ကျွန်တော့်ရဲ့ အခြောက်ခံစက်ကလေး

အားလုံးပဲ မင်္ဂလာပါ။

ဒီနေ့မှာတော့ ကျွန်တော်ရဲ့ အခြောက်ခံစက်ကလေး တည်ဆောက်မှု ပြီးစီးသွားခဲ့ပါပြီ။ ကျေးသီးမြို့မသွားခင်ကတည်းက ဆောက်နေတာပါ။ ဒီနေ့မှာတော့ အမိုးဖြူလေး တစ်ချပ်ဝယ်ပြီး လက်စသတ်လိုက်ပါတယ်။

viber_image_2022_05_05_17_16_22_682.jpg

အသေးစိတ် တည်ဆောက်ပုံ အဆင့်ဆင့်ကိုတော့ မှတ်တမ်းမတင်ထားခဲ့ရပါဘူး။ တည်ဆောက်ပုံကတော့ရိုးရှင်းပါတယ်။ အလျား ၄ပေ အနံ ၂ ပေ အမြင့် ၅ လက်မရှိပါတယ်။ အထဲမှာတော့ သံစကာ ကို အခင်းနဲ့ ခွာပြီးတပ်ဆင်ထားပါတယ်။

screenshot_2022_05_05_181619.jpg

viber_image_2022_05_05_17_16_22_557.jpg

အောက်ဘက်မှာတော့ လေဝင်ပေါက် ပန်ကာနဲ့ 150 W heater လေးတပ်ဆင်ထားပါတယ်။ လေပူတွေကို အောက်ကနေ ဝင်ခိုင်းမှာဖြစ်ပြီး အပေါ် လေထွက်ပေါက်ကနေ ထွက်ခိုင်းဖို့ ရည်ရွယ်ပါတယ်။

viber_image_2022_05_05_17_16_20_380.jpg

viber_image_2022_05_05_17_16_20_557.jpg

နောက်ပိုင်းမှာတော့ အပူချိန်တိုင်းဆင်ဆာလေးတပ်ဆင်ပြီး လိုအပ်တဲ့ အချိန်မှာပဲ heater ကို ဖွင့်ဖို့လို့တော့ ရည်ရွယ်ထားပါတယ်။ လောလောဆယ်မှာတော့ သူဘယ်လောက်ထိကောင်းကောင်း အလုပ်လုပ်တယ်ဆိုတာကို စောင့်ကြည့်ပါဦးမယ်။ အခုဆို အိမ်မှာ အစားအစာတွေနေပူလှန်းတဲ့ အခါ ခိုစားမှာ မိုးစိုမှာ မစိုးရိမ်ရတော့ပါဘူး

အားလုံးကို ကျေးဇူးတင်ပါတယ်။

@princekham
5th May 2022
Myanmar.

H2
H3
H4
3 columns
2 columns
1 column
13 Comments