂဏန်းသုံးလုံးတွဲ မရရှိခြင်း) သည် သင့်အား မည်သည့်နေရာတွင် ချို့တဲ့နေသနည်း။ သင့်ကိုယ်သင် ပြုပြင်ရန် လိုအပ်သည့် သဘောထားကို ပြသနေသည်။ ၎င်းသည် သင်၏ အဆိုးမြင်ပုံစံများနှင့် သဘောထားများကို ဖော်ထုတ်ရန် ကူညီပေးပါသည်။

သင်သည် မြားတခုမှ မရရှိပါက၊ ၎င်းသည် ဆိုးရွားသည့် အခြေအနေမဟုတ်ပါ။ သင်သည် လိုက်လျောညီထွေရှိသော ကိုယ်ရည်ကိုယ်သွေးကို ပြသသည်။ မတူညီသော အခြေအနေများနှင့် သင့်ကိုယ်သင် ပြုပြင်ပြောင်းလဲ၍ အခက်အခဲနှင့် ပြဿနာကို ကျော်လွှားနိုင်ပါသည်။

လူတချို့တွင် မြားတစင်းထက်ပို၍ ပါဝင်နိုင်သလို လူတချို့တွင် လုံးဝ မပါဝင်တာမျိုးလည်း ရှိနိုင်ပါသည်။ ဂဏန်းသုံးလုံးတွဲများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

လွယ်ကူသောနည်းမှာ သင်၏မွေးနေ့ အပြည့်အစုံတွင် ဤသို့ သုံးလုံးတွဲများ ပါမပါကို စစ်ဆေးကြည့်ခြင်းဖြင့် သိရှိနိုင်ပါသည်။

(1+2+3)
(4+5+6)
(7+8+9)
(1+4+7)
(2+5+8)
(3+6+9)
(1+5+9)
(3+5+7)

Planning (1+2+3)

သူတို့သည် အကောင်းဆုံး စီမံကိန်း ရေးဆွဲနိုင်သည်။ သူတို့သည် လုပ်ငန်းများအပေါ် အသေးစိပ် ခွဲခြမ်းစိတ်ဖြာခြင်းဖြင့် အမြဲတမ်း အာရုံစိုက်နေတတ်သည်။ ထိုသို့ အလုပ်ရှုပ်နေသောကြောင့် သူတို့၏ လူမှုဆက်ဆံရေးမှာ အေးစက်စက်နိုင်လွန်းခြင်း နှင့် တကိုယ်ကောင်းဆန်သလို တွယ်တာမှုမရှိသလို ဖြစ်နေတတ်သည်။ (1+2+3) မြားရှိသူများသည် ၎င်းတို့၏ လွတ်လပ်သောတွေးခေါ်မှုနှင့် ကိုယ်ပိုင်လွတ်လပ်ခွင့်ကို များစွာတန်ဖိုးထားကြသည်။

Willpower (4+5+6)

သူတို့သည် မိမိကိုယ်ကို ထိန်းချုပ်မှုနှင့် ဆုံးဖြတ်မှုကို ညွှန်ပြသည်။ ကြီးမားသောအလုပ်များ၊ တာဝန်များ၊ အတားအဆီးများ- စသည်တို့ကို ကိုင်တွယ်နိုင်စွမ်း ရှိကြသည်။ သူတို့သည် ငယ်ရွယ်စဉ်မှစကာ မိမိကိုယ်ကို အားကိုး၍ တစ်ကိုယ်ကောင်းဆန်သူအဖြစ် ကြီးပြင်းလာတတ်သည်။ ထို့အတွက်ကြောင့် ၎င်းတို့တွင် ခေါင်းမာလွန်းသည့် သဘောကို တွေ့နိုင်သည်။ သူတို့၏ စွမ်းရည်ကို ဟန်ချက်ညီအောင်ထိန်းထားခြင်းအားဖြင့် သူတို့ကိုယ်သူတို့ အလွန်အကျွံ မဖြစ်စေရန် စောင့်ရှောက်သင့်ပါသည်။

Activity (7+8+9)

ကိုယ်ရောစိတ်ပါ တက်ကြွစွာ ဆောင်ရွက်မှုသည် သူတို့ဘဝ၏ ကြီးမားသော အစိတ်အပိုင်းတခုဖြစ်သည်။ သူတို့သည် အမြဲတစေ ရွေ့လျားနေစေမည့် အလုပ်များကို ရွေးချယ်လေ့ရှိသည်။ သူတို့သည် လူမှုဆက်ဆံရေး ကျယ်ပြန့်၍ စကားပြောရခြင်းကို နှစ်သက်တတ်ကြသည်။ ပုံမှန်အားဖြင့် (7+8+9) မြားရှိသူများသည် တခါတရံ မည်သို့ ရပ်တန့်ရမည် အနားယူရမည်ကိုပင် မသိကြပါ။ ထို့ကြောင့် သူတို့သည် ခြေကုန်လက်ပန်းကျအောင် ဆောင်ရွက်ခြင်းကို ဂရုစိုက်သင့်သည်။

