Crypto နဲ့ ငွေချေမယ်

အားလုံးပဲ မင်္ဂလာပါ။

မနေ့က ကျွန်တော် Netflix ကို crypto နဲ့ ငွေချေလို့ရမလား လိုက်ရှာကြည့် ဖြစ်ပါတယ်။ အင်တာနက် ပိုစ့်တစ်ခုမှာ ရေးထားတဲ့ အရဆို Netflix ကို crypto နဲ့ တိုက်ရိုက်ပေးချေလို့တော့ မရကြောင်း ဒါပေမယ့် Bitrefill ကနေ Netflix gift card ကို ဝယ်ယူလို့ရကြောင်းရေးထားပါတယ်။ အဲဒီဆိုဒ်ကတော့ crypto ငွေကြေးနဲ့ gift card ဝယ်တာ၊ ph bill ဖြည့်တာ (MPT, Telenor, etc) ၊ PUBG စတဲ့ ဂိမ်းတွေအတွက် ငွေဖြည့်တာ စတာတွေစတဲ့ ဝန်ဆောင်မှုတွေကို ပေးတာကို တွေ့ရပါတယ်။ ဆိုဒ် FAQ မှာ ဆိုဒ်အကြောင်းပိုမို ဖတ်ရှုနိုင်ပါတယ်။
https://www.bitrefill.com/faq/?hl=en#what-is-bitrefill

screenshot_2022_06_27_091310

အဲဒါတွေ အပြင် hotel.com တို့လို ဟော်တယ် booking တင်တာ နဲ့ တခြား ကျွန်တော်နဲ့ မရင်းနှီးသေးတဲ့ ဝန်ဆောင်မှု gift card တွေကို လဲ crypto နဲ့ဝယ်ယူနိုင်တာကိုတွေ့ရပါသေးတယ်။

image

ပေးချေလို့ရတဲ့ ငွေထဲမှာတော့ Hive ကိုတော့ မတွေ့ရသေးပါဘူး။ ဒါပေမယ့် ကျွန်တော် Binance pay ဆိုတာလေးကိုတွေ့မိလို့ ငွေချေဖို့လုပ်ကြည့်တော့ Binance app နဲ့ ဖတ်ဖို့ QR လေးတက်လာတာကိုတွေ့ရပါတယ်။ အဲဒီ QR လေးကို ကျွန်တော့်ရဲ့ Binance app နဲ့ ဖတ်ကြည့်တော့ Binance BUSD နဲ့ ပေးချေဖို့တက်လာတာကိုတွေ့ရပါတယ်။ ဒါပေမယ့်ကျွန်တော် BUSD မရှိထားတော့ မဝယ်ဖြစ်ခဲ့ပါဘူး။

screenshot_2022_06_27_090533

screenshot_2022_06_27_090634

Binance pay ကို သုံးဖို့ နောက်ပိုင်း BUSD လေးတွေတော့ ဝယ်ယူထားဖို့ စိတ်ကူးမိပါတယ်။

အပေါ်က Bitrefill ဆိုဒ်အပြင် https://coingate.com/ မှာလဲ အလားတူ gift card လေးတွေ ဝယ်လို့ရတာကိုတွေ့ရပါတယ်။

image

web hosting plan တွေ domain name တွေကိုလဲ crypto နဲ့ ဝယ်လို့ရလာပါပြီ။ ဝယ်ယူရတာလဲ အဆင်ပြေပါတယ်။ မြန်မာပြည်က visa card တွေ နဲ့ ပေးချေလို့မရတဲ့အချိန် ဒီလို crypto နဲ့ ငွေချေလို့ရတာ အဆင်ပြေလှပါတယ်။
crypto နဲ့ စျေးဝယ်တာ နောက်ပိုင်း ပိုမိုတွင်ကျယ်လာမယ်လို့ ယုံကြည်ကြောင်းရေးသားရင်း နိဂုံးချုပ်ပါတယ်။

အားလုံး ကျန်းမာ ချမ်းသာကြပါစေ။

@princekham
27th June 2022

H2
H3
H4
3 columns
2 columns
1 column
21 Comments
Ecency