တစ်ရက် တစ်နာရီ

အားလုံး မင်္ဂလာပါ။
တစ်ရက် တစ်နာရီ တရားထိုင်ဖို့ အရေးကြီးတာကို သိလာပါတယ်။ တရားထိုင်တယ်ဆိုတာ သမထ နဲ့ ဝိပဿနာ အားထုတ်တာကို ပြောတာပါ။ ဒီလို တရားထိုင်ခြင်းအားဖြင့်

  • ကိုယ်ဘယ်အာရုံတွေကို တုန့်ပြန်တာများနေလဲ၊ ဘယ်အာရုံကို ကျော်ရမလဲ သိလာပါတယ်။ တစ်ခါတစ်လေ အလုပ်တစ်ခုကို ဇောကပ်ပြီး လုပ်မိနေတတ်တာ ကျွန်တော့်အကျင့်ပါ။ အဲလို ဇောကပ်ပြီးလုပ်တော့ အခြား အရေးပါတဲ့ အလုပ်တွေမလုပ်မိ တာမျိုးကြုံရပါတယ်။ အများအားဖြင့် လုပ်ချင်တာကို မလုပ်ပဲ၊ လုပ်သင့်တဲ့ အလုပ်ကို လုပ်ဖို့လိုပါတယ်။ ဥပမာ ဒီနေ့လိုမျိုးဆို စာဖြေဖို့ ဦးစားပေးလုပ်ရမယ်ဆိုပေမယ့် ကိုယ်မပြီးသေးတဲ့ အလုပ်ကို ပဲ ဇောကပ်ပြီး လုပ်ချင်နေတဲ့စိတ်ကို သိလိုက်ရပါတယ်။ ဒီဇောကပ်တဲ့ စိတ်ကို ကျော်ပြီး ဒီနေ့ deadline အနေနဲ့ လုပ်ရမယ့်အလုပ်ကို လုပ်ရတော့မှာပါ။
  • ဒီနေရာမှာ ကျော်တယ်ဆိုတာက မတုန့်ပြန်ပဲ ဝေဒနာကို အဆုံးထိရှုတာကို ပြောချင်တာပါ။ အကျယ်ထပ်ပြောရင်တော့ မတုန့်ပြန်ပဲ သတိထားပြီး မချစ် မမုန်း ဥပေက္ခာနဲ့ ကြည့်တာပါ။ ဥပမာ ဒေါသစိတ်ဖြစ်ရင် ဒေါသစိတ်နဲ့ တုန့်ပြန်တာ၊ ဒေါသစိတ်ကို တုန့်ပြန်တာ မလုပ်ပဲ ဒီဒေါသစိတ် ကုန်ဆုံးပျောက်ပြယ်သွားတဲ့ အထိ သတိ ဥ‌ပေက္ခာနဲ့ကြည့်တာပါ။
  • တရားထိုင်တဲ့အခါ ခန္ဒာကိုယ်မှာ ဖြစ်တဲ့ ဝေဒနာတွေအပြင် စိတ်မှာ ဖြစ်တဲ့ ခံစားချက်ဝေဒနာတွေကို မတုန့်ပြန်ပဲ သတိ ဥပေက္ခာနဲ့ ရှုကြည့်ရတာပါ။ ဒီလိုကြည့်ခြင်းကပဲ ကိုယ့်ကို ပိတ်ဆို့နေတဲ့ ခံစားချက်ဝေဒနာတွေကို ကျော်နိုင်ပြီး ကိုယ်လုပ်ချင်တာ ပြီးမြောက်ချင်တာတွေကို ပိုပြီးဖြောင့်ဖြောင့်တန်းတန်း လုပ်သွားနိုင်မှာဖြစ်ပါတယ်။
  • ကျွန်တော် ဒီမနက် တရားအားထုတ်တဲ့ ကုသိုလ်နဲ့ အေးချမ်းမှုတို့ကို အားလုံးကို အမျှပေး ဝေပါတယ်။ အောက်ကတော့ ကျွန်တော် တရားထိုင်တဲ့ နေ့စဥ်မှတ်တမ်းလေးပါ။ ဒီနေ့တော့ တစ်နာရီပြည့်အောင် ထိုင်ဖြစ်ခဲ့ပါတယ်။ တရားစခန်းက သင်ကြားချက် အရဆိုရင်တော့ တစ်ရက် နှစ်နာရီ (မနက် ၁နာရီ၊ ည ၁နာရီ) ထိုင်ရမှာဖြစ်ပါတယ်။ ညပိုင်းလဲ အတန်းရှိတာမို့ အခြား အချိန်လေးတွေလျှော့ပြီး ထိုင်ဖို့ကြိုးစားကြည့်ပါဦးမယ်။

အားလုံးကျန်းမာ ချမ်းသာကြပါစေ။

@princekham
19 July 2024
Myanmar

H2
H3
H4
3 columns
2 columns
1 column
12 Comments
Ecency