ရန်အောင်ချမ်းသာဘုရားကြီး

ဒီနေ့တော့ နေပြည်တော်၊ လယ်ဝေးမြို့နယ်မှာ ရှိတဲ့ ရန်အောင်ချမ်းသာဘုရားကြီးအကြောင်း တင်ပြချင်ပါတယ်။ ဘုရားကြီးဟာ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ သပြေပင်အုပ်စု၊ ရွာသစ်ကြီးကျေးရွာ၊ ရန်ကင်းတောရကျောင်းအနီး မှာတည်ရှိပါတယ်။ ဉာဏ်တော်အမြင့် (၁၃၅) ပေရှိတဲ့ ထိုင်တော်မူ ရုပ်ပွားတော်ကြီးတစ်ဆူဖြစ်ပါတယ်။

img_0.7513102244722365.jpg

ဘုရားကြီးကို တည်ထားကိုးကွယ်သူက စစ်တွေမြို့၊ ကမ္ဘာ့သာသနာပြုမဟာအဓိဌာန်ကျောင်းဆရာတော် ဘဒ္ဒန္တ ကုလရက္ခိတဖြစ်ပြီး တိုင်းရင်းသားများ စည်းလုံးညီညွတ်စေရန် ရည်ရွယ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ စတင်တည်ထားပြီး မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း တိုင်းရင်းသားများကို ကိုယ်စားပြုထားပါတယ်။

img_0.6948460830124091.jpg

အရှေ့အရပ်မှာ ရှမ်းတိုင်းရင်းသား ကိုယ်စားပြုတာဖြစ်တာကြောင့် မုခ်ဦးရှေ့မှာ ကျားရုပ်ထု ရှိပြီး အရံစေတီ(၂၂)ဆူ၊

img_0.2802216924952799.jpg

တောင်အရပ်မှာ ရခိုင်တိုင်းရင်းသားကိုယ်စားပြုဖြစ်ပြီး မုခ်ဦးရှေ့မှဘီလူးရုပ်ရှိပါတယ်။ အရံစေတီ (၂၃) ဆူပါ။

img_0.4057434831489635.jpg

အနောက်အရပ်မှာတော့ မွန်တိုင်းရင်းသားကိုယ်စားပြုမုခ်ဦးဖြစ်ပြီးမနုဿီဟရုပ်တုရှိပါတယ်။ အရံစေတီ (၂၂)ဆူပါ။

img_0.5677750219304577.jpg

မြောက်အရပ်ကတော့ ဗမာတိုင်းရင်းသားကိုယ်စားပြုဖြစ်ပြီး ခြင်္သေ့ရုပ်ထုရှိပါတယ်။ အရံစေတီ (၂၃) ဆူရှိပြီး အရံစေတီစုစုပေါင်း (၉၀) ဆူဖြစ်ပါတယ်။

img_0.867799753133676.jpg

ဘုရားကြီးရဲ့ထူးခြားချက်ကတော့ အရှေ့တောင်ထောင့် အရပ်မှာရှိတဲ့ နတ်ရုပ်ထုရဲ့ ခရုသင်းကနေရေစိမ့်ထွက်နေတာပါ။ ကျမကတော့ သတိမထားမိလို့ မှတ်တမ်းမတင်ခဲ့ရပါဘူး။ ဘုရားကြီးရဲ့မျက်နှာတော်မှာပျားစွဲနေတာကိုတော့ မှတ်တမ်းယူနိုင်ခဲ့ပါတယ်။ ဘုရားကြီးရဲ့ ပရဝုဏ်က (၃.၇၀) ဧကအကျယ်ရှိတာဖြစ်လို့ အခြားသာသနာ့အဆောက်အဦတွေလဲ ရှိပါသေးတယ်။ ဘုရားကြီးရဲ့ဗုဒ္ဓဘိသေကပွဲကို ဖေဖော်ဝါရီလမှာကျင်းပတယ်လို့သိရပါတယ်။

img_0.46195281751299866.jpg

img_0.749640192106187.jpg

ထူးခြားချက်တွေ အများကြီးနဲ့ ရန်အောင်ချမ်းသာဘုရားကြီးကို အခါအခွင့်သင့်လျှင် သွားရောက်ဖူးမြော်စေချင်ကြောင်းနှင့် ရှုမျှော်ခင်းတွေ အလွန်လှကြောင်း သတင်းကောင်းပေးလိုက်ရပါတယ်။

img_0.5423040809577742.jpg

@nweoomon
13-10-2021

H2
H3
H4
3 columns
2 columns
1 column
15 Comments
Ecency