Practicality (1+4+7)

သူတို့သည် လက်တွေ့ကျကျ ဖြေရှင်းရန် ကမ္ဘာမြေကြီးပေါ်သို့ ရောက်လာသူများ ဖြစ်သည်။ မည်သည့်အခြေအနေ သို့မဟုတ် မည်သည့်ပြဿနာကိုမဆို တွေးတောကြံဆနိုင်ကြသည်။ သူတို့သည် ၎င်းတို့ယုံကြည်သည့်အရာအတွက် ကြာရှည်စွာ ကြိုးစားလုပ်ဆောင်လေ့ရှိကြသည်။ သူတို့သည် အများအားဖြင့် ရုပ်ဝါဒဆန်သူများ၊ ရုပ်ဝတ္ထုပစ္စည်းပိုင်းဆိုင်ရာ ကျွမ်းကျင်သောသူများ ဖြစ်နေတတ်သည်။ ဤလူများသည် ဘဝတွင် လက်တွေ့ကျကျ ဖြေရှင်းတတ်သည့် အခြေခံသဘောရှိသောကြောင့် သူတို့အတွက် အသုံးမဝင်သော သို့မဟုတ် အရေးမကြီးသော အသေးစိတ် အချက်အလက်များကို မေ့လျော့ထားတတ်ကြသည်။ သူတို့သည် ရုပ်ဝါဒီဆန်သောကြောင့် ပေါင်းရသင်းရ ခက်ခဲတတ်သည်။

Emotions (2+5+8)

သူတို့သည် ကောင်းမွန်သော စိတ်ပိုင်းဆိုင်ရာ ဟန်ချက်ညီမှုနှင့် ဉာဏ်ရည်ဉာဏ်သွေးရှိသူများ ဖြစ်ကြသည်။ သူတို့၏ လှိုက်လှဲပြူငှာမှုနှင့် နွေးထွေးသောဆက်ဆံရေးကြောင့် လူများစွာကို စည်းရုံးချိတ်ဆက်ရန် ၎င်းတို့အတွက် အလွန်လွယ်ကူသည်။ ဤလူများသည် များသောအားဖြင့် လူများစွာကို ဆွဲဆောင်နိုင်သည့် ပါဖောင်းမန့်ကောင်ကောင်း ပြုလုပ်နိုင်သူများ ဖြစ်သည်။ အချို့က စိတ်ခံစားမှုဆိုင်ရာ ဒရာမာချိုးရာတွင် စံတင်လောက်သူများ ဖြစ်နေတတ်သည်။ သူတို့၏ စိတ်ခံစားချက်ဆိုင်ရာက လူမသိ သူမသိ မွန်းကြပ်နေသည့်တိုင် တခြားသူမျာအားအကြံဉာဏ်ပေးရခြင်းကို ကြိုက်နှစ်သက်သည်။ ထို့ကြောင့် သူတို့သည် သူတို့၏ အသိဉာဏ် ပညာ ဗဟုသုတများကို မျှဝေခြင်းနှင့် တခြားသူများကို ကူညီရန် အာရုံစိုက်သင့်သည်။

Intellect (3+6+9)

သူတို့သည် မှတ်ဉာဏ်ကောင်းသူ၊ ထက်မြက်သော ဉာဏ်ရည်ဉာဏ်သွေးနှင့် ခေတ်မှီသောသူများ ဖြစ်ကြသည်။ ရံဖန်ရံခါတွင် ပျင်းရိခြင်း သို့မဟုတ် စိတ်ပါဝင်စားမှုမရှိခြင်းကြောင့် ၎င်းတို့၏စွမ်းရည်ကို အပြည့်အဝ အသုံးမပြုနိုင်ပါ။ ၎င်းတို့သည် စိတ်ခံစားမှု သို့မဟုတ် လက်တွေ့ထက် ဉာဏ်ရည်ဉာဏ်သွေးကို ပို၍ အသုံးချတတ်သည်။ ၎င်းတို့၏ ဦးနှောက်များသည် လျင်မြန်သော ခွဲခြမ်းစိတ်ဖြာမှု နှင့် ဆင်ခြင်တွေးခေါ်နိုင်စွမ်းရှိသောကြောင့် ပြဿနာများကို လွယ်ကူလျှင်မြန်စွာ ဖြေရှင်းနိုင်ကြသည်။ သို့သော် သူတို့သည် သူတို့ကိုယ်တိုင်ရော တခြားသူများ၏ စိတ်ခံစားချက်များကိုပါ မကြာခဏ လျစ်လျူရှုထားတတ်ကြသည်။ သူတို့လောက် ဉာဏ်ရည်ဉာဏ်သွေး မကောင်းသော တခြားသူတွေများအပေါ် စိတ်မရှည်တတ်ကြပါ။ ထို့ကြောင့် သူတို့သည် ဉာဏ်ရည်ဖွံ့ဖြိုးမှုအပြင် စာနာမှု၊ လူမှုဆက်သွယ်မှုနှင့် လူမှုရင်းနှီးမှုတို့လည်း လုပ်ဆောင်သင့်သည်။

