ပိတ်ချင်းမြောင် မှ ပြည်ချစ်

ပိတ်ချင်းမြောင် မဟာနန္ဒမူ လှိုဏ်ဂူ ထဲက ထွက်လာတော့ ‌ရေတံခွန် အပြန့်ထဲမှာ ရေချိုးခဲ့ကြတယ်။
အမှတ်တရဓာတ်ပုံလည်း ရိုက်ယူခဲ့ကြတာပေါ့။

ရေတံခွန် ရေပြင်ထဲမှာ ပန်းရောင် လှပနေသော အပင်တစ်ခု ရှိတယ်။
သဘာဝအပင်တော့ ဟုတ်ဟန်မတူပါ။
ရေပြင်ထဲမှာ ရေပန်း တပ်ဆင်ထားလို့ ပန်းထွက်နေတဲ့ ရေတွေဆီ ကြည့်ရှုခဲ့တယ်။
ပန်းပင်မျိုးစုံ စိုက်ပျိုးထားလို့ ပွင့်နေကြတာတွေ ကိုလည်း အမှတ်တရ ပုံရိုက်ယူခဲ့တယ်။

ပိတ်‌ချင်းမြောင် မှ ပြန်လာတော့ ညနေ စောင်းပါပြီ။
ရောက်တဲ့နေ့ ဘုရား မဝင်ဖြစ်ဘဲ ရှိမှာစိုးလို့ ပြည်ချစ်ဘုရား ထဲ ဝင်ရောက်ခဲ့တယ်။

ဘုရားပန်း ကပ်လှူပူဇော်ကန်တော့ခဲ့ကြပြီး မိသားစု ဘုရားဖူး အမှတ်တရ ဓာတ်ပုံတော့ မဖြစ်မနေရိုက်ယူခဲ့ကြတာပေါ့။
ဘုရားဖူးပြီးတာနဲ့ မြို့ထဲသို့ အပြန် လမ်းမှာ ညနေစာ ဝင်စားခဲ့ပြီး တည်းခိုခန်းမှာ အနားယူကြပါတော့တယ်။

H2
H3
H4
3 columns
2 columns
1 column
18 Comments
Ecency