ဘ၀ဆိုတာ ဖယောင်းတိုင်လိုပါပဲ။ အပူတွေ ကြားမှာလည်း ပျော်အောင်နေရတယ်။

HIVE-MYANMAR အဖွဲ့သားများအားလုံးမင်္ဂလာပါရှင့်
အားလုံးနေကောင်းပီး စိတ်နှလုံးအေးချမ်းကြပါစေနော်
ဒီနှစ်တွေကတော့ လူတိုင်းက အခက်ခဲအကျပ်တည်းကိုယ်စီပိုကြုံနေရတယ်။ ကုန်စျေးနှုန်းကတက် မတက်လာတာဆိုလို့ လစာတခုတည်းရယ်
သို့ပေမယ့်လဲ မရှိ ရှိတာလေးနဲ့အဆင်ပြေအောင် ကြိတ်သည်းခံနေကြရတာပေါ့။

တို့တွေအားလုံးက အမေ့၀မ်းတွင်းကနေ စထွက်လာတဲ့နေ့ကတည့်က အခက်အခဲ အတားအဆီးတွေနဲ့ပဲ မဟုတ်လား စိန်ခေါ်မှုတွေ ရင်ဆိုင်ရမယ့်အကြောင်းအရာတွေအားလုံးကို တို့တွေအားလုံးအောင်နိုင်ခဲ့တယ်လေ တို့တွေအားလုံးအမေ့ဗိုက်ထဲကနေအဆင်ပြေပြေနဲ့ထွက်လာနိုင်ခဲ့တယ် မှောက်နိုင်ခဲ့တယ် လေးဘက်တွားသွားနိုင် လမ်းလျှောက်နိုင်ခဲ့တယ် အစာတွေ၀ါး စကားတွေတောင်ပြောနိုင်ခဲ့တယ်လေ အခုဆိုရင်တတ်မြောက်လာတဲ့အရာ တတ်မြောက်နေတဲ့အရာတွေကအများကြီးပဲမဟုတ်ဘူးလား

တို့တွေအားလုံးရဲ့အောင်မြင်မှုတွေကအများကြီးပဲလေ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့တာ တို့တွေအောင်နိုင်နေခဲ့တာ မွေးတဲ့နေ့ကစ ယခုလက်ချိန်ထိအောင်ပဲမဟုတ်ဘူးလား အကြောင့်မို့လို့ အဖွဲ့သားများအားလုံး ခံစားနေရတဲ့အပူတွေ ကြုံတွေ့နေရတဲ့အဆင်မပြေမှုအကြပ်အတည်တွေကနေ တို့တွေအားလုံးအားတင်းကာ ရှေ့ဆက်ပီးအောင်မြင်မှုတွေကို ဆက်လက်ခူးဆွတ်ကြရအောင် မိတ်ဆွေတို့.......

H2
H3
H4
3 columns
2 columns
1 column
Join the conversation now