မလိခ အလွမ်းပြေ

ဒီကာလတွေမှာတော့ ကိုဗစ်၊ ကိုစစ်ညီနောင်နှစ်ဦးကြောင့် ခရီးအဝေး တွေ မသွားဖြစ်တော့ ရိုက်ထားတဲ့ပုံလေးတွေ ပြန်ကြည့်ပြီး စမြုံ့ပြန်ရ အုံးမှာပဲ။ ဖုန်းသုံးလုံး၊ လက်ပ်တော့ တစ်လုံးထဲမှာ ရိုက်ထားသမျှပုံ တွေအပြင် ရုံးရဲ့ကွန်ပျူတာ ထဲမှာလည်းသိမ်းထားတဲ့ပုံတွေ မနည်း မနော။ ရေးနိုင်လျှင် ရေးတတ်လျှင်တော့ ကုန်ကြမ်းကမရှားပေ။

img_0.11694378683279806.jpg
(မြစ်ကြီးနားသွားတုန်းကာဒူဘူတာမှာ အမှတ်တရ)

20160303_174310.jpg
(မြစ်ကြီးနားမြို့ လျောင်းတော်မူဘုရားမှာ)

20160303_175149.jpg
(မြစ်ကြီးနားမြို့ လျောင်းတော်မူဘုရားမှာ)

sc_1514708696466.jpg
(အင်းတော်ကြီး ကန်ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးဆိုင်းဘုတ်ရှေ့မှာ)

သို့ပေမယ့် ရေးချင်တာကလည်းများ၊ အိမ်အလုပ်ကလည်း တဖက်နဲ့ ဆိုတော့ ရေးမယ်ကြံတိုင်း မုဒ်ပျောက်သွားသည်က ခပ်များများရယ်။ ခုလည်း Google Photo ထဲသွားပြီး မွှေနှောက်ကြည့်တော့ ၂၀၁၆ ခုနှစ်တုန်းက မြစ်ဆုံအလည် သွားတုန်းကပုံတွေ မြင်ပြီး ထိုစဉ်က ပျော်ရွှင်ခဲ့ရသည်များ အမှတ်ရလာသည်။

20160302_103408.jpg
(အင်းတော်ကြီးဘုရားမှာ)

20160302_104735.jpg
(ဇင်ယော်လေးတွေ အစာကျွေးခဲ့သေးတယ်)

20160304_095958.jpg
(အပြိုင်အဆိုင်မှတ်တမ်းတင်ကြတာ)

ကျမခရီးဝေးသွားတိုင်း ရုံးက ကျမနှင့်စိတ်တူကိုယ်တူ အမများနှင့်သာ သွားတာများသည်။ ကျမတို့သွားတုန်းက မြစ်ကြီးနား ကို ရထားနှင့် သွားပြီး ဟိုပင်ဘူတာမှာဆင်းသည်။ ဟိုပင်လမ်းဗိုလ်လေးအိမ်မှနေ၍ အင်းတော်ကြီးရွှေမဉ္ဇူရေလယ်ဘုရားဖူးကြသည်။ ဟိုပင်မှ အင်းတော် ကြီးသို့သွားသည့် လမ်းသည် ရှုခင်းအရမ်းလှသည်။ အင်းတော်ကြီး ကန်ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးလုပ်ငန်းနယ်မြေရောက်တော့ ထိုနေရာမှတဆင့် အင်းတော်ကြီးကန်ကြီးကို ကြည့်ရသည်မှာ ကြည်နူးလွမ်းစရာကောင်းလှသည်။

sc_1514692613780.jpg
(ကချင်ဝတ်စုံလေးနဲ့ ဂိုက်ပေးကြမ်းခဲ့သေးတာ)

img_20160304_103322.jpg
(ကိုယ့်ကင်မရာမန်းနဲ့ကိုယ်ဆိုတော့လည်း)

