တိမ်များကို ကြည့်ငေးရင်း

လွန်ခဲ့သော နှစ်ရက်ကတော့ မိုး သည်းသည်းမည်းမည်း ရွာသွန်းခဲ့တယ်။
နောက်ရက်တွေတော့ နေက အတော်ပူပါတယ်။
ကောင်းကင်မှာ တိမ်တွေ ရှိနေပေမယ့် မိုးဖွဲလေး ခဏ ကျရုံသာ ရှိခဲ့ပါတယ်။
ဒီတော့ ရာသီဥတု က အိုက်ပြုတ်ကြီး ဖြစ်ပြီး နေရခက်လှပါတယ်။

ဒီနေ့တော့ ငှားနေတဲ့ သွပ်မိုး ဝါးထရံကာ အိမ်လေးကို ထန်းရွက်များဖြင့် မျက်နှာကြတ် မိုးခဲ့ပါတယ်။
သွပ်မိုးဆီက လာတဲ့ အပူရှိန်ကို တိုက်ရိုက် မရတော့ အပူသက်သာပါတယ်။
ဒါကတော့ သား နှင့် သမီး အိမ်ထဲမှာ နေသာအောင် လုပ်ဆောင်ရတာပါပဲ။

ကောင်းကင်မှာ တိမ်တွေ လွင့်ဝဲနေကြပါတယ်။
တိမ်ဖြူတွေရော တိမ်ညိုမဲတွေရော အနှံ့ပါပဲ။
အရှေ့အနောက် ဖောက်ထားတဲ့ ကတ္တရာလမ်းမ အပေါ် ဆိုင်ကယ် စီးရင်း ဘေးဘီကို ကြည့်မိတော့ မြောက်ဘက်ဆီမှာ မိုးတွေ ရွာချနေသလိုပါပဲ။

ကျွန်တော်တို့ နေတဲ့ ရွာမှာတော့ ခုညနေထိ မိုး မရွာသေးပါဘူး။
သွားရင်းလာရင်း ကောင်းကင်က တိမ်တွေ အလှကို မှတ်တမ်းဓာတ်ပုံ ရိုက်ယူခဲ့ပါတယ်။
တိမ်တွေနဲ့ ကောင်းကင် ဝဠာပြင်က လှပသလို ရှိပေမယ့် မိုးမရွာတော့ ပူနေပါတယ်လေ။

H2
H3
H4
3 columns
2 columns
1 column
14 Comments
Ecency