China Bans Crypto

btcusd240921.png

တရုပ်အစိုးရ၏ ပြည်သူ့ဘဏ်မှ Bitcoin အပါအဝင် Cryptocurrency များ ရောင်းဝယ်ခြင်း နှင့် မိုင်းတူးခြင်း (trading and mining ) အား တရားမဝင်ကြောင်းနှင့် တင်းကြပ်သော စောင့်ကြည့်မှုများ၊ ပြင်းထန်သောအပြစ်ပေးမှုများ ဆောင်ရွက်သွားမည်ဟု စက်တင်ဘာ ၁၅ ရက်နေ့က ကြေညာချက် ထုတ်ပြန်သည်။

ဤကြေညာချက်ထဲတွင် တရုပ်နိုင်ငံသားများကို ပြည်ပမှ ဝန်ဆောင်မှု ပေးနေသော Exchange လုပ်ငန်းများလည်း အပါအဝင်ဖြစ်သည်။ ပါဝင်ပတ်သက်မှုအားလုံးကို စုံစမ်းစစ်ဆေးမှုနှင့် အရေးယူမှုများ လုပ်ဆောင်သွားမည်ဟု ဖော်ပြထားသည်။

ဤသတင်း၏ နောက်ဆက်တွဲ အနေဖြင့် Crypto market တွင် ထိပ်ဆုံးမှ နေရာယူထားသော Bitcoin နှင့် Ethereum တို့သည် ၈ ရာခိုင်နှုန်း နှင့် ၁၀ ရာခိုင်နှုန်းအထိ ဈေးကျလာသည်ဟု သိရသည်။ ပုံမှာ လွန်ခဲ့သော စက်တင်ဘာ ၂၄ ရက်နေ့ ၊ Bitcoin ဈေးနှုန်းထိုးဆင်းလာပုံ ဖြစ်သည်။

အကျိုးဆက်အနေဖြင့် Huobi exchange မှ တရုပ်နိုင်ငံသားများကို ဆက်လက်သုံးစွဲခွင့်ပြုတော့မည် မဟုတ်ကြောင်း နှင့် Binance exchange မှ တရုပ်နိုင်ငံသားများကို users registration လုပ်ခွင့်ပြုတော့မည် မဟုတ်ကြောင်းလည်း သတင်းထွက်ပေါ်လာသည်။

ထို့ကြောင့် တရုပ်နိုင်ငံသားများသည် လက်ဝယ်တွင်ရှိနေသော Crypto များကို ထုတ်ရောင်းနေသည်မို့ ဈေးနှုန်းများ ကျဆင်းလာသည်ဟု ယူဆရပါသည်။ သို့သော် Bitcoin ၏ ယနေ့ဈေးနှုန်းမှာ လွန်ခဲ့သောနှစ်ရက်ကလောက် ကျဆင်းခြင်း မရှိတော့ပဲ ပြန်လည်ဦးမော့နေသည်ကိုလည်း တွေ့ရပါသည်။

Hive Myanmar မှ မိတ်ဆွေများအတွက် အသုံးဝင်နိုင်သည်ဟု တွေးဆချက်ဖြင့် သတင်းအချက်အလက် မျှဝေခြင်းသာ ဖြစ်ပါသည်။ ခရစ်တိုငွေကြေး လောကသည် တိမ်တောင်သဖွယ်၊ မင်းရေးကျယ် ဆိုသကဲ့သို့ ခန့်မှန်းရခက်လှသည်ဟု ထင်သည်။ ထို့ကြောင့် နောက်ဆက်တွဲ သတင်းအချက်အလက် များကိုသာ စောင့်မျှော်နေမိသည်။


မိတ်ဆွေအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

@sayalu
26.09.2021