ဘဏ် (အပိုင်း ၅)

img_0.2259791750344475.jpg

ငွေထုတ်ဖို့ ပထမဦးစွာ atm ကဒ်လေးတော့ ရရှိလာသည်။သို့နှင့် ပထမဦးစွာ ရပ်ကွက်ထဲရှိ atm တန်းစီရာနေရာ၌ တန်းစီကြည့်ရသည်။ပထမရက်မှာတော့ အချိန်နောက်ကျမှ ရောက်တော့ ငွေထုတ်ခွင့်မရခဲ့ပေ။နောက်နေ့မှာတော့ မနက်၇နာရီလောက်မှာ တန်းစီပြီး ၁၀နာရီ ခွဲ.. ၁၁နာရီလောက်မှာ ငွေထုတ်ခွင့်ရခဲ့လေသည်။ထို atm စီရာ နေရာလေးသည် စပေးတာ မကြာသေး၊လူသိပ်မသိသေး၍ မိမိတို့ သိပ်ခက်ခက်ခဲခဲမကြိုးစားရပဲ ရခဲ့လေသည်။နောက်ပိုင်းမှာတော့ ထိုနေရာလေးလည်း ပွဲစားတွေလာရှုပ်နေရာလု၊အနီးအနားက လူတွေက နံမည်တွေ စာရွက်မှာကြိုရေးစသဖြင့် ​ပြဿနာတွေ ရှုပ်လာလေသည်။

မိမိတို့မှာ atmစီခြင်းအပြင် kpay မှလည်း ငွေထုတ် appointment ရအောင်လည်း ကြိုးစားကြည့်ရသည်။kbz pay မှ appointment ရအောင်တင်ဖို့သည်ခက်ခဲသည်။သို့သော် လုံ့လဝီရိယနှင့် အပင်ပန်းခံကြိုးစားလျှင်တော့ ရနိုင်သည်။မိမိ facebookက bank group တွေမှာ နှစ်လ၊သုံးလကြာအောင်ကြိုးစားတာတောင် appointment တစ်ခါမှ မရဖူးဘူးဆိုသူများတွေ့လျှင် အံ့သြယူရသည်။ထိုသူများတွေ့လျှင် စိတ်မကောင်းလည်းဖြစ်မိသည်။မိမိ ထိုcomments များတွေ့လျှင် တတ်နိုင်သလောက်
" ဘယ်အချိန်ပေးတတ်တယ်ကြိုးစားနှိပ်၊ည၁၂ ချည်းပဲ မဟုတ် တစ်ခြားအချိန်လည်း ကြုံရာ ချပေးတတ်၍ k pay သို့ ဝင်ဝင် နှိပ်ကြည့်နေပါဟု" အကြံဥာဏ်ပေးရသည်။

K pay မှ appointment တခုကို လွယ်လွယ်နှင့်တော့ မရပေ။အချိန်ကုန်ခံ၊စိတ်ညစ်ခံ၊ခေါင်းရှုပ်ခံပြီး ခဏခဏတော့ နှိပ်ရပါသည်။ဘယ်အချိန်ကောက်ပေးမယ်မှန်း မသိသော appointment တစ်ခုအတွက် k pay ၅မိနစ်ခြား တစ်ခါလောက် နိပ်ရသည်မှာ ကြာလာတော့ စိတ်ညစ်လာသည်။ခေါင်းရှုပ်လာသည်။ညဘက်များဆို တစ်ခါတစ်ရံ အိပ်ပါငိုက်လာတတ်လေသည်။

သို့ပေမဲ့ facebook groupsတွေမှာ ဖတ်ရှူ့လေ့လာရင်း၊kpay appမှာကြိုးစားနှိပ်ရင်းနှင့် ငွေထုတ်ခွင့်ရတဲ့ appointment တစ်ခုတော့ ရရှိလာလေသည်။ထို appointmentကို လမ်းမတော်ဘဏ်မှာ ထုတ်ခွင့်ရခဲ့သည်။ငွေထုတ်သည့်ခရီးလေးတော့ တွင်လာခဲ့ပြီ။အခြား တစ်ပြားမှ မထုတ်နိုင်သေးသော သူများနှင့် ယှဥ်လျှင် အနည်းငယ်တော့ ရပြီဆိုပြီး ရင်ချောင်ခဲ့လေပြီ။

ဆက်ရန်

H2
H3
H4
3 columns
2 columns
1 column
10 Comments
Ecency