View full version

ကွီးရွှေနှင့် စာရေးခက်ခက်ဂိန်းပိုစ်တက်

မဂ်လာပါ ဟိုက်အဖွဲ့သားများခင်ဗျား။
img_20180804_102247.jpg

ယခင်နေ့များက ဟိုက်ဗ်ဘလော့ချိန်းပေါ်တွင် ဟိုက်ဗ်ဂိန်းများအားကစားရင်း မိမိ၏ Hive Wallet ကလေး၏ တိုးတက်မှုရရှိရန် ကြိုးစားအားထုတ်နေခဲ့ပါတယ်။ ကျွန်တော်တို့၏ Hive-Myanmar Community ပေါ်မှာ စာများရေးသား၍ပိုစ်တင်ရန် ပျက်ကွက်ခဲ့ပါသည်။

စာရေးမည်ဟု အားထုတ်လိုက်တိုင်း ယခင်ကကဲ့သို့ သွက်သွက်လက်လက် ပိုစ်လေးများ ထွက်မလာပဲ ရေးရန်စာသားကင်းမဲ့ကာ တွေဝေနေခဲ့ရသည်သာ။ သို့ဖြစ်ပါ၍ ကျွန်တော်သည် Blockchain Gaming Communityတွင် ကျွန်တော်၏ Game နှင့်ပါတ်သက်သော ပိုစ်များအားတင်နေမိခဲ့သည်။

စာရေးရန် အချက်အလက်များရှိသော်လည်း နိုင်ငံရေးစာများရေးသားရန် စိတ်ညစ်ညူးနေမိပါသဖြင့် မရေးဖြစ်ခဲ့ပါ။ ရသစာပေများရေးရန်ကလည်း ရသကိုခံစား၍မရဖြစ်နေရကား အကြောင်းအရာ လွယ်လွယ်ကူကူရနေသော Game ပိုစ်များသာ ရေးတင်နေမိခြင်းဖြစ်သည်။

ယခုလ လဆန်းတစ်ရက်နေ့တွင် မိမိ၏ Hive Power အပ်မည်ဟု အစောပိုင်းက ရည်မှန်းထားခဲ့သည်။ သို့သော် ကျွန်တော်၏ Hive Gaming များတွင် အချို့သော Hiveတိုကင်များအား ရင်းနှီးမြှုပ်နှံခဲ့သဖြင့် ပါဝါအပ်ခြင်းအား မအပ်နိုင်ခဲ့ပေ။ နောက်လာမည့်လတွင်တော့ ပါဝါအပ်နိုင်အောင်နှင့် အပ်ဖြစ်အောင်အပ်မည်ဟုလည်း ရည်မှန်းချက်ချမှတ်ထားသည်။

ယနေ့တွင် ကျွန်တော်များ မြန်မာဟိုက်ဗ်ကွန်မြူနတီပေါ်တွင် တက်လာသောပိုစ်များအား ဖတ်ရှုနေရင်း ကိုဟင်၏ squad game token scam သွားသည့်အကြောင်း ဖတ်လိုက်ရသောအခါ မိမိတို့သည်လည်း မိမိတို့၏ ကြက်ဥများအား အခြားသောခြင်းတောင်းများတွင်ခွဲ၍ ထည့်ကာ ငွေဝင်လမ်းများ ခွဲထားသင့်သည်ကို သတိထားမိကြသင့်သည်။

မည်သို့ပင်ဆိုစေ ကျွန်တော်တို့အားလုံးသည် ဤဟိုက်ဗ်ဘလော့ချိန်းကြီးကို ပင်မထား၍ မိမိတို့ Walletလေးများ ဖွံ့ဖြိုးတိုးတက်ရေး တစိုက်မတ်မတ် အားထုတ်လာသည့်အလျောက် မိခင်ဟိုက်ဘလော့ချိန်းကြီး တိုးတက်ထွန်းကားလာပါစေလို့ပဲ ဆုတောင်းနေမိသည်။

ယနေ့တော့ ဤလောက်ဖြင့် ကျွန်တော်၏ Review ဆန်ဆန်ပိုစ်အား နိဂုံးချုပ်ပါမည်။ နောက်နေ့များတွင် ရသစာပေလေးများ ရေးသားနိုင်ရန် အမိမြန်မာပြည်ကြီး၏ ကျန်းမာရေးကောင်းနေမှဖြစ်မည်။

မြန်မာပြည်ကြီး အမြန်ငြိမ်းချမ်းပါစေ။

@nyinyiwin
3.11.2021