ကစားကွင်းမှာ ပျော်စရာ

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလရဲ့ တနင်္ဂနွေတစ်ရက်မှာ အိမ်သန့်ရှင်းရေးလုပ်နေတုန်း တူဖြစ်သူက မိသားစုစုံလင်စွာနဲ့ အိမ်ကိုအလည်ရောက်လာပါတယ်။ အားလပ်ရက်ဖြစ်လို့အိမ်မှာ လည်း လူစုံနေပါတယ်။ ဒါကြောင့် တူလေးကို မြို့တော်ဉယျာဉ်လိုက်ပို့‌ပေးဖို့ အဆိုတင်သွင်းလိုက်တော့ အားလုံးကန့်ကွက်သူမရှိ ထောက်ခံမှုအပြည့်နဲ့ တူ၊ တူမ၊ မြေးတစ်သိုက်ခြံရံပြီး မြို့တော်ဉယျာဉ်ကို ကားလေးနဲ့ ချီတက်ခဲ့ကြပါတယ်။

img_0.5128825573698168.jpg

မြေးတွေက ငယ်သေးတော့ ရိုလာကိုစတာ စီးဖို့အဆင်မပြေပါဘူး။ ဒီတော့
ကျမနဲ့ လူကြီးတွေပဲ စီးကြတာပေါ့။ စီးနေစဉ် မှတ်တမ်းတင်ပေးဖို့ကိုလည်း တခြားတူမတွေကို သေချာမှာရသေးတယ်။

img_0.9764629932610778.jpg

ကလေးတွေက ရေလွှာမိချောင်းစီးချင်တယ်ဆိုလို့ ပေးစီးရပါသေးတယ်။
တဖြည့်ဖြည့်နဲ့မြင့်တက်လာပြီး အောက်ကိုတရှိန်ထိုးဆင်းသွားတဲ့အခါ
လှိုက်ကနဲဖြစ်သွားတဲ့ ခံစားချက်ကြောင့် စီးနေသူအားလုံး စိတ်လွတ်လက်လွတ် အော်လိုက်ကြပါတယ်။

အရှိန်နဲ့လွှင့်စင်လာတဲ့ ရေစက်တွေကြောင့် အဝတ်တွေစိုရွှဲသွားပေမယ့် နည်းနည်းလေးမှ မချမ်းပါဘူး။ တူမတသိုက်ကတော့ ခရစ္စမတ်နှင်းရုပ်တုတွေ၊ ချစ်စရာ အကောင်ရုပ်လေးတွေနဲ့ ဓာတ်ပုံရိုက်နေကြပါတယ်။

img_0.49728918256142896.jpg

3D ရုပ်ရှင်လည်း ကြည့်ကြသေးတယ်။ ဒိုင်နိုဆောကြီးတွေလိုက်လို့ ရထားနဲ့ပြေးရတဲ့ရုပ်ရှင်ပါ။ အသက်ဝင်လွန်းလို့ ကိုယ်ပါ လိုက်အော်မိတယ်။ ကလေးတွေကို ကစားကွင်းလိုက်ပို့ရင်း ကိုယ်ပါကလေးဖြစ်သွားသလိုပါပဲ။

img_0.9968717045336339.jpg

ကလေးတွေရော၊ တူ၊ တူမတွေပါပျော်ရွှင်နေတာကြည့်ရင်း ကျမလည်းပျော်မိ ပါတယ်။ ခုလို တူ၊ တူမတွေနဲ့ သွားလာရတာပျော်စရာကောင်းလို့ မကြာခနသွားဖြစ်ပေမယ့် ခုနောက်ပိုင်း ကိုဗစ်ကိုစစ်ကြောင့် မသွားရတာကြာပါပြီ။ ဒါပေမယ့် မဝေးတော့တဲ့အချိန်မှာ ‌က‌လေးများကို ကစားကွင်းကိုလိုက်ပို့နိုင်တော့မည်ဟု မျှော်လင့်ရင်း ပျော်ရွှင်‌နေမိပါတယ်။

img_0.1466073496870503.jpg

@nweoomon
16-10-2021

H2
H3
H4
3 columns
2 columns
1 column
13 Comments
Ecency