Blockchain မှတ်စု

blockchain.jpg

ဒုတိယ စာစုအနေဖြင့် Blockchain အကြောင်း သိကောင်းစရာများကို ဖတ်မိသမျှ ပြန်လည် မျှဝေပေးလိုပါသည်။ ဤစာစုပါ အချက်အလက်များသည် စာဖတ်သူများအတွက် တစုံတရာ အကျိုးရှိလိမ့်မည်ဟု မျှော်လင့်ပါသည်။

Bitcoin မှ အစပြုသည့် Cryptocurrency ရေစီးကြောင်းထဲတွင် အဓိက မောင်းနှင်အားမှာ Blockchain Technology ဖြစ်ကြောင်း စာဖတ်သူများ သိရှိပြီး ဖြစ်ပါလိမ့်မည်။ တနည်းအားဖြင့် ခရစ်တိုငွေကြေး နှင့် ဘလော့ချိန်းတို့သည် ခေါင်းနှင့်ပန်းသဖွယ် ဆက်စပ်နေပါသည်။

မိမိိတို့ ဘဏ်စာအုပ်ထဲရှိ အပ်နှံငွေများအကြောင်းကို စဉ်းစားကြည့်ပါ။ ထိုငွေများသည် Ledger ငွေစာရင်းစာအုပ်ထဲမှ ကိန်းဂဏန်းများသာ ဖြစ်ပါသည်။ ငွေသွင်းခြင်း သို့မဟုတ် ငွေထုတ်ခြင်းဖြင့် ကိန်းဂဏန်းများ ပြောင်းလဲစေသည်။ ဤလုပ်ငန်းစဉ် များအား ဘဏ်များမှ Centralized ဗဟိုထိမ်းချုပ်မှု စနစ်ဖြင့် အလုပ်လုပ်နေခြင်း ဖြစ်သည်။ Centralized Ledger စနစ် ဖြစ်ပါသည်။

ခရစ်တို ငွေကြေးစနစ်တွင်မူ ဘဏ်များနှင့် Server များကို ဖယ်ထုတ်လိုက်သည်။ Decentralized စနစ်ဖြင့် ကွန်ပြူတာ ၂ လုံး တိုက်ရိုက်ချိတ်ဆက်၍ အပြန်အလှန် လွှဲပြောင်းပေးနိုင်သည်။ ဤတာဝန်ကို Blockchain မှ ဆောင်ရွက်ပေးပါသည်။ Blockchain ထဲတွင် ပါဝင်နေသော Peers / Nodes အားလုံးသည် Transactions ငွေလွှဲပြောင်းမှုမှတ်တမ်များအားလုံး နှင့် Ledgers ငွေစာရင်းများအားလုံးကို သိမ်းဆည်းထားပေးပါသည်။ Decentralized Ledger စနစ်ဖြစ်သည်။

Blockchain ထဲတွင် Transaction တခုကို Confirmed အတည်ပြုပြီးပြီ ဆိုပါက မည်သူမျှ ပြန်လည်၍ ပြုပြင်ခွင့် မရှိတော့ပါ။ Block အသစ် တခုကို Blockchain ထဲတွင် ပေါင်းထည့်လိုက်ပြီဖြစ်၍ နောက်ကြောင်းပြန်ခွင့် လုံးဝမရှိတော့ပါ။ ဤသည်မှာ Blockchain တခု၏ အခြေခံ လုပ်ငန်းစဉ် ဖြစ်ပါသည်။

Block တခုစီတိုင်းတွင် Data ၊ Hash ၊ Hash of the previous block ဟူ၍ အစိတ်အပိုင်း (၃) ခုပါဝင်သည်။ Block တခုတွင်းရှိ Hash သည် ဥပမာအားဖြင့် လူတို့၏ လက်ဗွေရာကဲ့သို့ အခြား Block တခုတွင်းရှိ Hash ဖြင့် လုံးဝ တူညီခြင်း မရှိပေ။ ဆိုလိုသည်မှာ တခုနှင့် တခု လုံးဝမတူညီသော Block များကို သံကွင်းဆက်သဖွယ် ချိတ်ဆက်ထားသောကြောင့် Blockchain ဟု ခေါ်ဆိုခြင်းလည်း ဖြစ်သည်။

ယနေ့အချိန်ထိ ထွက်ပေါ်လာသမျှ Cryptocurrency အားလုံးသည် ကိုယ်ပိုင် Blockchain ပေါ်တွင် တည်ရှိနေသည်တော့ မဟုတ်ပေ။ Bitcoin ၊ Ethereum ၊ Litecoin ၊ Dogecoin ၊ အစရှိသည်တို့မှာ သူတို့၏ ကိုယ်ပိုင် Blockchain ပေါ်တွင် လည်ပတ်နေကြသည်။ မြောက်များစွာသောအမည်နာမ မျိုးစုံ Tokens များမှာမူ ကိုယ်ပိုင်မဟုတ်သော Blockchain တခုခုကို အသုံးပြု၍ ဈေးကွက်ဝင်ရန် ကြိုးပမ်းနေကြသည်လည်း ရှိသည်။

Blockchain Technology ကို ခရစ်တိုငွေကြေး လောကတွင်သာ သုံးစွဲသည် မဟုတ်ပေ။ အခြားသော Sector အသီးသီးတွင်လည်း အသုံးပြုနေကြပြီ ဖြစ်သည်။ ဥပမာ Markets ၊ Government Sector ၊ Internet of Things (IoT) ၊ Health ၊ Science & Art ၊ Finance & Accounting ၊ စသည်တို့တွင် သုံးစွဲနေကြသည်။

နမူနာအားဖြင့် Covid 19 ကပ်ရောဂါဆိုးကြီးကို တိုက်ဖျက်ရန်အတွက် COVID-19 Vaccine Supply Chain လုပ်ငန်းစဉ်ဖြစ်သော ကာကွယ်ဆေးစာရင်းများ၊ ကုထုံးဆေးဝါးစာရင်းများ၊ ဆေးဝါးသိုလှောင်ခြင်း၊ စသည်တို့ကို ခြေရာခံ မှတ်တမ်းပြုစုခြင်းအတွက် Blockchain နည်းပညာကို လက်တွေ့ အသုံးချနေပါသည်။

သို့သော် Blockchain Technology သည်လည်း နည်းပညာနယ်ပယ်တွင် အားသာချက်ချည်း သက်သက်ဖြင့် ထွက်ပေါ်လာသည်တော့ မဟုတ်ပေ။ နည်းပညာတို့၏ သဘောသဘာဝအရ အားနည်းချက်များ အထိုက်အလျောက် ရှိနေပါသည်။ လက်ရှိအချိန်နှင့် အနာဂါတ်တွင် Blockchain Versions ကို အဆင့်ဆင့် တိုးတက်ကောင်းမွန်လာအောင် မွန်းမံတီထွင်ခြင်းအားဖြင့် အားနည်းချက်များကို ကျော်လွှားနိုင်မည်ဟု ယူဆပါသည်။

Blockchain အကြောင်း ဤမျှဖြင့် ရပ်နားလိုပါသည်။ ဤစာစုကို ဖတ်ရှုရာတွင် အချက်အလက် မှားယွင်းမှု၊ တင်ပြချက် အားနည်းမှုတို့ကို တွေ့ရှိပါက စာဖတ်သူများ အနေဖြင့် မိမိအား ထိုက်သင့်သော အကြံဉာဏ်များ ပေးနိုင်ပါသည်။

မိတ်ဆွေအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

@sayalu
12.09.2021-Sun-09:00 PM

H2
H3
H4
3 columns
2 columns
1 column
5 Comments
Ecency