အိမ်ကိုလွမ်းတယ်

အိမ်နဲ့ခွဲခွာလာတာ တစ်နှစ်ကျော်ပြီ။

လူဆိုသည်ကား နေရာဟောင်းကို အလွန်အောင်းမေ့တတ်သည်။

နေရာသစ်မှာ အိမ်မှုကိစ္စတွေနှင့် လုံးပမ်းနေရသဖြင့် အတိတ်ကို မေ့နေ

သော်လည်း အချိန်အားသည်နှင့် အိမ်လေးကို လွမ်းမိသည်။

အထူးသဖြင့် နေရာသစ်တွင် စားသောက်မှု အဆင်မပြေတိုင်း

လိုချင်တာအစုံဝယ်၍ နီးသော အရင်အိမ်လေးကို လွမ်းမိပါသည်။

ကိုယ်မတတ်နိုင်သော ကိစ္စများအတွက် အခကြေးငွေပေး၍ အကူအညီ

တောင်းလို့ရနိုင်သော အရင်အိမ်လေးကို သတိရသည်။

အစစ အဆင်ပြေသော အရင်အိမ်လေးကို အောင်းမေ့သည်။

ဒီတခါ ပြန်ရောက်လျှင် အိမ်လေးကို အခုထက်ပို၍

မြတ်နိုးစွာ အလွမ်းဖြေနေထိုင်ရအုံးမည်.....။

img_0.3943605641420084

@nweoomon
25-6-2022

H2
H3
H4
3 columns
2 columns
1 column
4 Comments