ကိုယ်ခန္ဓာရဲ့ ဇီဝ ဖြစ်စဉ်ကို ညှိကြမယ်

essential_facts_about_metabolism_and_weight_loss_1440x810.jpg

source

အားလုံးပဲ မင်္ဂလာပါ။

ကျွန်တော်တို့ တစ်ဦးချင်းစီရဲ့ ဇီဝဖြစ်စဉ် (metabolism) တွေဟာ မတူညီကြပါဘူး။ ဇီဝဖြစ်စဉ် (metabolism)ဆိုတာ ကျွန်တော်တို့ စားသုံးလိုက်တဲ့ အစားအစာတွေကို ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်အဖြစ် ပြောင်းလဲ ပေးတဲ့ ဖြစ်စဉ်ကို ခေါ်တာပါ။ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ စွမ်းအင်ကို လောင်ကျွမ်းပေးရတာ၊ လိုအပ်တဲ့ ဓါတုဓါတ်တွေ လိုအပ်တဲ့နေရာကို လိုအပ်တဲ့ အချိန်မှာ ရောက်အောင် ပို့ဆော‌င်ပေးတာတွေကို ဒီဇီဝဖြစ်စဉ်ကပဲ ဆောင်ရွက်ပေးရတာပါ။

ဇီဝဖြစ်စဉ် ကောင်းမွန်စွာ အလုပ်မလုပ်ဘူး၊ ဒါမှမဟုတ် နှေးသွားမယ်ဆိုရင် ဘာဖြစ်မလဲ။ ဇီဝဖြစ်စဉ် ပုံမှန် အလုပ်မလုပ်ရင်တော့ ခန္ဓာကိုယ်တွင်း သကြားဓါတ်ကို ထိန်းပေးတဲ့ အင်ဆူလင် insulin တွေတိုးလာတာ၊ ကိုလက်စထရောဓါတ် cholesterol တွေတိုးလာတာ၊ Triglycerides လို့ခေါ်တဲ့ အဆီ သိုလှောင်မှု များလာတာနဲ့ ခါးတစ်ဝိုက်မှာ အဆီပိုတွေများလာတာ စတဲ့ လက္ခဏာတွေကို တွေ့ရမှာဖြစ်ပါတယ်။ ဒီလိုလက္ခဏာတွေဟာ နှလုံးရောဂါ၊ ဆီးချိုရောဂါ နဲ့ လေဖြတ်နိုင်တဲ့ ရှေ့ပြေး လက္ခ ဏာတွေပါပဲ။

ကျွန်တော်တို့ရဲ့ ဇီဝဖြစ်စဉ် metabolism ကို နှေးသွားစေတဲ့ အဓိက အချက်ကတော့ အိုမင်းလာခြင်းပါပဲ။ ကျွန်တော်တို့ အသက်ကြီးလာတာနဲ့အမျှ ဒီဇီဝဖြစ်စဉ် နှေးကွေးလာမှုကြောင့် ဖြစ်ပေါ်လာတဲ့ သွေးတိုးရောဂါ၊ စိတ်ကျ ရောဂါတွေကို ဆေးဝါးသုံးပြီး ဖြေရှင်းလာရတာကို တွေ့ရမှာပါ။ ကျွန်တော်တို့ အိုမင်းလာတာကို မတားဆီးနိုင်ပေမယ့် ဒီလို ဇီဝဖြစ်စဉ် ချို့ယွင်းလာတာကို ဘယ်လို ပြုပြင်ကြမလဲ။

ကျွန်တော်တို့နဲ့ သင့်တော်ကိုက်ညီတဲ့ အလေ့အကျင့် ကောင်းတွေကို မွေးမြူရမှာဖြစ်ပါတယ်။ အောက်မှာတော့ အကြံပေးချက်အချို့ ဖြစ်ပါတယ်။

