အနှစ် ၃၀ သံသရာ vicious circle

circle.png

ဤစာစုတွင် နိုင်ငံရေးဆိုင်ရာ သမိုင်းဆိုင်ရာများ ပါဝင်နေ၍ စာလေးမည်ကို စိုးရိမ်သော်လည်း နိုင်ငံရေး အပြောင်းအလဲနှင့် ခုနှစ်သက္ကရာဇ်များ၏ ကလင်ဒါကျ တိုက်ဆိုင်မှုများကို စိတ်ဝင်စားဖွယ် တွေ့ရှိရပါသည်။ သို့သော် အဆိုးကြော့ သံသရာ (vicious circle) ဖြစ်နေသည်မှာလည်း အမိနိုင်ငံတော်အတွက် ဝမ်းနည်ဖွယ်ရာ ကောင်းလှသည်။

မြန်မာနိုင်ငံသည် လွတ်လပ်ရေးရရှိသည့် ၁၉၄၈ မှ ၁၉၅၈ အထိ ပါလီမန် ဒီမိုကရေစီစနစ် ကျင့်သုံးခဲ့ပါသည်။ ထို့နောက် ၁၉၅၈ ခုနှစ်တွင် ပါလီမန် ဝန်ကြီးချုပ် ဦးနုနှင့် အစိုးရအဖွဲ့ နှုတ်ထွက်ခဲ့ရပြီးနောက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်နေဝင်းကို အာဏာလွှဲပေးခဲ့ရပါသည်။ ဗိုလ်ချုပ်နေဝင်း ဦးဆောင်မှုဖြင့် အိမ်စောင့်အစိုးရ ဖွဲ့စည်း၍ ၁၉၅၈ မှ ၁၉၆၀ အထိ အုပ်ချုပ်ခဲ့သည်။

၁၉၆၀ ဖေဖော်ဝါရီလ အထွေထွေရွေးကောက်ပွဲတွင် ပထစအစိုးရ ဝန်ကြီးချုပ် ဦးနု အာဏာပြန်လည်ရရှိလာသော်လည်း ၁၉၆၂ မတ်လတွင် ဗိုလ်ချုပ်နေဝင်းက ပထမအကြိမ် နိုင်ငံတော်အာဏာကို သိမ်းယူခဲ့သည်။ ထို့ကြောင့် ပထမအကြိမ်အဖြစ် ဒီမိုကရေစီမှ စစ်အုပ်ချုပ်ရေးသို့ ပြောင်းလဲသွားခဲ့သည်။

(၅၈၊ ၅၉၊ ၈၀) နှစ်များကို၎င်း၊ (၁၉၆၀) ရွေးကောက်ပွဲ နှင့် ပထမအကြိမ် အာဏာသိမ်းမှု၎င်း (A) ဟု သတ်မှတ်ထားပါမည်။

၁၉၆၂ မှ ၁၉၈၈ ကာလကို တော်လှန်ရေးကောင်စီ နှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေါင်းဆောင် ဗိုလ်ချုပ်နေဝင်းက နှစ်ပေါင်း (၃၀) ကြာ အုပ်ချုပ်ခဲ့ပါသည်။
၁၉၈၈ တွင် မဆလပါတီ ဖျက်သိမ်းခဲ့ရသော ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ပေါက်ပေါက်ခဲ့ရပါသည်။

ထို့နောက် စစ်တပ်မှ ဒုတိယအကြိမ်မြောက် အာဏာသိမ်းခဲ့ပြန်ပါသည်။ ၈၈၊ ၈၉၊ ၉၀ နှစ်များသည် နိုင်ငံရေး မုန်တိုင်းထန်ခဲ့သောနှစ်များ ဖြစ်ပြီးနောက် ၁၉၉၀ စက်တင်ဘာလတွင် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့ပါသည်။

သို့သော် ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီမှာ အာဏာအပ်နှင်းခြင်း မခံခဲ့ရပါ။ (၈၈၊ ၈၉၊ ၉၀) နှစ်များကို၎င်း၊ (၁၉၉၀) ရွေးကောက်ပွဲ နှင့် ဒုတိယအကြိမ် အာဏာသိမ်းမှုကို၎င်း (B) ဟု သတ်မှတ်ထားပါမည်။

(၂၀၁၈၊ ၂၀၁၉၊ ၂၀၂၀) ဤနှစ်များအတွင်း ပြည်သူ့အစိုးရသည် ကုလသမဂ္ဂ၏ ICJ တရားရုံးသို့ သွားရောက်၍ တရားရင်ဆိုင်ရခြင်းနှင့် အခြားသော ပြဿနာများစွာကို တာဝန်ခံ ဖြေရှင်းရသော ကာလဖြစ်ပါသည်။ ၁၉၉၀ မှ ၂၀၂၀ ကာလသည် နှစ်ပေါင်း (၃၀) ကြာမြင့်ခဲ့ပါသည်။

၂၀၂၀ နိုဝင်ဘာလတွင် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့ပါသည်။၂၀၂၁ တွင် စစ်တပ်မှ တတိယအကြိမ်မြောက် အာဏာသိမ်းခဲ့ပြန်ပါသည်။ (၂၀၁၈၊ ၂၀၁၉၊ ၂၀၂၀) နှစ်များကို၎င်း၊ (၂၀၂၀) ရွေးကောက်ပွဲ နှင့် တတိယအကြိမ် အာဏာသိမ်းမှုကို၎င်း (C) ဟု သတ်မှတ်ထားပါမည်။

(A) - (၅၈၊ ၅၉၊ ၆၀) နှစ်များ - (၁၉၆၀) ရွေးကောက်ပွဲ နှင့် ပထမအကြိမ် အာဏာသိမ်းမှု
(B) - (၈၈၊ ၈၉၊ ၉၀) နှစ်များ - (၁၉၉၀) ရွေးကောက်ပွဲ နှင့် ဒုတိယအကြိမ် အာဏာသိမ်းမှု
(C) - (၂၀၁၈၊ ၂၀၁၉၊ ၂၀၂၀) နှစ်များ - (၂၀၂၀) ရွေးကောက်ပွဲ နှင့် တတိယအကြိမ် အာဏာသိမ်းမှု

အထက်ပါ (A) (B) (C) တို့၏ အချိန်ကွာဟမှုသည် တခုနှင့် တခု နှစ်ပေါင်း (၃၀) ကွာခြားနေသည်ကို တွေ့ရပါမည်။

စာဖတ်သူ မိတ်ဆွေတို့ မည်သို့ တွေးထင်ယူဆကြပါသနည်း။
နှစ်ပေါင်း (၃၀) ကွာဟမှု အဆိုးကြော့သံသရာ တပတ်လည်ခြင်းသည် တိုက်ဆိုင်မှု သက်သက်ပေလော။
စစ်ဗိုလ်ချုပ်ကြီးများ၏ အာဏာထိမ်းချုပ်ရေး မဟာဗျူဟာ စီမံကိန်းများပေလော။
သို့တည်းမဟုတ် အလွန်နားလည်ရန် ခက်ခဲသော ဂမ္ဘီရဆန်ဆန် နိုင်ငံရေးကျိန်စာ တခုပေလော။


မိတ်ဆွေအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

@sayalu
29.11.2021

H2
H3
H4
3 columns
2 columns
1 column
3 Comments
Ecency