အရင်းကျေမှတ် ဘယ်လဲ

အားလုံးပဲ မင်္ဂလာပါ။

ဒီနေ့မှာတော့ ကျွန်တော် ဆော့ဖြစ်ခဲ့တဲ့ ဂိမ်းတစ်ခုဖြစ်တဲ့ Rising Star နဲ့ Rabona Soccer Manager ဂိမ်းတွေရဲ့ ရင်းကျေမှတ်လေးတွက်ကြည့်မိပါတယ်။

Rising Star Game

  • နှစ်ရက်စာ မစ်ရှင်တွေကနေရတဲ့starbits တွေ တွက်ကြည့်တော့ တစ်ရက် ပျှမ်းမျှ 18000 starbits ဝန်းကျင် ဝင်တာကို တွေ့ရပါတယ်။
  • ကပ်ဝယ်ဖို့ ဒါမှမဟုတ် pack ဖောက်ဖို့ တစ်ရက် starbits 10000 နဲ့ Promote FC မစ်ရှင်အတွက် starbits 2000 သုံးမယ်ဆိုရင် တစ်ရက်ကို စတားဗစ် 18000-12000 = 6000 ဝန်းကျင်ကျန်မှာဖြစ်ပါတယ်။
  • starbits 6000 က အခုလက်ရှိပေါက်စျေး 0.000073 နဲ့ ဆိုရင် 0.4 Hive နဲ့ ညီမျှပါတယ်။

မီလျှံနာ မစ်ရှင် အရင်း

  • မီလျှံနာ မစ်ရှင်အတွက် အရင်းက starbits 1,000,000 ရှိတာမို့ အရင်းရဖို့ 1,000,000/6000 = 166 ရက် (၅လခွဲ) ဆော့ကစားရမှာ ဖြစ်ပါတယ်။

  • ဒါပေမယ့် ကျွန်တော် မီလျှံနာ ကပ်ရဖို့ စတားဗစ် တစ်သန်း ဝယ်တုန်းက starbits တန်ဖိုးက အခု လက်ရှိစတားဗစ်တန်ဖိုး ရဲ့ ၄ဆ ရှိတာမို့ ရင်းကြေမှတ်ရဖို့ လ ၂၀ ဆော့ကစားရမှာ ဖြစ်ပါတယ်။

တခြားအရင်းကျေနိုင်တဲ့ အခွင့်အရေး

  • တခြားအရင်းကြေစေနိုင်တဲ့ အခွင့်အရေးကတော့ ပိုစ့်တင်တာပဲ ဖြစ်ပါတယ်။ လက်ရှိအနေအထားအထိ RS game အကြောင်း ပိုစ့်တင်တာကနေ တစ်ပိုစ့်ကို ပျှမ်းမျှ 2 $ ရနေတာကို တွေ့ရပါတယ်။ ပြန်ပြီး breakdown အပြီးမှာတော့ 1HBD for voters, 1 HBD - .5 HBD for HP + 0.5 HBD ဆိုတော့ တစ်ရက်ကို 0.5 HBD =~ 1 Hive တော့ရမှာ ဖြစ်ပါတယ်။
  • လက်ရှိအချိန်အထိ ရက်ပေါင်း ၁၂၀ ကစားခဲ့ ပြီး နေ့တိုင်းနီးပါး ပိုစ့်တင်ခဲ့ ပြီမို့ 120x1 = 120 Hive လောက်တော့ စုမိပြီလို့ မှတ်ယူပါတယ်။
  • ကျွန်တော် starbits တစ်သန်း ရဖို့ ဝယ်တုန်းက starbits စျေး 0.00028 နဲ့ Hive 280 ရင်းခဲ့ရပါတယ်။ ဒါကြောင့် Hive 160 အရင်းကျေဖို့ ကျန်မှာ ဖြစ်ပါတယ်။
  • တစ်ရက် ဂိမ်းကစားတာကနေရတဲ့ 0.4 Hive + စာရေးတာကနေရတဲ့ 1 Hive = ပေါင်း 1.4 Hive နဲ့ တွက်ရင် တော့ နောက်ထပ်ရက်ပေါင်း 160/1.4 = 114 ရက် (၄ လခန့်)ကစားရင် အရင်း ကျေမယ်ပါမယ်။ starbits တန်ဖိုး တက်လာရင်တော့ အရင်းကျေဖို့ ပို မြန်ပါမယ်။ အခု စတားဗစ်တန်ဖိုးက နည်းနည်း ချင်းတော့ ပြန်တက်လာတာကို တွေ့ရပါတယ်။
  • မှတ်ချက် ။ ။ RS game ဆော့တဲ့ အခါသုံးဖို့လိုတဲ့ Energy booster စတဲ့ကပ်တွေဝယ်တဲ့ စရိတ်ကို မထည့်တွက်ထားမိပါ။