နေပူစာလှုံပါ - ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်တွင်း ဇီဝနာရီက နေရောင်ခြည်နဲ့ အချိန်ကိုက်အလုပ်လုပ်တာပါ။ ဒီဇီဝ နာရီကပဲ ကျွန်တော်တို့ရဲ့ ဇီဝဖြစ်စဉ်ပုံမှန် အလုပ်လုပ်ဖို့ နဲ့ ကိုယ်တွင်း ဟော်မုန်းဓါတ်တွေ ထိန်းညှိခြင်းကို လုပ်ဆောင်ပေးတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကိုယ်တွင်းဇီဝနာရီ အကောင်းဆုံး အလုပ်လုပ်ဖို့ နဲ့ နေရောင်ခြည်နဲ့ အချိန်ကိုက်အလုပ်လုပ်အောင် ဆိုရင် မနက်တိုင်း နေပူစာ လှုံပေးဖို့လိုပါတယ်။ မနက်တိုင်း တစ်ရက် ၁၅ မိနစ်ခန့် နေကို တိုက်ရိုက်မကြည့်ပဲ မျက်လုံး အိမ်ထဲ နေရောင်ရောက်အောင် နေပူစာ ခံယူသင့်တယ်လို့ ဆိုပါတယ်။

ကောင်းမွန်စွာ အိပ်စက်ပါ - အိပ်စက်ခြင်းဟာ ကျွန်တော်တို့ရဲ့ ဇီဝဖြစ်စဉ်ကို ပြန်ချိန်ညှိပေးတဲ့ ခလုတ်တစ်ခုပါ။ မအိပ်စက်ခင်မှာ အလင်းအားကောင်းတဲ့ မီးတွေကို အရင်မိတ်ထားသင့်ပြီး မအိပ်ခင် တစ်နာရီအလိုမှာ မီးမှိန်မှိန်ထွန်းတာ၊ ပယင်းကျောက်လို မီးအဝါရောင်မီးထွန်းထားတာမျိုး ပြုလုပ်သင့်ပါတယ်။

ရံဖန်ရံခါ ဥပုသ် စောင့်ပါ - မိမိကိုယ်အလေးချိန်လျော့ချပြီး ဇီဝဖြစ်စဉ် ပိုမိုကောင်းမွန်လာဖို့ မကြာခဏ ညစာ မစားပဲ နေသင့်တယ်လို့ ဆိုပါတယ်။ ဒီလိုလုပ်ဖို့ နည်းလမ်းတွေများစွာထဲက နှစ်ခုကို ဖော်ပြရင် ၁။ ည ရ နာရီကနေ မနက် ၆နာရီကြား အစာမစားတာ ၂။ ပြီးတော့ 5:2 နည်း - တစ်ပါတ် နှစ်ကြိမ် ကိုယ်စားနေကျ အစာရဲ့ ၂၅ % ကို ပဲစားတာ တွေပဲ ဖြစ်ပါတယ်။

ရေသောက်ပေးပါ။ ဂျာမနီ သုတေသီတွေအဆိုအရ လူတစ်ဦးဟာ ရေ ၄၇၅ မီလီ လီတာ သောက်ပြီးတိုင်းမှာ သူ့ရဲ့ ဇီဝဖြစ်စဉ် အလုပ်လုပ်မှုဟာ ၃၀ % မိနစ် ၄၀ ခန့် ကြာအောင် တိုးတက်လာတယ်လို့ဆိုပါတယ်။ ကျွန်တော်တို့ ဇီဝဖြစ်စဉ် တိုးတက်လာရတဲ့အကြောင်းအရင်းကတော့ ခန္ဓာကိုယ်က ဒီသောက်လိုက်တဲ့ ရေတွေကို ပူနွေးအောင် အလုပ်လုပ်ရလို့ပဲ ဖြစ်ပါတယ်။

ဝမ်းကောင်းအောင်ထားပါ။
ကျွန်တော်တို့ ဝမ်းဗိုက်ထဲက လူကို အကျိုးပြုတဲ့ အနုဇီဝပိုးတွေဟာ အစာကို ချေဖျက်အောင်ကူညီပေးပြီး ကျွန်တော်တို့ရဲ့ ဇီဝဖြစ်စဉ် ပိုမို အားကောင်းအောင် အကျိုးပြုပါတယ်။ အဲဒါကြောင့် ဒီအနုဇီဝပိုးတွေကို အားပေးတဲ့ အစားအစာတွေဖြစ်တဲ့ ဒိန်ချဉ်၊ ကဖီးယား (kefir) စတာတွေကို နေ့စဉ် စားသုံးပေးသင့်ပါတယ်။

