ဖြတ်လေးဖြတ်

"ဖြတ်လေးဖြတ်"

img_20191030_083155.jpg

(ကလေးကစားစရာ အရုပ်သေနပ်ပါနော် အထင်မကြီးကြနဲ့အုန်း)

ကျနော်ဒီခေါင်းစဉ်ကို မပေးချင်သော်လည်း အောင့်ကာပေးရတော့မည်။

တတိုင်းပြည်လုံး နေရာအစုံမှာ ဒုက္ခပေါင်းစုံခံစားနေကြရသည်။ ယခုလည်း ဒေသအတော်များများ အင်တာနက်ဖြတ်၊ ဖုန်းလိုင်းဖြတ်၊ မီးဖြတ် ၊ သတင်းစီးဆင်းမှုဖြတ် များအား လူမဆန်စွာ လုပ်ဆောင်နေကြပါပီ။

ကျနော်များဒေသတွင်လည်း မကြာသေးခင်က ကျနော်တင်ထားသော ပိုစ်မှာပြောခဲ့သလို ထိုဖြတ်လေးဖြတ်သည် ရောက်ရှိလာပါသဖြင့် မိတ်ဆွေများနှင့် အဆက်အသွယ် မပြတ်ချင်သော်လည်း ပြတ်နေရတော့မည်။

ကျနော်များ ဒေသတွင် MEC ဖုန်းကဒ်တစ်မျိုးတည်းသာလျင် လိုင်းမိတော့သည်။ ယခုပိုစ်အား မိတ်ဆွေတစ်ယောက်၏ MEC ကဒ်မှ အင်တာနက်လိုင်းအား ခေတ္တ ဟော့စပေါ့ယူကာ ၁၀မိနစ်လျင် ငွေတစ်ထောင်နှုန်းဖြင့် ငှားရမ်းပီး ဤပိုစ်လေး ပီးအောင် တင်လိုက်ရပါသည်။

အင်တာနက်လိုင်းဖုန်းလိုင်းများ ပြန်လည်ရရှိပါမှ ကျနော်ကွီးရွှေ လိုင်းပြန်တက်ပါမည်။

ဟိုက်ဗ်-မိတ်ဆွေများ ဘေးကင်းကြ၍ နိုင်ငံတော်ကြီးသည်လည်း အမြန်ငြိမ်းချမ်းပါစေကြောင်း ဆုတောင်းရင်း--

H2
H3
H4
3 columns
2 columns
1 column
6 Comments
Ecency