ယနေ့ သံဃာ့ဆောင် ရေစက်ချ အလှူ

အားလုံး မင်္ဂလာပါ

ယနေ့ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်တွင်ပြုလုပ်သော 'ဆုမြင့်ပန်'သံဃာ့ကျောင်းဆောင်ကြီး ကျောင်းလွတ်ပူဇာ ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားမှာ Oxford ဆရာတော်နဲ့ သံဃာတို့ထံမှ တရားတော်များ နာကြားခွင့်ရခဲ့ပါတယ်။

မှတ်မိသလောက် ပြန်လည်မျှဝေရရင်

  • အလှူဒါနပြုလုပ်တဲ့အခါ အခြားသူတို့လှူဒါန်းတာတွေကို မုဒိတာစိတ်နဲ့ ဝမ်းမြောက်ဝမ်းသာဖြစ်ခြင်းကြောင့် နတ်ပြည်ခြောက်ထပ်ရဲ့ အမြင့်ဆုံးအထပ်သို့ရောက်ကြရကြောင်း။

  • မိမိရဲ့ဒါနတင်မက အခြားသူတို့၏ဒါနကိုလဲ စိတ်ဝင်စား အသိအမှတ်ပြု ဝမ်းမြောက် မုဒိတာပွားများ ရမည်ဖြစ်ကြောင်း

  • ထိုသို့ဝမ်းမြောက် မုဒိတာပွားနိုင်ရန်အတွက် အခြား အလှူရှင်တို့၏နာမည်နှင့်မှတ်တမ်းလွာတို့ကို ဖတ်ကြားပေးအပ်ရခြင်းဖြစ်ကြောင်း

ဆရာတောဟောကြားသောတရားများထဲမှ အချို့ကိုမှတ်သားခဲ့ရပါသည်။

  • ယနေ့ ရေစက်ချမင်္ဂလာပြု‌လုပ်သော သံဃာ့ကျောင်းဆောင်ကြီးမှာ ကျပ်ငွေသိန်းရှစ်ထောင်ကျသင့်မည်ဟု ခန့် မှန်းထားသော်လဲ ပြီးစီးသည့်အချိန်တွင် ကျပ်ငွေသိန်း နှစ်သောင်းအထိ ကျသင့်ခဲ့ကြောင်းကိုလည်း သိရှိခဲ့ရပါသည်။ (နှစ်နှစ် အတွင်းငွေးကြေးတန်ဖိုး ပြောင်းလဲခြင်းကြောင့်) ယခု ပြီးစီးသွားချိန်မှာတော့ ဆရာတော်အနေနဲ့ အကြွေးတင်ကျန်ခဲ့ခြင်းမရှိဟု ဝမ်းမြောက်စွာသိရှိခဲ့ရပါသည်။

  • အချို့က ယခုသံဃာ့ကျောင်းဆောင် ပေါ်ကအချွန်အတက်များမှာ ခရိယာန်ဘုရားကျောင်း နှင့်တူစေသည်ဟု ပြောဆိုမှုများကြားမိကြောင်း၊ ဆရာတော်အနေဖြင့် သမာကျမ်းစာများဖတ်ရှုလေ့လာဖူးသည့်အထဲတွင် ထိုသို့အချွန်အတက်များမှာ ခရိယာန်နှင့် သက်ဆိုင်သည်ဟု ဖော်ပြထားခြင်းမျိုး မတွေ့မိကြောင်း

  • ထို အချွန်အတက်များသည် Dreaming Aspires - ရည်မှန်းချက်မြင့်မြင့်မားမား ထားရှိခြင်းကို ရည်ညွန်းလိုခြင်းဖြစ်ကြောင်း၊ စာသင်သံဃာများ ရည်ရွယ်ချက်မြင့်မြင့်မားမားထားရှိစေရန် ရည်ရွယ်ကြောင်း ဆရာတော်၏ တရားမှသိရှိမှတ်သားခဲ့ရပါသည်။

အလှူရေစက်ချပွဲ အပြီးတွင် နိဗ္ဗာန်ဈေးအလှူဒါနမြောက်အောင် ထိုဖူးသုတ်နှင့် မကျဉ်းဖျော်ရည်တို့ကိုလဲ အားပေးခဲ့ပါသည်။

ယခုဆောက်လုပ်ဆဲ အနေဖြင့် ကထိကဆောင်(၂) နှင့် ကျောင်းအဝင်မုတ်ဦးတို့ရှိပြီး မိတ်ဆွေတို့အနေဖြင့် ထည့်ဝင်လှူဒါန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

အားလုံးကျန်းမာ ချမ်းသာကြပါစေ။

@princekham
21st Nov 2023
Myanmar

H2
H3
H4
3 columns
2 columns
1 column
39 Comments
Ecency