အားလုံးမင်္ဂလာပါ။
မနေ့ကပဲ Hive နဲ့ ဆိုင်တဲ့ ပရိုဂရမ် ဘယ်လိုရေးမလဲ လေ့လာကြည့်မိပါတယ်။ Hive blog ပေါ်မှာ တင်ထားတဲ့ ပိုစ့် အချို့ကိုတော့ တွေ့မိပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကရေးထားတဲ့ ပိုစ့်လေး ပါ။
@learncode/part-1-coding-on-hive-with-python-setting-up
ပြီးတော့ Hive နဲ့ ဆက်စပ်ပြီး tutorial တွေတင်ထားတဲ့ ဆိုက်တစ်ခုကို တွေ့ရပါတယ်။
https://developers.hive.io/tutorials/
အဲဒီမှာ Hive နဲ့ ဆိုင်တဲ့ ပရိုဂရမ်ကို Javascript၊ Php၊ Python၊ Ruby စတဲ့ ဘာသာစကားတွေနဲ့ ရေးသားပုံကို သင်ပြထားတာကိုတွေ့ရပါတယ်။ ကိုယ်အားသန်တဲ့ ဘာသာစကားနဲ့ လေ့လာနိုင်ပါတယ်။
ကျွန်တော်ကတော့ Python အခြေခံ အနည်းငယ်ရှိသူမို့ Python နဲ့ ပရိုဂရမ် ရေးကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ (ရေးတယ်ဆိုပေမယ့် စုတုပြုဆိုရင်ပိုမှန်ပါမယ်။ သူများပရိုဂရမ်ကို ဟိုနားပြင် ဒီနားပြောင်းမို့ပါ။)
ပရိုဂရမ် တစ်ခု ရေးဖို့ ပထမဆုံး ကျွန်တော့်ကွန်ပျူတာထဲမှာ Python3 ရှိရပါမယ်။ ကံကောင်းစွာနဲ့ ကွန်ပျူတာထဲမှာ အရင်ကတည်းက သွင်းထားပြီးသား ဖြစ်နေပါတယ်။ မသွင်းရသေးရင်တော့ Python3 installer ကို ရှာပြီးသွင်းရပါမယ်။ ကွန်ပျူတာထဲမှာ Python3 အလုပ်လုပ်မလုပ်ကို Window ရဲ့ Command prompt မှာ
python --version
ဆိုပြီးရိုက်ထည့်ကြည့်နိုင်ပါတယ်။ ကျွန်တော့် ကွန်ပျူတာမှာတော့ သွင်းထားပြီးသားမို့ အောက်ပါအတိုင်း ကိုယ်သွင်းထားတဲ့ Python version လေးပေါ်ပါမယ်။
Python သွင်းပြီးရင်တော့ Hive နဲ့ ဆိုင်တဲ့ beem module လေးသွင်းဖို့ command prompt မှာ
python -m pip install beem
လို့ရိုက်ထည့်ရပါမယ်။ Windows မှာ pip သုံးဖို့ အရင်ဦးဆုံး pip ကိုတော့ သွင်းထားရပါမယ်။ အင်တာနက်မှာ ရှာဖွေနိုင်ပါတယ်။
ပြီးရင်တော့ ကျွန်တော်တို့ Hive နဲ့ ဆိုင်တဲ့ ပရိုဂရမ် ရေးလို့ရပါပြီ။
ကျွန်တော်စုတုပြုဖြစ်တဲ့ ပရိုဂရမ်ကတော့ Hive အကောင့်တစ်ခုမှာ voting power ဘယ်လောက်ရှိလဲ။ အချိန်ဘယ်လောက်ကြာရင်တော့ voting power 90% ပြန်ရောက်မလဲ ဆိုတာ ကြည့်ဖို့ဖြစ်ပါတယ်။ အောက်ပါအတိုင်းဖြစ်ပါတယ်။
account = beem.account.Account('princekham') print('Recharge Time @%s is %s minutes. \n' % (account, rt)) အလုပ်လုပ်သွားပုံအဆင့်အဆင့်ကတော့ ကျွန်တော်တို့ လိုချင်တဲ့ပရိုဂရမ်ရေးဖို့ function တွေကို https://beem.readthedocs.io/en/latest/tutorials.html မှာ အသင့်ရယူနိုင်တယ် ဆိုတာ ရေးသားရင်း ပိုစ့်ကို အဆုံးသတ်ပါရစေ။ @princekham
import beem
vp = account.get_voting_power()
print('Current mana for @%s is %.2f RCs' % (account, vp))
rt = account.get_recharge_time_str(90,vp)
1st August 2023
Myanmar