ပိုင်ပိုင့်ကလင်ဒါ လွဲတယ်ဗျာ

img_0.24907706586525213.jpg

မနေ့က ပိုစ့်မတင်ဖြစ်ပေ။ တစ်နေကုန်နီးပါးမီးပျက်နေတာရော၊ အမနေမကောင်းတာရယ်ကြောင့် ပိုစ့်မတင်ဖြစ်ခြင်း ဖြစ်သည်။ ယနေ့တော့ စောစောစီးစီးတင်မှဖြစ်မည်။ အမကနေမကောင်းဖြစ်နေတော့ စိတ်အားလို့လူမအား၊ လူအားလို့ စိတ်မအားပဲဖြစ်နေသည်။ ဒီကြားထဲ ဒေတာဈေးတွေကလည်း အဆမတန်တက်နေတာ တွေ့တော့ ပိုဒေါသထွက်ရပြန်သည်။

ဒီနေ့တော့ ကျမမြေးလေးပိုင်ပိုင့်အကြောင်း ရေးဖို့ စိတ်ကူးမိပါသည်။ မြေးလေးပိုင်ပိုင့်အမေက နောက်ထပ် ကိုယ်ဝန်နှင့်ဖြစ်သည်။ ထိုကိုယ်ဝန်က ပိုင်ပိုင့်ရဲ့ ညီလေးလား၊ ညီမလေးလားဆိုပြီး ကလေးကို အပျော်သဘော မေးကြည့်တော့ သူ့ရွာမှာမွေးထားသော နွားမ ပြာကလပ်စိန်ကိုကြည့်ပြီး အထီးလေးပြီးရင် အမလေးလာတတ်လို့ သူ့အမေရဲ့ဗိုက်ထဲက ကလေးလေးက မိန်းကလေးဖြစ်ပါသည်ဆိုပြီး ပြောတဲ့အတွက် "ဪ ကလင်ဒါကျပေါ့" ဆိုပြီး ကျမတောင် တစ်လောတုန်းက ပိုစ့်တင်ဖူးတာ မှတ်မိကြမယ် ထင်ပါတယ်။

တစ်နေ့ကတော့ တူမဖြစ်သူက မနက်စာ စားအပြီး ရုတ်တရက်ဗိုက် အောင့်သည်ဆိုပြီး ကျမကို ဆေးလူးခိုင်းသည်။ ဗိုက်ကိုလူးရသည်ဆိုတော့ ကိုယ်လဲ သူကျေနပ်ရုံဆေးကို ဖွဖွလေးလူးပေးလိုက်သည်။ ဗိုက်အောင့်၍ ခဏလောက်လှဲအုံးမယ်ဆိုပြီး နေ့လည်အထိ မသက်သာသဖြင့် ဆေးခန်းသွားပြဖို့ ပြောရသည်။

img_0.3975100065553892.jpg

နေ့လည်စားသောက်ပြီး ပြနေကျ OGဆရာမနှင့်ဖုန်းချိတ်ပြီးချိန်ကျ ညီမဖြစ်သူကို အဖော်ခေါ်ပြီး ဆေးခန်းသွားပြကြသည်။ ဆေးခန်းမှ ပြန်လာတော့ အကျိုးအကြောင်းမေးကြည့်သည့်အခါ ကလေးက မိခင်တင်ပါးခွက်ထဲထိုင်နေ၍ ဗိုက်အောင့်ရသည်ဆိုပြီး အဖြေရသည်။ ဗိုက်က (၆)လထဲရောက်နေပြီဆိုတော့ အာလ်ထရာဆောင်းပါ တခါတည်းရိုက်ခဲ့ကြသည်။

ယောင်္ကျားလေးတဲ့။ ကျမတို့က ထိုကိုယ်ဝန်အတွက် မိန်းကလေးဟု မျှော်လင့်ထားကြသည်။ ကိုယ်တွေကသာ မိန်းကလေးလိုချင်နေတာ ကလေးမိဘတွေကတော့ သူတို့ကလေး ဘာဖြစ်ဖြစ်ချစ်မှာပဲ။ ကျမ တူကတော့ ယောင်္ကျားလေးဖြစ်သည်ဟုပြောလိုက်တော့ ပျော်နေ သည်။

