“ကျွန်တော်ကွီးရွှေနှင့်ပီဇာကွန်မန့်”

“ကျွန်တော်ကွီးရွှေနှင့်ပီဇာကွန်မန့်”

image006.jpg

မဂႅလာပါ မြန်မာ-ဟိုဗ်အဖွဲ့သားများခင်ဗျာ။
ဒီနေ့တော့ တစ်နေ့တာ အဆင်ပြေပြေ ကုန်လွန်သွားခဲ့ပါတယ်( အိမ်ပြင်မထွက်ပဲ ငြိမ်နေလို့ပါ ) ။ hive-myanmar ထဲဝင်ပီး ပိုစ်များဖတ်ခြင်း၊ ဘုတ်ပေးခြင်း၊ ကွန်မန့်များပေးခြင်း စသည်များပီးသွားသည့်နောက် မိမိကိုယ်တိုင်လည်း !PIZZA လေးတွေ သူများတန်းတူ ဝေမျှပေးချင်တော့ ကိုသန့်ဇင်တင်ထားတဲ့ ပိုစ်ထဲက နည်းနာအတိုင်း ကြိုးစားကြည့်မိပါတယ်။
ပထမဆုံး hive engine မှာ မိမိ wallet အခြေအနေကို ကြည့်မိတယ်။ တဆက်တည်း Leo Dex ကို တပြိုင်တည်း Browser မှာ ဖွင့်ထားပီး token လေးတွေ ဈေးကို လေ့လာမိတော့ PIZZA ဈေးက 0.41 မှာ ရှိနေပီး ဈေးကျဖွယ် အနေအထားမှာရှိနေတဲ့အတွက် ကျနော်လဲ သူများတွေလို Trade ဖူးတယ်ရှိအောင် Market မှာ Order type- Limit နဲ့ ဝယ်ကြည့်မယ်ဆုံးဖြတ်ပီး အရင်ဆုံး မိမိ Hive အကောင့်မှာ ရှိနေတဲ့ hive 10 ကို LeoDex ကို ပို့ပါတယ်။
deposit_leodex_0.25_.jpg

ဒီနောက် အချိန်ဆွဲမနေပဲ( ဈေးတက်သွားရင် ဝယ်ရခက်မှာစိုးလို့ပါ ) ဟီးဟီး ဒီတခါပဲ ကိုလုပ်နေတဲ့ Tokenဈေးမတက်ဘို့ဆုတောင်းဖြစ်တယ်။ Market မှာ Limit Orderနဲ့ ခုနက ပို့ထားတဲ့ hive 10 က exchange fee ပေးရလို့ (9.97) ပဲကျန်တော့တာလေးနဲ့ ချိန်ဆပီးဝယ်ရတာပေါ့ဗျာ။ 25 ပီဇာရဘို့ အော်ဒါလစ်မစ်နဲ့ 0.37 မှာ Hive 9.25ဈေးနဲ့ ဖမ်းဝယ်မယ်ဆိုပီး ချိန်ထားကာ အော်ဒါလစ်မစ် တင်လိုက်ပါတော့တယ်။ Leo Dex ရဲ့ Marketမှာ မိမိရဲ့ BuyOrderစာရင်း တက်လာတာကိုလဲ မြင်တွေ့နေရပါတယ်။

hive_engine_pizza_market.jpg

imformation_pizza.jpg

ခန့်မှန်းအချိန် ၁၀ မိနစ်လောက်အတွင်းမှာပဲ ကျွန်တော်၏ အော်ဒါစာရင်းဟာ မြန်မြန်ပဲ ရောင်းဝယ် ပီးဆုံးသွားတာကိုတွေ့ရပါတယ်။ ဒါဆို ကျနော်ဘာဆက်လုပ်ရမလဲ ကိုသန့်ဇင်ရဲ့ပိုစ်ကို ပြန်ဖတ်တော့ PIZZA Stake လုပ်ရန် လိုသေးကြောင်းသိရ၍ Hive engine ၏ wallet မှ မိမိ ပီဇာများရှိရာနောက်နားလေးမှ Stake ပြုလုပ်ရန် သော့ပုံလေးအား နှိပ်ပီး Stake 20 PIZZA လုပ်ခြင်းအား အောင်မြင်စွာပြုလုပ်နိုင်ပါတော့တယ်။
leodex_pizza_market.jpg

ကျွန်တော် ကွီးရွှေ တော်တော်ပျော်သွားပါတယ် Trade တယ်ဆိုတာကို စာတွေ့သာ ဖတ်ဖူးပီး လက်တွေ့ကောင်းကောင်းမလုပ်ဖူးတဲ့ ကျွန်တော့အတွက် Market တစ်ခုမှာ အရောင်းဝယ် တစ်ခု ကောင်းကောင်းလုပ်နိုင်သွားတဲ့အတွက် တော်တော်လေး ကြည်နူးနေမိပါတယ်။ Market ဆိုက်တွေ မှာကြည့်လိုက်ရင် trade လုပ်နေကြသူများ အများအပြားပင်။ သူတို့၏ Buy/Sell Order များကိုကြည့်၍ အားကျမိသည်။ မြန်မာနိုင်ငံမှာလည်း အွန်လိုင်းက Crypto နည်းပညာများ လေ့လာအားကောင်းတဲ့ လူငယ်လေးတွေ Cryptocurrency Trader ကြီးတွေ များများပေါ်ထွန်းလာပါစေလို့လည်း ဆုတောင်းမိပါတယ်။

ဒီလိုနဲ့ ကျနော်ကွီးရွှေသည် သူများနည်းတူ !PIZZA ကွန်မန့်လေးများဖြင့် လက်ဆောင်ပေးနေနိုင်ခဲ့ပါပီ။ သင်ပေး လမ်းပြပေးတဲ့ ညီအကိုများအားလုံး ဝမ်းသာနိုင်ကြပါစေ။

တစ်ချိန်တွင် Power များစွာ ပိုင်ဆိုင်သော၊ Token များစွာ ပိုင်ဆိုင်သော မြန်မာဟိုက်ဗ် ကွန်မြူနတီ အဖွဲ့သားများ ဖြစ်နိုင်ကြပါစေကြောင်း အားပေးမေတ္တာပို့ရင်း - ကျွန်တော်၏ ပိုစ်အား ခေတ္တ ရပ်နားလိုက်ပါမည်။

dqmsdxjjoaopwgdwuevteltfpdjcdqhdchc2nlyyj6yqe8c.png

@nyinyiwin
16.9.21: PM
dqmsdxjjoaopwgdwuevteltfpdjcdqhdchc2nlyyj6yqe8c.png

H2
H3
H4
3 columns
2 columns
1 column
19 Comments
Ecency