ကျမတို့သွားသည်က မတ်လဆန်းတွင်ဖြစ်၍ ဘုရားပွဲကျင်းပချိန် နီးပြီ ဖြစ်သဖြင့်လျှောက်လမ်းပေါ်နေပါပြီ။ ဘုရားကန်တော့ပြီးရင်ပြင်တော် ပေါ်တစ်ပတ်လှည့်၍ ဖူးပြီး စက်လှေဖြင့် မုဆိုးမ ဘုရားသို့ သွားကြ သည်။ အပြန်တွင် ဟိုပင်နှီးဘုရားဝင်ဖူးကြသေးသည်။ ဟိုပင်မှာ တစ်ညအိပ်ပြီး မနက်ရောက်တော့ ရထားဖြင့် မြစ်ကြီးနားသို့ ချီတက် လာကြသည်။ သူငယ်ချင်းတစ်ဦးအိမ်မှာတည်းပြီး ညနေတွင် မြစ်ကြီးနားမြို့ရှိ လျောင်းတော်မူဘုရားကိုဖူးကြသည်။ မနက်အစော တွင် ကားဖြင့် မြစ်ဆုံသို့သွားကြသည်။ မြစ်ကြီးနားမီးရထားရုံးမှ လမ်းဗိုလ်လေး၊ လုပ်ငန်အုပ်တို့ကလည်း ကျမတို့နှင့် အတူအဖော် အဖြစ်လိုက်ပါလာ၍ လူပိုစည်သွားသည်။

img_20160304_111655.jpg
(ရိုက်လို့မောသွားတော့ ဝိုင်းဖွဲ့စားသောက်ကြတာ)

20160304_151404.jpg
(မေခနှင့် မလိခဆုံရာတောင်ကုန်းလေးပေါ်ကချပ်ကျောင်း)

မြစ်ဆုံရောက်တော့ ကျမတို့အဖွဲ့ဓာတ်ပုံတွေ သူ့ထက်ငါ အပြိုင်ရိုက် ကြပြီး မောလျှင် ပါလာသည့် စားသောက်စရာများ ဝိုင်းဖွဲ့၍စားရသည် မှာ ပျော်စရာကောင်းလှသည်။ ကျမက ကချင်ဝတ်စုံငှားပြီး ပို့စ်ပေး ကြမ်းခဲ့သေးသည်။ မြစ်ဆုံမှာစိတ်ကြိုက်ဓာတ်ပုံရိုက်ပြီး စက်လှေဖြင့် မေခနှင့် မလိခဆုံသည့် တောင်ကုန်းလေးပေါ်အလည်သွားကြ သေးသည်။

20171016_165309.jpg

20160304_164137.jpg

(ဗလမင်းထင်တံတားကြီးရှေ့မှာလည်း အမှတ်တရပေါ့)
အပြန်တွင် နယ်မြေမအေးချမ်း၍ ကရိန်နော်သို့ မဝင်ခဲ့ရ၍ စိတ်ထဲ မချင့်မရဲဖြစ်မိသည်။ နောက်တစ်ကြိမ်သွားဖို့ ကြိုးစားကြသော်လည်း အကြောင်းအမျိုးမျိုးကြောင့် မအောင်မြင်ခဲ့ပေ။ ဪ…စိတ်တူ ကိုယ်တူ လုပ်ဖော်ကိုင်ဖက်များ လွမ်းလှပါဘိ။ သို့ပေမယ့်လေ… တစ်ချိန်ချိန်တော့ ဧရာဝတီအစပြုသည့် ထိုနေရာကို နောက် တစ်ခေါက်များ သွားဖြစ်ခဲ့လျှင် ထိုအချိန်ကာလက ရရှိခဲ့သည့် ပျော်ရွှင် ခြင်းများ ထပ်မံရပါအုံးမလား သံသယစိတ်ဖြင့် မလိခအလွမ်းပြေ ပိုစ့်တစ်ခု ရေးလိုက်ရပါသည်။

@nweoomon
27-10-2021

H2
H3
H4
3 columns
2 columns
1 column
12 Comments
Ecency