ကျမက တခြားအမတွေဆီဖုန်းဆက်ပြီး တူမလေးကို အာလ်ထရာ ဆောင်းရိုက်တာ ယောင်္ကျားလေးတဲ့ဆိုပြီး လှမ်းပြီးသတင်းပေးတော့ မျှော်လင့်မထားတဲ့ အဖြေဖြစ်တော့ အားမလိုအားမရ ဖြစ်နေ ကြသည်။ သူတို့တွေ စိတ်ပျက်တာလည်းမပြောနှင့်။ အမေတို့ မျိုးဆက်၊ ကျမတို့မျိုးဆက်နှင့် ကျမတို့အောက် မျိုးဆက်တွေမှာ မိန်းကလေးများသည်။ တူ၊ တူမတွေ မွေးသော စတုတ္ထမျိုးဆက် ရောက်တော့ မိန်းကလေးဆို၍ တစ်ဦးသာပါသည်။

အားလုံးက ယောင်္ကျားလေးချည်းဖြစ်သည်ဆိုတော့ မိန်းကလေး လိုချင်တာ မဆန်းပေ။ ဘာလေးပဲမွေးမွေး ကိုယ့်သွေးသားဆိုတော့ ချစ်ရမှာပဲလေ။ ခုလည်း ကလေးကမမွေးသေးလို့သာ ချေးများနေကြခြင်းဖြစ်သည်။ မွေးပြီးလို့ကတော့ မအေ့လက်ပေါ်မှာ နေချိန်ရှိ မှာ မဟုတ်မှန်းသိသည်။ ခုတောင် ဘေးအိမ်ကအမွှာနှစ်ကောင်ကို အချိန်အားတိုင်းသွားပြီးထိန်းနေသည်မဟုတ်ပါလား။

ကျမကတော့ မြေးလေးပိုင်ပိုင့်ကို စ,သည်။

“ပိုင်ပိုင် မင်းပြောတော့ ပြာကလပ်စိန်လိုမျိုး အထီးလေးပြီးရင် အမလေးလာမယ်ဆို၊ ခုကျ ယောင်္ကျားလေးတဲ့၊ မင်းပြောတာမှား တယ်နော်”

လို့ပြောတော့ သူမှားတာကိုဝန်မခံပေ။ ဖြေပုံကိုကြည့်

“သားသားပြောတာက အထီးလေးနှစ်ကောင်မွေးပြီးမှ အမလေး နှစ်ကောင်လာမှာလို့ပြောတာ”

တဲ့။
ကျမတို့တွေက

“ဪ…အဲ့ဒါဆို နင့်အမေကို ဒါပြီးလို့ နောက်တစ်ခေါက်ကျမှ မိန်းကလေးမွေးမှာပေါ့”
ဆိုတော့

“အင်း” တဲ့။

“ကောင်စုတ်လေး၊ မှားတာကို ဝန်မခံဘူး”
ဆိုပြီး ပြန်ပြောတော့

“သားသားပြောတာ မမှားဘူးလေ။ အန်တီနွယ်တို့ကမှ သေချာနား မထောင်တာတဲ့”

ကြည့်… ကိုယ့်ကိုတောင် အပြစ်ပြန်တင်သွားသေးတယ်။

တူမလေးမွေးမယ့်ရက်က မေလဆန်းလောက်မှဆိုတော့ အချိန်သိပ် မလိုတော့ပေ။ နောက်ဆို ကျမရဲ့ပိုစ့်တွေမှာ ဇာတ်ကောင်အသစ်တိုး လာတော့မည်။ ထိုအချိန်လောက်ဆို အရာအားလုံး မင်္ဂလာဖြစ်နေ ပါစေလို့ ဆုတောင်းမိပါသည်။

@nweoomon
27-1-2022

H2
H3
H4
3 columns
2 columns
1 column
12 Comments
Ecency