ဘာလီက လှေကားထစ်စိုက်ခင်း

အားလုံး မင်္ဂလာပါ။

ကျွန်တော်ရောက်ခဲ့တဲ့ ဒီနေရာက လှေကားထစ်စပါးခင်းတွေကြားမှာ လမ်းလျှောက် ဓါတ်ပုံရိုက်ဖို့ ဖန်တီးထားတဲ့‌နေရာလေးပါ။ ကောဖီဆိုင်တွေလဲအထဲမှာဖွင့်ထားပါတယ်။

  • ပြီးတော့ ဒီမှာ ဒန်းစီးဖို့၊ ကြိုးတန်း စီးဖို့ စတာလေးတွေလဲ ဖန်တီးထားတယ်။ မိန်းခလေးတွေတော့ ဝတ်စုံငှါးပြီး ဒန်းစီး ဓါတ်ပုံရိုက်ကြတာပေါ့။ ဒန်းစီးတာက extreme နဲ့ ရိုးရိုး ရှိတယ်။ နောက်ပြီးတော့ လှေကားထစ်စိုက်ခင်းကြား လမ်းလျောက်ဖို့၊ ဓါတ်ပုံရိုက်ဖို့ စတာလေးတွေကို ဖန်တီးထားပေးတယ်။
  • လာလည်တဲ့ ဧည့်သည်တွေလဲ မနည်းပါဘူး။ အလုပ်တော်တော်ဖြစ်တယ်ပြောရမယ်။ ဝင်ကြေးကတော့ ဘယ်လောက်ပေးရလဲမသိဘူး ဝင်ကြေးနဲ့ ဒန်းစီးဖို့ လက်မှတ်က ကျွန်တော်တို့ရဲ့ တိုး ပက်ကစ် ထဲမှာပါပြီးသားပါ။ကျွန်တော်လဲ ဒန်း မစီးရင် လက်မှတ် ရှုံးမှာမို့ ရိုးရိုးဒန်းလေးတော့ စီးလိုက်ပါတယ်။
  • ကျွန်တော်ရောက်ခဲ့ တဲ့ နေရာလေးကတော့ Alas Harum ဖြစ်ပါတယ်။ ကျွန်တော် တို့ တည်းတဲ့ Jimbaran Bay Beach Resort & Spa နဲ့ဆိုရင် 48 km (တစ်နာရီခွဲကားမောင်းစာ) လောက်လှမ်းပါတယ်။
  • ဘာလီရဲ့ မြို့တော်က Denpasar ဖြစ်ပါတယ်။ သူ့မှာ နိုင်ငံတကာ လေဆိပ်ရှိတော့ နိုင်ငံခြားသားတွေနဲ့ အတော်စည်ကားပါတယ်။
  • အင်ဒိုနီးရှားမှာက ကြောင်ချေး ကော်ဖီထုတ်လုပ်တော့ ဒီကြောင်ချေးကော်ဖီထုတ်လုပ်ပုံ အဆင့်ဆင့်ကို ပြသထားတာကိုလဲ တွေ့ရပါတယ်။ ပထမ ဆုံးပုံကတော့ ဒီကြောင်ချေးကော်ဖီထုတ်တဲ့ ကြောင်ရုပ်နောက်ခံနဲ့ ရိုက်ထားတာဖြစ်ပါတယ်။ ဒီကြောင်ကိုတော့ အင်ဒိုနီးရှားလို့ Luwak ၊ အင်္ဂလိပ်လိုတော့ civet လို့ခေါ်ပါတယ်။

အားလုံးကျန်းမာ ချမ်းသာကြပါစေ။

@princekham
7th May 2024
Myanmar

H2
H3
H4
3 columns
2 columns
1 column
15 Comments
Ecency