View full version

ကွီးရွှေနှင့် ထူးခြားပင်

မဂ်လာပါ မြန်မာဟိုက်အဖွဲ့သားများခင်ဗျား။

ဒီနေ့အတွက် ပိုစ်တင်ရန်အချိန်ကျလာသည်နှင့်အမျှ ယခင်နေ့က မိမိလုပ်ဆောင်ချက်များ လောဘကြီးသွားသဖြင့် အာစီနည်းနေသည့်အတွက် မြန်မာဟိုက်အဖွဲ့သားတို့တင်ထားသော ပိုစ်များကို ဖတ်ဘုတ်ပေးပီး ကွန်မန့်အနည်းငယ်သာ ပေးလိုက်နိုင်သည်။

ယခုလည်း မိမိပိုစ်တင်နိုင်သည့် အာစီလုံလောက်သေးသည့်အတွက် ပိုစ်တစ်ပုဒ်တင်ရန် စုဆောင်းထားသော မှတ်စုများမှ ထူးထူးခြားခြား မှတ်ထားသော မှတ်တမ်းလေးကို ပြန်လည်တင်ပြပါမည်။

ထူးထူးခြားခြားဆို၍ လျို့ဝှက်သည်းဖိုဇာတ်လမ်းမထင်လိုက်ကြပါနှင့် သို့သော် ထူးခြားသည်ကတော့အမှန်ဖြစ်ပါသည်။ ထိုအရာကတော့ ဘာမှန်းမသိသော ထူးခြားသည့် ဟန်ပန်အသွင်နှင့် အပင်ငယ်လေး သို့မဟုတ် မှိုပင်တစ်မျိုးဟုပြောရလေမည်။

အပင်၏အမြင့်မှာ လက်တစ်မိုက်ပင်မပြည့်ပါ။ ကျွန်တော်ထိုအပင်ငယ်လေးများကို စတင်တွေ့ရှိသည်က အိမ်ပါတ်ဝန်းကျင်အား အမှိုက်ရှင်းလင်းခြင်းပြုရာမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ အမှိုက်ရှင်းရာမှတွေ့သည်ဆိုသော်လည်း ထိုအပင်လေးများသည် အမှိုက်ပုံ၊အမှိုက်ရှုပ်သောနေရာတွင် ပေါက်ရောက်နေခြင်းမဟုတ်ပြန်ပါ။ ဝေ့လည်ကြောင်ပါတ်ရေးနေခြင်းဟုတော့ မထင်ကြပါနှင့် အမှန်တကယ်မှာ ထိုအပင်လေးများသည် ကျွန်တော်တို့ မိသားစုအိပ်ယာအခန်းလေးအပြင်ဘက်တွင် မြေသားပြောင်ပြောင်လေးဖြစ်နေသည့်နေရာမှ ထွက်ပြူပေါက်ရောက်နေကြ၍ဖြစ်သည်။

အစပိုင်းက မှိုပင်လေးများဟု အထင်ရောက်နေသော်လည်း သေချာဂရုစိုက်ကာ အနီးကပ်ကြည့်လေတော့မှ မှိုပင်နှင့်လည်းမတူ သစ်ခက်ပုံစံလေးများ၊ အကိုင်းအခက်ပုံစံလေးများကိုလည်း တွေ့ရပြန်သည်။ ထို့ကြောင့် ကျွန်တော်မှ ထူးသည်ဟုဆိုလိုခြင်းဖြစ်သည်။

ထိုထူးထူးခြားခြား မှိုလော၊ အပင်တစ်မျိုးလောခွဲခြားရခက်သည့်အပင်လေး၏ မှတ်တမ်းဓါတ်ပုံအား အမိအရရိုက်ယူထားကာ နေ့စွဲနှင့် မှတ်စုလေးရေးထားလိုက်သည်။ နောက်နှစ်တွင် ဤသို့ပုံစံတူအပင်လေးများ ထပ်မံပေါက်ရောက်လာပါက မှိုပင်ဟုပင် သတ်မှတ်ရတော့မည်။ မှိုတို့မည်သည် သူတို့ပေါက်နေကျနေရာအား နှစ်ပါတ်လည်ပြည့်လျှင် ထပ်မံပေါက်ရောက်ကြသည်ဟု မှတ်သားဖူး၍ဖြစ်သည်။

ထိုထူးခြားသည့်အပင်လေးများအား မိတ်ဆွေများ မြင်တွေ့ဖူးပါက မည်သည့်အမျိုးအစား အပင်မျိုးဖြစ်ကြောင်း ဗဟုသုတအလို့ငှာ ပြောပြပေးကြပါအုန်းခင်ဗျား။ ကျွန်တော်၏ပိုစ်ခေါင်းစဉ်အားလည်း အမည်နာမ သေချာမသိသော အပင်ကိုအစွဲပြုရေးသားရသည်ဖြစ်၍ ထိုထူးခြားသောအပင်လေးအား ယခုအခိုက်အတန့်တွင် "ထူးခြားပင်"ဟုအမည်တပ်လိုက်ပါကြောင်း။


တစ်ချိန်တွင် Power များစွာ ပိုင်ဆိုင်သော၊ Token များစွာ ပိုင်ဆိုင်သော မြန်မာဟိုက်ဗ် ကွန်မြူနတီ အဖွဲ့သားများ ဖြစ်နိုင်ကြပါစေကြောင်း အားပေးမေတ္တာပို့ရင်း - ကျွန်တော်၏ ပိုစ်အား ခေတ္တ ရပ်နားလိုက်ပါမည်။

@nyinyiwin
26.10.2021 : PM