ရိုက်ခဲ့သမျှ ကျူံးအလှ

ကိုဗစ်နဲ့ ကိုစစ်ကြောင့် ခုဆို ကျုံးဘေးကိုမရောက်ဖြစ်တာ တစ်နှစ်လောက်များရှိမလားမသိ။ ဟိုယခင်ကဆို အိမ်ကနေ နှစ်ပြလောက်လမ်းလျှောက်လိုက်လျှင်ပင် ကျုံးဘေးကို ရောက်နိုင်သည်။ အိမ်အပေါ်မှ လှမ်းကြည့်လျှင် ကျုံးပြသာဒ် ထိပ်ဖျားလေးတွေ တွေ့မြင်ရသည်။

ကိုဗစ်နဲ့ ကိုစစ်ကြောင့် ခုဆို ကျုံးဘေးကိုမရောက်ဖြစ်တာ တစ်နှစ်လောက်များရှိမလားမသိ။ ဟိုယခင်ကဆို အိမ်ကနေ နှစ်ပြလောက်လမ်းလျှောက်လိုက်လျှင်ပင် ကျုံးဘေးကို ရောက်နိုင်သည်။ အိမ်အပေါ်မှ လှမ်းကြည့်လျှင် ကျုံးပြသာဒ် ထိပ်ဖျားလေးတွေ တွေ့မြင်ရသည်။ မန္တလေးတောင်ကိုလည်း အလွယ်တကူတွေ့ရသည်။ ညအချိန်တွင် ရံဖန်ရံခါ ရှမ်းရိုးမမှ တောမီးများ ကိုလည်း ဟိုတစ်ကွက် ဒီတစ်ကွက်တွေ့မြင် ရသည်။

သံဝေဂယူတတ်မည်ဆိုလျှင် ဆေးရုံကြီး အအေးတိုက်မှ တောင်အင်းမြောက်အင်းသို့ သဂြိုလ်သော သုသာန်ပို့သည့်ကား များကိုလည်းမြင်တွေ့ရတတ်သည်။

ယခုတော့အခြေအနေမျိုးစုံကြောင့် မိမိနေအိမ်ကိုစွန့်ခွာ လာရသည်မှာ ရှစ်လကျော် ကိုးလနီးနီးသို့ပင်တိုင်ခဲ့ချေပြီ။ ညက အတွေးပေါင်းစုံဖြင့် အိပ်မပျော်၍ အိမ်အလွမ်းပြေ ပုံလေးတွေကြည့်ရင်း ရိုက်ခဲ့ဖူးတဲ့ ကျုံးရှုခင်းလေးတွေကို အမှန်တရ ပိုစ့်တင်လိုက်ရပါတယ်။

@nweoomon
14-9-2021