Rabona Soccer Manager Game

Rabona Game ကို ဆော့ကစားဖို့ 10$ သွင်းရပါတယ်။ Hive 20 လောက်ကျပါတယ်။ ဒီဂိမ်းဆော့ကစားတာကနေ တစ်ပါတ် တစ်ပါတ် reward 0.1 Hive လောက်ပဲရတာမို့ ဂိမ်းကရတဲ့ Hive က မပြောပလောက်ဘူးလို့ဆိုရမှာပါ။ ဒါပေမယ့် စာရေးတာကနေတော့ တစ်ရက် ပျှမ်းမျှ 2$ လောက်ရတာကို တွေ့ရပါတယ်။ voter တွေကို တစ်ဝက် ပေးရတာမို့ တစ်ရက်ကို 1$ - 0.5HBD for HP + 0.5 HBD ရပါမယ်။ အခုထိ ပိုစ့်ပေါင်း ၇၀ ကျော်ရေးခဲ့ပြီမို့ အရင်းကျေမှတ် ကျော်ခဲ့တာ ကြာခဲ့ပြီလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် လောလောဆယ် မှာတော့ Rabona curator က နေမကောင်းပဲ အနားယူနေရ တာမို့ vote မပေးနိုင်တာ နှစ်ပါတ်နီးပါး ရှိခဲ့ပါပြီ။ အမြန်နေကောင်းကျန်းမာပါစေလို့ ဆုတောင်းပေးပါတယ်။

ဒီနေရာမှာ ရမိတဲ့ အသိလေးတွေကတော့

  • ဂိမ်းတိုကင်တွေဟာ စျေးအပြောင်းအလဲ အမြဲရှိနိုင်တာမို့ ပြန်ရောင်းတဲ့အခါ ကိုယ်ဝယ်တဲ့ စျေးအတိုင်းတော့ ပြန်ရဖို့ အမြဲ မသေချာဘူးဆိုတာပါပဲ။ RS ရဲ့ starbits တိုကင်က စကစားတုန်းက စျေးငြိမ်တယ်လို့ ထင်ခဲ့မိပေမယ့် နောက်ပိုင်းမှာ စျေးက မယုံကြည်နိုင်လောက်အောင် ကျဆင်းခဲ့တာကို တွေ့ခဲ့ရပါတယ်။ RS game ဆော့မယ်ဆိုရင်တော့ အခု စတားဗစ်စျေးကျနေချိန် မီလျံနာ မစ်ရှင်အတွက် စတားဗစ်တစ်သန်းစုဖို့ 70 Hive သာလိုမှာဖြစ်ပါတယ်။

ဂိမ်းနဲ့ ပါတ်သက်ပြီး ကျွန်တော် သိသလောက်မျှဝေတာလေးပါ။

အဆင်ပြေကြပါစေ။
အားလုံးကျန်းမာ ချမ်းသာကြပါစေ။

Image source : Rabona Soccer Manager and Rising Star Game

@princekham
4th Sep 2022
Myanmar

H2
H3
H4
3 columns
2 columns
1 column
22 Comments
Ecency