တိမ်တွေ နှင့် သဘာဝ အလှရှုစား

မိုးရာသီ ရောက်ပြီ ဆိုသောအခါ ကောင်းကင်မှာ တိမ်တွေ ရှိနေတတ်ပါတယ်။
တိမ်တွေဟာ ဖြူဖွေးနေသောအခါ ဝါဂွမ်းပုံကြီးတွေလိုပါပဲ။

ပြာသော ကောင်းကင်မှာ တိမ်ဖြူတွေ အထုအထည်လိုက် ရွေ့လျားနေတာ မြင်ရတော့ ကြည့်ရတာ သာယာလှပါဘိ။
တိမ်တွေက လှလို့ ကျွန်တော် ခဏခဏ ကြည့်ဖြစ်တာလား။
တိမ်တွေကို ဓာတ်ပုံရိုက်ချင်လို့ ကျွန်တော် တိမ်တွေ၏ အလှ ရှာမိတာလား။
နှစ်မျိုးစလုံးကြောင့်ပဲဟု ပြောချင်ပါသည်။

တိမ်ဖြူတွေဟာ ပေါ့ပါး လွင့်ဝဲနေရာမှ ညိုမဲလာလျှင် လေးလံလာကာ မိုးရေ အဖြစ် ရွာချတတ်ပါတယ်။
တိမ်မဲညိုတွေက အရောင်အသွေးအရ မလှဘူး ထင်ရပေမယ့် မိုးမျှော်သူတွေ အတွက်တော့ ချစ်စရာ ဖြစ်မှာပါပဲ။

ကဲ ကျွန်တော်ကတော့ တောစပ် အနား သွားရင်း တောသဘာဝရှုခင်းလေး ဖော်ပြပေးလိုက်ပါတယ်။

H2
H3
H4
3 columns
2 columns
1 column
17 Comments
Ecency