ဆာလောင်မှုကို ပရိုတိန်းဓါတ်နဲ့ ထိန်းပါ။ လေ့လာတွေရှိချက်တွေအရ အသားဓါတ်ပါဝင်မှုများတဲ့ အစားအစာတွေဟာ ကိုယ်အလေးချိန်ကို ကျစေနိုင်ပြီး ကိုယ်ခန္ဓာ ကြွက်သားတွေကိုလဲ ကျစ်လစ်စေနိုင်တယ်လို့ ဆိုပါတယ်။ ပြီးတော့ ဒီလို အသားဓါတ်များတဲ့ အစားအစာတွေဟာ ဝမ်းတွင်းမှာ ဆာလောင်မှု မရှိကြောင်းကိုလဲ ဦးနှောက်ကို အချက်ပေးစေနိုင်တယ်လို့ ဆိုပါတယ်။
Detox မလုပ်ပါနဲ့ Detox လုပ်ခြင်းဟာ ခန္ဓာကိုယ် ကြွက်သားတွေနည်းသွားစေနိုင်တဲ့ အတွက် ကျွန်တော်တို့ရဲ့ ဇီဝဖြစ်စဉ်ကို နှေးသွားစေနိုင်တယ်လို့ဆိုပါတယ်။ ဒီလိုခန္ဓာကိုယ် ကြွက်သား လျော့သွားခြင်းဟာ ဒီကြွက်သားတွေကိုအပူပေးဖို့ လိုအပ်ချက် လျော့သွားတာကြောင့် ကျွန်တော်တို့ရဲ့ဇီဝဖြစ်စဉ်ဟာလဲ နှေးသွားရတာ လို့ဆိုပါတယ်။ detox လုပ်ခြင်းဟာ ခန္ဓာကိုယ် ကြွက်သား လျော့နည်းသွားစေနိုင်ပြီး ကိုယ်တွင်း အဆီဓါတ်ပိုမို တိုးလာနိုင်စေတယ်လို့ဆိုပါတယ်။

အအေးဓါတ်ခံပါ။ အေးတဲ့ရာသီဥတုဟာ ကိုယ်တွင်းဇီဝဖြစ်စဉ်ကို မြန်ဆန်စေတယ်လို့ဆိုပါတယ်။ အအေးဓါတ်နဲ့ ကြုံတဲ့အအခါ ခန္ဓာကိုယ်က တုန်ခါပြီး ပူနွေးအောင်လုပ်ရတဲ့အတွက်ကြောင့်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီလိုပြုလုပ်ခြင်းရဲ့ ရေရှည်ရလဒ်ကိုတော့ အတိအကျ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။

အေးအေးလူလူနေပါ။ - စာအုပ်တစ်အုပ်ကို အိပ်ယာထဲမှာ ဖတ်နေတာ၊ ရုပ်ရှင်ကြည့်တာ၊ ဇိမ်ပြေနပြေ ရေချိုးတာ ... စတာတွေဟာ ကိုယ့်ရဲ့ ဇီဝဖြစ်စဉ်ကို အားကောင်းလာနိုင်စေတယ်လို့ဆိုပါတယ်။ ဒါပေမယ့် ဒီလို လုပ်နေစဉ်မှာတော့ စိတ်ဖိစီးမှု မရှိဖို့တော့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ စိတ်ဖိစီးမှုဟာ ဇီဝဖြစ်စဉ်ကို ပျက်ယွင်းစေတဲ့ cortisol ဟိုမုန်း များလာစေနိုင်တာကြောင့် ဖြစ်ပါတယ်။

မိမိရဲ့ ကိုယ်တွင်းအဆီဓါတ်များလာတာ၊ သကြားဓါတ်ကိုထိန်းပေးတဲ့ အင်ဆူလင်ဓါတ်များလာတာ၊ ခါးမှာဆီတွေစုလာတာဟာ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ် ပျက်ယွင်း နှေးကွေးလာလို့ ဖြစ်တာကြောင့် ဒါကို ပြန်ပြီး ညှိဖို့ မိမိအနေနဲ့ ကိုယ်နဲ့ သင့်တော်တဲ့ အလေ့အထ ကောင်းတွေကို ရွေးချယ်ပြီး တစ်စိုက်မတ်မတ် ပြုလုပ်သင့်ပါကြောင်း အကြံပြုရင်း နိဂုံးချူပ်ပါတယ်။

အားလုံးကျန်းမာချမ်းသာ ကြပါစေ။

@princekham
16th April 2022

Ref: "How to fine-tune your metabolism" by Courtenay Smith (Readers Digest Asia April 2021)

H2
H3
H4
3 columns
2 columns
1 column
18 Comments