Hive Power Up နဲ့ အခြား updates အချို့

အားလုံးပဲ မင်္ဂလာပါ။

ဒီနေ့ ဇွန်လ တစ်ရက်နေ့မို့ ပါဝါအပ် ဖို့ အချိန် ပြန်ရောက်ခဲ့ပါတယ်။ အနည်းဆုံးက ၁၀ ဟိုက်ပါဝါအပ်မှ ပြိုင်ပွဲမှာ အကြုံးဝင်မှာမို့ ၁၀ ဟိုက် ပြည့်အောင် တိုကင်လေးတွေ ဟိုရောင်းဒီရောင်းနဲ့ ဟိုက် ၁၀ စုလိုက်ပါတယ်။

screenshot_2022_06_01_09_56_52_941_com.android.chrome.jpg

ဒီတစ်လ ပိုစ့်ကရတဲ့ HBD လေးတွေကို saving ထဲ ထည့်ထားလိုက်တာမို့ HBD ကလဲ ရောင်းဖို့ မရှိနေပါဘူး။ HBD ကို ဟိုက်မပြောင်းတော့ပဲ saving 100 HBD လောက်ရအောင် အရင်ဆုံးစုကြည့်မလို့ပါ။ အမှန်ကတော့ Hive စျေးကျနေတဲ့အချိန်မှာ Hive ကို ပြောင်းထားသင့်တာပါ။

တခြား Update အနေနဲ့ကတော့

  • နောက်ပိုင်း မှာ Larynx node တွေဆီကို delegate လုပ်နိုင်တော့မှာမို့ Larynx တွေကို ထုတ်မရောင်းသေးဖို့ ရေးထားတာကို တွေ့မိပါတယ်။ အောက်က ပိုစ့်ထဲ မှာပါ။ delegate လုပ်တဲ့ အချိန်ကျွန်တော့်ရဲ့ node မှာ လုပ်နိုင်တော့မှာပါ။

@eddiespino/diferencia-entre-spk-network-y-3speak

  • ပြီးတော့ community တွေမှာ ကိုယ်ပိုင်တိုကင်လေးတွေသုံးနိုင်ဖို့ set up လုပ်နိုင်တဲ့ အကြောင်းလဲ အပေါ်ကပိုစ့်ထဲမှာပဲရေးထားတာကို စိတ်ဝင်စားစရာ တွေ့ရပါတယ်။ နောက်ပိုင်းမှာ မြန်မာ community အနေအတွက် ကိုယ်ပိုင်တိုကင်လေးတွေ ထုတ်သုံးနိုင်မယ့် အခွင့်အရေးဖြစ်ပါတယ်။ set up လုပ်ပုံကတော့ အောက်ကပိုစ့်ထဲမှာ ကြည့်နိုင်ပါတယ်။

@psorigins/ewuhhqmt

  • ဒီနေ့က လကုန်ပြီး ၁ရက်နေ့မို့ Larynx တိုကင်တွေ claim လို့ ရပါပြီ။ Duat တိုကင်ကတော့ one time claim ဖြစ်တာမို့ မclaim ရသေးတဲ့သူတွေတော့ သုံးလအတွင်း claimရမှာပါ။ တိုကင်တွေကိုအောက်ကလင့်မှာ claim နိုင်ပါတယ်။

https://vue.dlux.io/dex/#larynx

  • ဒီလထဲမှာ နောက်ထပ် လုပ်ဖြစ်တာ ကတော့ ဂိမ်းကစားတာပါပဲ။ ဂိမ်းကစားတာဆိုပေမယ့် ကွန်ပျူတာရှေ့မှာ အကြာကြီးထိုင်ပြီး နိုပ်နေရတာမျိုးတော့မဟုတ်ပါဘူး။ Rising Star game နဲ့ Dcrops game လေး တွေဆော့ဖြစ်တာပါ။ Dcrops ဂိမ်းက အပင်မျိုးစေ့လေးတွေ မြေကွက်ထဲမှာ ကြဲချပြီး သူပေးတဲ့ countdown time အပြီးမှာ ရိတ်သိမ်းရုံပဲမို့ ကိုယ့်အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်မယ်မထင်လို့ ဆော့ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒါပေမယ့် ကိုယ့်စိုက်တဲ့ သီးနှံက ရိတ်သိမ်းချိန်အပြီး ရာသီ မကုန်ခင် မရိတ်ရင်သိမ်းနိုင်ရင်တော့ ကိုယ့်မျိုးစေ့တန်ဖိုး ဆုံးရှုံးမှာ ဖြစ်ပါတယ်။ အဲဒီအတွက် ကျွန်တော့် ဖုန်းထဲမှာ တိုင်မာ app လေးတစ်ခုထည့်ပြီး ရိတ်သိမ်းလို့ ရမယ့်အချိန် alarm လေး ပေးဖို့ လုပ်ထားရပါတယ်။ ရိတ်သိမ်းချိန် ဘယ်လို အကျိုးရမလဲ ကြည့်ရပါဦးမယ်။ Rising Star game ကတော့ ကျွန်တော့် ရှေ့ပိုစ်တစ်ခုမှာ ရေးပြီးသားမို့ ထပ်ပြီး မရေးတော့ပါဘူး။

ကျန်းမာချမ်းသာကြပါစေ။

@princekham
1st June 2022
Myanmar.

H2
H3
H4
3 columns
2 columns
1 column
Join the conversation now