Determination (1+5+9)

ဤသူများသည် ရည်မှန်းချက်ကြီးသူ၊ ဇွဲနပဲ၊ တင်းကျပ်သော စည်းကမ်းရှိသူများဖြစ်သည်။
စိတ်အားထက်သန်မှု ကြီးမားသောကြောင့် အရာရာကို ကောင်းမွန်စွ ာလုပ်ဆောင်ရန် စိတ်ပိုင်းဖြတ်ထားသူများ ဖြစ်ကြသည်။ ဤသူများသည် ဆုတ်ယုတ်မှုများမှ အလွယ်တကူ ပြန်ထနိုင်ပြီး မိမိတို့သွားရာလမ်းတွင် ကျရောက်လာသော မည်သည့်အတားအဆီးများကိုမဆို ကျော်လွှားနိုင်ကြသည်။သူတို့မှာ သူတို့၏ ပန်းတိုင်များဆီသို့အာရုံစူးစိုက်ထားနိုင်သည့် ထိုးထွင်းအမြင်နှင့် စွမ်းအားမျာလည်း ရှိသည်။ သူတို့သည် ထိပ်တန်းသို့တက်လှမ်းနေသော စီးပွားရေးသမားများ ဖြစ်နိုင်သည်။ သူတို့၏ဘဝတွင် ပိုမိုအောင်မြင်မှုနှင့် သဟဇာတဖြစ်အောင် ဖန်တီးရန်အတွက် မတူညီသောအမြင်များကို နားထောင်ကာ ပိုမိုလိုက်လျောညီထွေဖြစ်အောင် သင်ယူသင့်သည်။

Compassion (3+5+7)

ဂရုဏာစိတ်နှင့် ဝိညာဉ်ရေး၏မြားဟု ခေါ်ဆိုသည်။ ဤလူများသည် အခြားသူများအပေါ် အဆုံးမရှိသော စာနာမှု ပေးတတ်ကြသည်။ ကြင်နာမှု၊ သစ္စာရှိမှု၊ တီထွင်ဖန်တီးနိုင်စွမ်းမှုတို့ကို သူတို့ဆီတွင် မကြာခဏ တွေ့ရသည်။ သူတို့သည် အတွင်းစိတ် တည်ငြိမ်ပြီး သူတို့ဘဝ၏ အနိမ့်အမြင့်ကို လက်ခံနိုင်ကြသည်။ သူတို့သည် ဒဿနပညာရှင် သို့မဟုတ် ဂီတပညာရှင် ဖြစ်နိုင်သည်။ သူတို့သည် ဝိဇ္ဇာမယပညာ၊ မှော်အတတ် သို့မဟုတ် စိတ်ပညာတို့ကိုလည်း စိတ်ဝင်စားနိုင်သည်။ သူတို့သည် ငြိမ်းချမ်းရေး၊ ခြွင်းချက်မရှိသော ချစ်ခြင်းမေတ္တာနှင့် နူးညံ့သိမ်မွေ့မှုကို ယူဆောင်လာကာ လူတိုင်းအတွက် ငြိမ်းချမ်းရေးနှင့် ချစ်ခြင်းမေတ္တာကို မြှင့်တင်လိုကြသည်။

ဥပမာ - လူတဦးသည် (25.04.1987) နေ့တွင် မွေးဖွားသည် ဆိုပါစို့။ ထိုသူသည် (1+4+7) ၊ (2+5+8) နှင့် (1+5+9) မြား ၃ စင်း ရရှိကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် သူသည် Practicality၊ Emotions၊ Determination သဘောသဘာဝရှိသူ ဖြစ်သည်။

ဤသို့ Strength arrows များအကြောင်း ရေးသားပြီးသည်ဖြစ်၍ နောင်အခွင့်အခါ သင့် ချိန်တွင် Weakness arrows များအကြောင်း ဆက်လက်ရေးသားပေးပါဦးမည်။

ဤပို့စ်ကို ဖတ်ရှုရာတွင် အခက်အခဲရှိပါက ယခင်ပို့စ်ဖြစ်သော Birthchart ကို ဖတ်ရှုရန် လိုအပ်ပါသည်။ သင်္ချာဗေဒပို့စ်အားလုံးသည် မိမိ၏ ဘလော့ပေါ်တွင် တည်ရှိနေပါသည်။

မော်ဒန်သင်္ချာဗေဒ၏ လေ့လာရန် လွယ်ကူသော ပထမဦးစွာ မိတ်ဆက်ရေးသားပေးခြင်း ဖြစ်ပါသည်။ မော်ဒန်သင်္ချာဗေဒအကြောင်း ပြီးစီးပါက - ဆရာကြီး ကိုင်ရို အသုံးပြုခဲ့သောစနစ်ကို ဆက်လက်ရေးသားပါဦးမည်။


မိတ်ဆွေအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

@sayalu
07.01.2022

H2
H3
H4
3 columns
2 columns
1 column
4 Comments
Ecency