ကျွန်တော် ကွီးရွှေ နှင့် ဟိုက်ဗ်ဘလော့ချိန်းဂိမ်းများ

မဂ်လာပါ မြန်မာဟိုက်အဖွဲ့သားများခင်ဗျား။

my_cover_photo_hive.jpg

ဒီနေ့တော့ ကျွန်တော် ကိုယ်ထင်ပြလိုက်အုန်းမည်။

ယခင်နေ့များဆီက ကျွန်တော်ကွီးရွှေ မြန်မာဟိုက်ကွန်မြူနတီပေါ်မှ ခေတ္တ ကိုယ်ယောင်ဖျောက်ကာ ဘလော့ချိန်းဂိမ်းလိုင်းဖက်အား လူရောစိတ်ပါနှစ်၍ ကြံဆောင်ကြိုးစား နေခဲ့ခြင်းကြောင့် မြန်မာဟိုက်ကွန်မြူနတီမှာ ပိုစ်များမတင်ဖြစ်ခဲ့ခြင်းဖြစ်ပါသည်။

အမှန်ဆိုရလျင် ကျွန်တော့်တွင် စတီးမစ်ကာလများဆီကတည်းက အကောင့်၂ခုပိုင်ဆိုင်နေခဲ့ပါသည်။ တစ်ခုမှာ ဤအကောင့်ဖြစ်ပီး ဟာသစာပေများရေးခဲ့ ပျော်ခဲ့ရပါသည်။ နောက်တစ်ခုမှာကား nyimwa အကောင့်နာမည်ဖြင့် စာတိုပေစများအား တနည်းတဖုံ ဆန်းသစ်ရေးသားနေခဲ့ပါသည်။

ဟိုက်ပလက်ဖောင်းပေါ်တွင် ရောက်ရှိခဲ့ချိန်တွင်တော့ ကျွန်တော်အတွက် ရွေးချယ်စရာများစွာတွေ့လာရသည်။ သို့နှင့် ဂိမ်းပိုစ်များတင်သော အကောင့်အား သီးခြားထား၍ စာရေးသော အကောင့်အား သီးခြားထားကာ မိတ်ဆွေများနှင့် အတူရှိနေခဲ့ပါသည်။ သို့ဖြစ်ပါ၍ ကျွန်တော်သည် မြန်မာဟိုက်ကွန်မြူနတီအဖွဲ့သားများ၏ ပိုစ်များအား လာရောက်ဘုတ်ပေးခြင်၊း ကွန်မန့်ပေးခြင်းများ ဆက်လက်ဆောင်ရွက်နေမည်ဖြစ်ပီး။ စာရေးခြင်းပိုစ်တင်ခြင်းများကိုတော့ nyimwaအကောင့်ဖြင့်သာ ဆက်လက် စာရေးပါတော့မည်။

ကျွန်တော်ထိုသို့ ပြုလုပ်ရခြင်းမှာ အကောင့်များစွာဖြင့် မိတ်ဆွေများ၏ တန်ဖိုးရှိသော ဘုတ်များကို မယူလိုခြင်းဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ကျွန်တော်သည် အကောင့်တစ်ခုထဲသာ ဤမြန်မာဟိုက်ကွန်မြူနတီတွင် စာရေးခြင်းပိုစ်တင်ခြင်းပြုပါမည်။ ထိုစာရေးသော အကောင့်သစ်လေးသည် အကိုဟင်ထံမှ ပါဝါချေးငှားပေးထား၍ စာရေးခြင်းအား အသက်ဆက်နိုင်နေပါသည်။ ကျွန်တော်၏ ကျေးဇူးရှင်များဖြစ်ကြသော မြန်မာဟိုက်အဖွဲ့သားများ၏ အားပေးနေမှုအား အထူးကျေးဇူးပါဟု ဤပိုစ်ဖြင့် ဉီးခိုက်လိုက်ပါသည်။

ယခု လောလောဆယ်တွင် အကောင့်နှစ်ခုဖြင့် လက်မလည်အောင် ဂိမ်းပိုစ်ရေးလိုက် ဆောင်းပါးတိုလေးများရေးလိုက်နှင့် ကျွန်တော့်ဖြစ်အင်မှာ စိန်ဗေဒါတစ်ပိုင်း ဖြစ်နေပါတော့သည်။

မြန်မာဟိုက်အဖွဲ့သားများသည်လည်း ဘလော့ချိန်းဂိမ်းအား စိတ်ဝင်စားသူများရှိပါက အစပိုင်းသာ မိမိအရင်းစိုက်ထုတ်ရသည် ကျန်သည်က ထိုဂိန်းမှပင် ပြန်၍ အကျိုးအမြတ် ရနိုင်ပါသည်။ လေ့လာမှုနှင့် အားစိုက်မှုကတော့ လိုအပ်ပါသည်။ ကျွန်တော်နာမည်မပြောပြနိုင်သော မြန်မာဘလော့ချိန်းဂိမ်းမာများသည် ဤဟိုက်ပလက်ဖောင်းတွင် ချမ်းသာနေကြပါသည်။

အဂ်လိပ်စာ အနည်းငယ်ရေးတတ်အောင်လေ့ကျင့်ပီးလျင် ဂိမ်းပိုစ်များ တစိုက်မတ်မတ်တင်နိုင်ပါက တစ်စုံတစ်ခုသော အကျိုးကျေးဇူး ခံစားရနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

ကျွန်တော်သည်ပင်လျင် ရှေ့ကဆရာများ၏ ပိုစ်များ၊ နည်းပညာများကို လိုက်လံ အတုယူ မှတ်သား၍ ထိုဆရာတို့ ဖောက်ထားသည့်လမ်းအတိုင်း လိုက်နေသည့် လူတစ်ယောက်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဆရာတစ်ဆူမဟုတ်သော်လည်း ကျွန်တော်သိသလောက်တော့ ပြန်လည်မျှဝေပေးပါမည်။

တစ်ချို့သော မြန်မာမိန်းကလေးများသည်ပင်လျင် ဟိုက်ဘလော့ချိန်းဂိမ်းများတွင် မြင်တွေ့နေရပါပီ။

ဤဟိုက်ပလက်ဖောင်းတွင် အလွယ်ဆုံးနှင့် အမြန်ဆုံး တိုကင်မြင်ရသော ဂိမ်းမှာ Rising Starဖြစ်သည်။

cover_image.jpg

risingstarpromo.gif

hive_line_2.gif

ဒုတိယ တစ်ခုကတော့

Splinterlandsဖြစ်သည်။

pngitem_1293118.png

splinterlands_gif.gif

Splinterlands ကတော့ သူနှင့်သက်ဆိုင်သော ကဒ်များအကြောင်း သိထားမှ ဂိမ်းတွင် စီးမြောနိုင်မည်ဖြစ်သည်။ ယခင်စတီးမစ်ခေတ်မှာကတည်းက ထိုဂိမ်းကိုဆော့လာသူတို့သည် ယခုဆိုလျင် တနေ့ အချိန်နည်းနည်းသာပေး၍ အကျိုးမြတ်ကြီးစွာရနေကြပါသည်။

နောက်ထပ် ဟိုက်ဘလော့ချိန်းတွင် ဂိမ်းများစွာရှိပါသေးသည်။ ကျွန်တော်သည်ပင်လျင် လေ့လာသူအဆင့်တွင် ရှိနေပါသေးသည်။ Wax ပလက်ဖောင်းနှင့် Hive ပလက်ဖောင်း ချိတ်ဆက်ထားသော ဂိမ်းများလည်းရှိပါသေးသည်။ အရင်းနှီးကြီး၍ လူတိုင်းမဆော့နိုင်သော ဂိမ်းများလည်းရှိပါသေးသည်။

ဂိမ်းတိုင်းလိုလိုသည် သူတို့နှင့်ဆိုင်သော ကွန်မြူနတီများရှိကြသည်။ ထိုကွန်မြူနတီများတွင် Giveaway အစီအစဉ်များလည်း ရှိကြသည်။ Giveawayအစီအစဉ်များတွင် ပါဝင်ကံစမ်းခြင်းအားဖြင့် ကံထူးခဲ့ပါလျှင် တဖက်တလမ်းက မိမိဂိမ်းပါဝါအား တိုးတက်စေသည်။

giveaway_winner.jpg
giveaway_2.jpg

hive_line_2.gif

မြန်မာဟိုက်ဗ်ကွန်မြူနတီ အဖွဲ့သားများ တိုးတက်အောင်မြင်ကြပါစေ။

@nyinyiwin

hive_line_2.gif

H2
H3
H4
3 columns
2 columns
1 column
34 Comments
Ecency